အချစ်စစ်ကို ရှာနေတဲ့သူလား

အချစ်စစ်ကို ရှာနေတဲ့သူလား google

တကယ်အချစ်စစ်ကို တွေ့ပြီလားလို့ မေးရရင်တော့ ဖြေစရာအဖြေ ခက်သွားမယ်ထင်ပါတယ်။

 

ရှင်သန်နေရတဲ့ ဘဝတစ်ခုမှာ တကယ်စစ်မှန်တဲ့ အချစ်မျိုးနဲ့ အချစ်ခံဖူးချင်၊ ချစ်ဖူးချင်ကြတာပါပဲ။ အချစ်စစ်ဆိုတာ ဘယ်လိုမျိုးများလဲ ဆိုတာ သိကြရဲ့လား။ သေချာတာ တစ်ခုကတော့ လူတိုင်းက အချစ်စစ်ဆိုတာကို လိုချင်ကြသလို ရှင်သန်နေရတဲ့ ဘဝတစ်ခုမှာ တကယ်စစ်မှန်တဲ့ အချစ်မျိုးနဲ့ အချစ်ခံဖူးချင်၊ ချစ်ဖူးချင်ကြတာပါပဲ။ အဲ့ဒိအတွက်လည်း အချစ်စစ်ဆိုတာကို တွေ့ဖို့ရှာဖွေနေမိကြမှာပါ။ တကယ်ရော အချစ်စစ်ကို တွေ့ပြီလားလို့ မေးရရင်တော့ ဖြေစရာအဖြေ ခက်သွားမယ်ထင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ လူတိုင်းက ကိုယ်ပိုင်ဆိုင်ထားရတဲ့၊ ကိုယ်ကြုံတွေ့နေရတဲ့ အချစ်ကို အချစ်စစ် ဟုတ်မဟုတ် မခွဲခြားနိုင်ကြလို့ပါ။

 

ခက်ခဲသလို၊ အတိအကျ အဖြေထုတ်ဖို့လည်း မဖြစ်နိုင်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ အချစ်ဆိုတာ စိတ်ခံစားမှုနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်လို့ပါ။ နောက်တစ်ခုကတော့ အချစ်စစ်ဆိုတဲ့အရာနဲ့ ပတ်သက်တဲ့ အတွေးမှားတစ်ခု လူတော်တော်များများမှာ ရှိနေခြင်းပါပဲ။ လူတိုင်းက အချစ်စစ်ဆိုတဲ့အရာကို ပစ္စည်းတစ်ခုလို ကိုယ်ရှာဖွေရင် ရှာဖွေသလို တွေ့ရှိနိုင်မယ့် အရာလို့ ထင်နေကြပါတယ်။ တကယ်တော့ အချစ်စစ် ဆိုတဲ့အရာဟာ ရှာဖွေရမှာမဟုတ်ဘဲ တည်ဆောက်ရမယ့် အရာဖြစ်တာကို သိစေချင်ပါတယ်။

 

အချစ်စစ်ဘယ်မှာ ရှိသလဲလို့ လိုက်ရှာနေရမှာ မဟုတ်ဘဲ အချစ်စစ်တစ်ခုကို ကိုယ်တိုင်တည်ဆောက်ရမှာပါလို့ ပြောချင်ပါတယ်။ အချစ်စစ်တစ်ခု တည်ဆောက်နိုင်ဖို့ ဆိုတာ ချစ်သူနှစ်ဦးလုံးက တစ်ဦးအပေါ် တစ်ဦးနားလည်မှု၊ ကိုယ်ချင်းစာတရားနဲ့ အချင်းချင်း ရိုင်းပင်းကူညီမှုတွေ လိုအပ်ပါတယ်။ တောင့်တင်းခိုင်မာတဲ့ အချစ်တစ်ခုဖြစ်ဖို့ ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းပေးမှုတွေရော စိတ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းပေးမှုတွေကပါ အရေးပါလှပါတယ်။ နောက်ထပ်အရေးကြီးတာ တစ်ခုက အချစ်စစ် တည်ဆောက်ဖို့အတွက် လူရွေးမှန်ဖို့ လိုပါတယ်။ ဖုန်းဆိုးမြေမှာ ပန်းမာန်တွေ မစိမ်းလန်းနိုင်သလို ကိုယ်နဲ့ လက်တွဲဖို့ မဖြစ်နိုင်တဲ့ လူတစ်ယောက်နဲ့လည်း အချစ်စစ်ကို တည်ဆောက်ဖို့ မဖြစ်နိုင်ဘူးဆိုတာကိုတော့ သတိရပါပေးပါ။

 

 

Credit;Marry

Read times Last modified on Wednesday, 19 December 2018 13:46
Rate this item
(1 Vote)