ကိုယ်ချစ်တဲ့ ချစ်သူကိုတွေ့နေပြီ်ဆိုတဲ့အချက်များ

ကိုယ်ချစ်တဲ့ ချစ်သူကိုတွေ့နေပြီ်ဆိုတဲ့အချက်များ

လူရယ်လို့ဖြစ်လာရင် သဘာဝတရားကိုမလွန်ဆန်ရဲကြပါဘူး။ အရွယ်ရောက်လာပြီဆိုရင်တော့

ကိုယ်နဲ့လိုက်ဖက်မည့်ချစ်သူကို ရှာကြတာ ဓမ္မတာပါပဲ။

 

ကိုယ်ချစ်တဲ့သူကို ရှာတွေ့ဖို့မလွယ်သလို ချစ်သူတွေ့ပြီဆိုရင်လည်း ထပ်တူကျဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူး။ ချစ်သူနှစ်ဦးဟာ ချစ်တာထက် နားလည်မှုရှိမှ ရေရှည် လက်တွဲသွားနိုင်မှာဖြစ်ပါတယ်။

 

ချစ်သူနှစ်ဦး ရေရှည်တည်မြဲပြီး နှစ်ဦးစလုံးအတွက် ကောင်းမွန်တဲ့ ချစ်သူကို ရှာတွေ့နေပြီဆိုတဲ့ အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

 

စတွေ့တွေ့ချင်း စွဲလန်းခြင်း

 

ကိုယ်နဲ့သူက အရင်ကတစ်ခါမှမတွေ့ဖူးဘဲနဲ့ အခုမှ သူငယ်ချင်းတစ်ယောက်ကမိတ်ဆက်ပေးလို့ ပထမဆုံး စတွေ့တဲ့အချိန်မှာတင် သူ့ရဲ့အပြုအမူတွေက သင့်အတွက် ထူးခြားနေမယ်ဆိုရင် သင်ချစ်သူကို ရှာတွေ့နေပြီလို့ မှတ်လိုက်ပါ။

 

သူ့ရဲ့အပြုအမူကို သင့်စိတ်ထဲစွဲလန်းနေမယ်ဆိုရင်တော့ သင်သူ့ကို မချစ်မိသေးရင်တောင်မှ စိတ်ထဲမှာ မှတ်မိနေပြီး သံယောဇဉ်ကြောင့် ချစ်မိသွားနိုင်ပါတယ်။

 

သံယောဇဉ်ပိုရှိလာခြင်း

 

သူနဲ့ကိုယ်နဲ့နောက်ပိုင်း တွေ့ပါများလာလေ ပိုပြီးတွေ့ချင်လာလေဖြစ်လိမ့်မယ်။ ပြီးတော့ ခဏခဏ တွေ့ချင်လာမယ်၊ နောက်တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ် ပိုပြီး တွေ့ချင် မြင်ချင်လာတယ်ဆိုရင် သင့်ရဲ့အချစ်တွေ တဖြည်းဖြည်း ပိုပြီး သူ့အပေါ်မှာ ခိုင်မာလာပြီဆိုရင်တော့ သင် ချစ်သူကိုရှာတွေ့နေပြီလို့ ယူဆနိုင်ပါတယ်။

 

နှစ်ဦးအတူ ပျော်ရွှင်ခြင်း

 

သင်တို့နှစ်ဦးရဲ့ အချစ်ရေးမှာ ပျော်ရွှင်စရာတွေနဲ့ ပြည့်နေရင် ချစ်သူတစ်ယောက်ကို ရှာတွေ့ထားရုံသာမက မှန်ကန်တဲ့ သူတစ်ယောက်နဲ့ သင်ဆုံတွေ့ရနေပြီလို့ မှတ်ယူနိုင်ပါတယ်။

 

တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိခြင်းသည် ချစ်သူနှစ်ဦး ဆက်ဆံရေးမှာ တကယ်ကို လိုအပ်တဲ့ အရာဖြစ်ပါတယ်။

 

တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လေးစားမှုရှိမှ တစ်ယောက်ဆန္ဒကို တစ်ယောက်က ဖြည့်ဆည်း လိုက်လျောပေးမှ အချစ်ရေးဟာ ခိုင်မြဲမှာဖြစ်ပါတယ်။

 

အရာရာ ပြောင်းလဲသွားခြင်း

 

သင် ချစ်သူကောင်းတစ်ယောက်ရထားပြီဆိုရင် သင့် မိတ်ဆွေ သူငယ်ချင်းတွေနဲ့ သင့်ကို ဝေးကွာစေမှာ မဟုတ်ပါဘူး။

 

ဒါပေမယ့် သင့်နှလုံးသားကို သူပိုင်ဆိုင်သွားပြီး သင့်အရင်က ဦးစားပေးခဲ့တဲ့ အရာတွေမှန်သမျှကတော့ ယခုအချိန်တွင် သင့်ချစ်သူပဲ ဖြစ်လာတော့မှာပါ။

 

အကြိုက်ချင်းတူခြင်း

 

နှစ်ယောက်သား အကြိုက်ချင်းတူတာများတယ်။ စိတ်ချင်းနီးစပ်တယ်ဆိုတာ သိပ်ကိုကောင်းပါတယ်။ အတူတာလေးတွေကိုတော့ ညှိယူလို့ရပါတယ်။ မတူတာထက် တူတာများနေတာဟာ သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ပိုပြီး ခိုင်မြဲစေမှာပါ။

Read times Last modified on Wednesday, 19 September 2018 16:36
Rate this item
(5 votes)