စုံတွဲလေးတို့ မင်္ဂလာရက်မြတ် ဘယ်လိုရွေးချယ် သတ်မှတ်မလဲ

စုံတွဲလေးတို့ မင်္ဂလာရက်မြတ် ဘယ်လိုရွေးချယ် သတ်မှတ်မလဲ google

စုံတွဲလေးတို့ရေ မင်္ဂလာရက်မြတ်ဆိုတာ ချစ်သူနှစ်ဦးအတွက် တကယ့်ကို အရေးကြီးပြီး အမှတ်တရ အဖြစ်စေဆုံး နေ့ရက်တစ်ရက် ဖြစ်မှာပါ။

 

ဒီမင်္ဂလာ ရက်မြတ်ကစလို့ စုံတွဲလေးတို့ သေတပန်သက်တဆုံး အတူတကွ နေထိုင်ရှင်သန်ကြရမှာမဟုတ်လားနော်။ ဒီလိုအရေးကြီးတဲ့ မင်္ဂလာရက်မြတ်သတ်မှတ်ရွေးချယ်တာနဲ့ ပတ်သက်ပြီး ပြောပြမယ်နော်။ မင်္ဂလာရက်သတ်မှတ်တဲ့အခါမှာ ကိုယ်လိုချင်တဲ့ရက်နဲ့ ကြိုတင်စီစဉ်ဖို့ အဆင်ပြေတဲ့ရက်ဆိုပြီး နှစ်ပိုင်းရှိပါတယ်။

 

Anniversary ရက်ကိုပဲ ရွေးမလား၊ ဒါမှမဟုတ် နှစ်ယောက်စလုံး အမှတ်တရ ရှိခဲ့ဖူးတဲ့ ရက်တွေထဲက တစ်ရက်ကိုပဲ ရွေးမလား အရင်ဆုံး ဘယ်တော့လောက် မင်္ဂလာပွဲလေး ကျင်းပမလဲ။ ဒါမျိုးအရင်ဆုံး စိတ်ကူးနဲ့ တွေးပါ။

 

မင်္ဂလာရက်မြတ်အတွက် ဗေဒင်မေးတာကို တော်တော်များများ လုပ်လေ့ရှိပါတယ်။ မင်္ဂလာရက်မြတ်အတွက် ဗေဒင်မေးတဲ့အခါမှာ ဗေဒင်က ရွေးပေးတဲ့ ရက်ကိုပဲ ဆောင်မလား၊ ဒါမှမဟုတ် ကိုယ်သတ်မှတ်ထားတဲ့ ရက်မြတ်ကိုပဲ အဆင်ပြေမပြေ ဗေဒင်မေးမလား ရွေးချယ်ပါ။ အဲဒီလို ရွေးချယ်ပြီးမှ ဗေဒင်တွက်ပါ။

 

ကိုယ့်ရဲ့ မင်္ဂလာဆောင်ရက်ကို ရွေးတဲ့အခါမှာ လတစ်လရဲ့ ရက်ရာဇာတွေကို ဆွဲထုတ်ပါ။ အဲဒီ ရက်တွေထဲကမှ နှစ်ဖက်မိဘတွေနဲ့ တိုင်ပင်ပြီး အားလုံး အဆင်ပြေမယ့်ရက်ကို ရွေးပါ။

 

မင်္ဂလာရက်မြတ် ရွေးချယ်တဲ့အခါမှာ ကိုယ်လိုချင်တဲ့ ရက် ရဖို့ဆိုတာ လွယ်တော့ မလွယ်လှပါဘူး။ ကုန်ကျစရိတ်တွေ၊ ရာသီဥတုနဲ့ ကိုယ်ဆောင်ချင်တဲ့ ခန်းမမှာ နေရာရမရ ဒါတွေထည့်တွက်ပြီး စဉ်းစားရမှာပါ။ ကြိုတင်ပြင်ဆင်ချိန်ကိုလည်း ထည့်တွက်ရမှာပါ။

 

မင်္ဂလာဆောင် ရာသီမှာ ဆောင်မယ်ဆိုရင် စနေ၊ တနင်္ဂနွေလို ရက်တွေနဲ့ ကြားပိတ်ရက်တွေမှာ ခန်းမဈေးနှုန်းတွေ ပြောင်းနိုင်ပြီး ဝန်ဆောင်မှုတွေလည်း ဈေးကြီးနိုင်ပါတယ်။ မင်္ဂလာရက်မြတ်ရွေးတဲ့အခါ အရံအနေနဲ့ နောက်ထပ် ကိုယ်လိုချင်တဲ့ ရက်လေး သတ်မှတ်ထားပါ။ ဒါမှ ရက်မြတ်ရွေးတဲ့အခါ အဆင်ပြေနိုင်မှာပါ။

 

မင်္ဂလာရက်မြတ်ရွေးတဲ့အခါ နှစ်ဖက်မိဘတွေရဲ့ ဆန္ဒကိုလည်း ဦးစားပေးပြီး ရွေးပေးဖို့ မမေ့ပါနဲ့နော်။

 

Credit;Marry

Read times Last modified on Friday, 01 February 2019 10:51
Rate this item
(1 Vote)