စိတ်တူကိုယ်တူ သူငယ်ချင်းဆိုတာ

စိတ်တူကိုယ်တူ သူငယ်ချင်းဆိုတာ google.com

ဘဝမှာ သူငယ်ချင်းတွေမရှိရင်အတော်လေးကိုပျင်းရိငြီးငွေ့ဖွယ်ကောင်းနေမယ်ထင်ပါတယ်။

ကိုယ်နဲ့ အေးအတူပူအမျှရှိနေပေးမယ့်သူတွေဆိုရင်တော့ပိုကောင်းတာပေါ့။ ပြီးတော့ သင့်ဘဝမှာ ဒီလိုသူငယ်ချင်း type တွေလည်း ရှိနေသင့်ပါတယ်။

 

နှစ်ခါညှိစရာမလိုတဲ့ခရီးထွက်ဖော်

ခရီးတစ်ခုကိုသွားမယ်ဆိုရင် အမြဲတမ်းအသင့်ဖြစ်နေတဲ့ သူငယ်ချင်းတွေ သင့်ဘဝမှာရှိနေပြီလား။ သူငယ်ချင်းအုပ်စုလိုက်အားလုံးမဆုံရင်တောင် သင်နဲ့အတူ ဘယ်သွားသွားလိုက်ဖို့အသင့်ဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်လောက်ရှိရင်ကို ဘဝမှာပြည့်စုံလုနီးပါဖြစ်နေပါပြီ။

 

အမြဲတက်ကြွပျော်ရွှင်နေသူ

Party ဆိုတာနဲ့သွားဖို့အသင့်ဖြစ်နေသူ၊ ဘယ်နေရာသွားမယ်၊ ဒီနေရာသွားမယ်ဆိုပြီး အမြဲတက်ကြွလန်းဆန်းနေတဲ့အပြင် သူငယ်ချင်းတွေကိုပါ သူ့အပျော်တွေကူးစက်ပျော်ရွှင်စေမယ့်သူငယ်ချင်းမျိုးပေါ့။ အသက်တွေကြီးလာလို့ ပြန်တွေးကြည့်တဲ့အခါ သူဟာ သင့်ဘဝကိုအသက်ဝင်အောင်ဖန်တီးပေးခဲ့ပါလားဆိုပြီး တွေးမိတိုင်းကြည်နူးမိနေမှာအမှန်ပါပဲ။

 

ထိုးထွင်းကြံဆဥာဏ်ရှိတဲ့သူငယ်ချင်းမျိုး

ဘယ်နေရာမှာ ဈေးဝယ်လို့ကောင်းတယ်။ ဘယ်နေရာမျိုးမှာဈေးတွေချထားတယ်။ ဘယ်မှာဘာရှိတယ်ဆိုတာကိုသိပြီး အမြဲအကြံဥာဏ်ပေးတတ်တဲ့ သူငယ်ချင်းမျိုး၊ သင်ဘာလိုလို သူ့ဆီကအကြံဥာဏ်တောင်းလို့ရတဲ့ သူငယ်ချင်းမျိုးလည်း ဘဝမှာလိုအပ်ပါတယ်။

 

ပြောရဲဆိုရဲလုပ်ရဲကိုင်ရဲတဲ့သူငယ်ချင်းမျိုး

ယုံကြည်ချက်ရှိရှိနဲ့ရှေ့က ဦးဆောင်ပြောဆိုနိုင်တဲ့သူငယ်ချင်းမျိုး၊ မကြောက်မရွံ့နဲ့ ဘာမဆိုရင်ဆိုင်ဖို့အသင့်ရှိတဲ့သူငယ်ချင်းမျိုးဟာ သင့်အနားမှာအမြဲတမ်းရှိနေမယ့်သူမျိုးပါ။ ကိုယ့်သူငယ်ချင်းကိုထိခိုက်လာမယ်ဆိုရင် ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးတတ်တဲ့သူငယ်ချင်းမျိုးရှိမယ်ဆိုရင် ဘဝဟာပျော်စရာကြီးဖြစ်နေမှာပါ။

 

လူကြီးတစ်ယောက်လိုသူငယ်ချင်းမျိုး

ရွယ်တူတွေဖြစ်တယ်ဆိုပေမယ့်လည်းသူကတော့ အကြီးတစ်ယောက်လိုလိုက်ဆုံးမနေတတ်တယ်။ သူကိုယ်တိုင်အတွက်သာမက သူငယ်ချင်းတွေကိုလည်းဂရုစိုက်ဖို့မမေ့ဘူး။ ဥပမာ ခရီးတိုလေးတစ်ခုသွားမယ်ဆိုရင်တောင် သူက အဆာပြေမုန့်တွေ၊ ရေတွေ၊ ဆေးတွေ စသဖြင့်လိုအပ်တာတွေကို အရင်ဆုံးပြင်ဆင်ထည့်မယ့်သူမျိုးပေါ့။ အေးတဲ့အခါ အနွေးထည်လေးယူသွားဖို့ သူပြောမယ်။ တစ်ခုခုဖြစ်ပြီဆို သူအရင်ဆုံးပြေးလာမယ်။ အဲ့ဒီလို ဂရုစိုက် ကြင်နာတတ်တဲ့သူငယ်ချင်းမျိုးလည်း သင့်ဘဝမှာလိုအပ်ပါတယ်။

 

ဒီလိုသူငယ်ချင်းတွေပိုင်ဆိုင်ထားရင်တော့သင်က တကယ့်ကို ကံကောင်းတဲ့သူပါပဲ။

 

Credit : Trend

Myanmar Wedding Guide

Read times Last modified on Friday, 29 March 2019 16:57
Rate this item
(3 votes)