ငယ်သူငယ်ချင်းကိုဘာကြောင့်လက်ထပ်သင့်လဲအပိုင်း (၂)

ငယ်သူငယ်ချင်းကိုဘာကြောင့်လက်ထပ်သင့်လဲအပိုင်း (၂) google

အပိုင်း (၂)လေးကိုဖော်ပြပေးလိုက်ပါတယ်

 

 

 

တစ်ဦးနှင့်တစ်ဦး တူညီတဲ့အကျင့်ရှိခြင်း

 

ငယ်ငယ်ကတည်းကသူငယ်ချင်းဖြစ်ခဲ့ပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက် အပေါင်းအသင်း ၀င်ဆန့်ဖို့ဆိုတာ တစ်ယောက်ရဲ့ အကျင့်စာရိတ္တကို ရေရှည်သည်းခံနိုင်ဖို့ လိုအပ်ပါတယ်။

 

ဒီလိုဘ၀ကို ရောက်ခဲ့သူများကတော့ သာမန် သူငယ်ချင်းဘ၀မှာကတည်းက သူတို့အချင်းချင်း သဘောတူ လက်ခံနိုင်တဲ့ တူညီတဲ့ အကျင့်တွေကို ပျော်ရွှင်စွာလက်ခံပြီးမှ အချစ်ဆုံး သူငယ်ချင်းဘ၀ကို ရောက်လာခဲ့ကြရတာ ဖြစ်ပါတယ်။

 

 

အရာရာကို မျှဝေခံစားမှုရှိခြင်း

 

ငယ်သူငယ်ချင်းဖြစ်တဲ့အတွက်ကြောင့် တစ်ဦးတစ်ယောက်၏ ကောင်းခြင်း၊ ဆိုးခြင်း၊ ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်းတို့ကိုလည်း အတူတကွ ခံစားနိုင်ကြပါတယ်။

 

နောက်ပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်အ၀ ရပြီးသားဖြစ်လို့ အထူးညှိနှိုင်းနေစရာလည်း မလိုတော့ပါဘူး။

 

 

 

လွတ်လွတ်လပ်လပ်နေခွင့်ရှိခြင်း

 

ငယ်သူငယ်ချင်းဖြစ်တာနှင့်အညီ တစ်ယောက်၏အပြုအမူ၊ အကျင့်စရိုက်တွေကို နှစ်ဦးစလုံးက လက်ခံကြတဲ့အတွက် စိတ်လွတ်ကိုယ်လွတ်နှင့် စိတ်ကြိုက်နေထိုင်နိုင်ပါတယ်။

 

သင့်ပတ်ဝန်းကျင်သာမက သင့်ကို မည်သူကမျှ ဖိအားပေးနေမှာ မဟုတ်ပါဘူး။

 

 

 

Myanmar Wedding Guide 

Read times
Rate this item
(0 votes)
Tagged under