ဒီလိုအချစ်ခံရတဲ့မိန်းကလေးတွေဖြစ်ချင်ကြမှာပါ

ဒီလိုအချစ်ခံရတဲ့မိန်းကလေးတွေဖြစ်ချင်ကြမှာပါ google.com

ချစ်သူစုံတွဲတိုင်းတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်ကြတဲ့ပုံစံချင်း၊ ဂရုစိုက်ပေးတတ်ကြတဲ့ပုံစံချင်းတူချင်မှတူမှာပါ။

အချို့ကကိုယ်ပေးတဲ့အချစ်ကို ဖော်ပြတတ်သလို အချို့ကျတော့လည်း အရမ်းချစ်ပေမယ့် ထုတ်ဖော်မပြတတ်ကြပါဘူး။ ကိုယ့်ချစ်သူကောင်လေးက ကိုယ့်ကိုဒီလိုအပြုအမူတွေလုပ်ပေးနေပြီဆိုရင် သင်ဟာအရမ်းကံကောင်းတဲ့မိန်းကလေးဖြစ်နေပါပြီ။

 

-       သင့်အတွက် အိမ်တံခါး၊ ကားတံခါးတွေကို ကြိုပြီးဖွင့်ပေးတယ်။

-       သင်ကြိုက်တတ်တဲ့အရာလေးတွေကို ၀ယ်လာပေးတတ်တယ်။

-       အရေးကြီးကိစ္စရှိနေလို့ချက်ချင်းဖုန်းမပြောနိုင်သေးရင်တောင် ပြီးတာနဲ့ဖုန်းပြန်ဆက်တယ်။

-       သင့်မကောင်းကြောင်းတွေကို သူ့သူငယ်ချင်းတွေကိုမပြောပြဘူး။

-       သင့်အကြိုက်ကို ပြောစရာမလိုဘဲသိနေတယ်။

-       သင့်ကို ချစ်စနိုးခေါ်တဲ့နာမည်လေးတွေရှိတယ်။

-       သင်စိတ်ညစ်နေရင် ရယ်စရာတွေပြောပြီး ပျော်ပါးစေတယ်။

-       သင်ခံစားနေရရင် နှစ်သိမ့်ပေးတယ်။

-       သင့်ဆီက ဘာကိုမှမမျှော်လင့်ထားဘဲ အဖြူသက်သက်နဲ့ချစ်တယ်။

-       သင့်ရဲ့တစ်နေ့တာပြုလုပ်ခဲ့သမျှကို မေးပြီး ရင်ဖွင့်စေတယ်။

-       သူ့မှာပြဿနာတစ်ခုခုရှိနေရင် သင့်ကိုမကွယ်မ၀ှက်တမ်းပြောပြတယ်။

-       သင်သူ့ကိုလိုအပ်နေတဲ့အချိန်တွေဆို သင့်အနားမှာရှိနေပေးတယ်။

-       သင့်ကို စိတ်ချမ်းသာစေချင်တဲ့အတွက် အမြဲပျော်အောင်ထားတယ်။

-       သင်တို့နှစ်ယောက် စိတ်အခန့်မသင့်လို့ ရန်ဖြစ်ကြရင် သူ့ဘက်ကအရင်စတောင်းပန်တယ်။

-       သင့်ဘ၀နဲ့သက်ဆိုင်တဲ့အရာရာတိုင်းက သူ့အတွက်အရေးကြီးတယ်။ သင့်မိဘ သူ့အပေါ်မှာအကောင်းမြင်အောင်လည်းနေတယ်။

-       သူဒါတွေလုပ်ပေးနေတာဟာ သင့်ကိုချစ်လို့၊ သင်နဲ့ပတ်သက်တဲ့အရာတိုင်းကိုချစ်လို့ ပဲဖြစ်တယ်။

 

Source – Aunty May

 

Read More: နဖူးလေးကိုကြင်ကြင်နာနာနမ်းတဲ့အခါ
Forehead Kiss What Does It Mean When a Guy Kisses Your Forehead 600x400

Read times Last modified on Wednesday, 19 September 2018 10:48
Rate this item
(2 votes)