စက်တင်ဘာလထဲမှာ သီးသန့်မင်္ဂလာပွဲ ကျင်းပတော့မယ့် K Drama ရဲ့ နာမည်ကြီးမင်းသားဖြစ်တဲ့ Sung Joon

စက်တင်ဘာလထဲမှာ သီးသန့်မင်္ဂလာပွဲ ကျင်းပတော့မယ့် K Drama ရဲ့ နာမည်ကြီးမင်းသားဖြစ်တဲ့ Sung Joon Google

K Drama ရဲ့ နာမည်ကြီးမင်းသားဖြစ်တဲ့ Sung Joon ဟာ စက်တင်ဘာလမှာသူ့ရဲ့ချစ်သူနဲ့ မင်္ဂလာဆောင်ဖို့ စီစဉ်ထားတယ်လို့ သူ့ရဲ့အေဂျင်စီ O & Entertainment မှ သြဂုတ်လ ၁၂ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

 

O & Entertainment မှ သတင်းထုတ်ပြန်ချက်အရ Sung Joon ရဲ့ ချစ်သူမိန်းကလေးဟာ အနုပညာလောကထဲကမဟုတ်ဘဲ အပြင်သာမန်မိန်းကလေးတစ်ယောက်သာ ဖြစ်တယ်လို့ သိရပါတယ်။ မင်္ဂလာပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး Sung Joon ရဲ့ မိသားစုနဲ့ အရင်းနှီးဆုံးမိတ်ဆွေများ၊ သူငယ်ချင်းများ နဲ့သာ ကျင်းပသွားမယ်လို့ သူ့ရဲ့ အေဂျင်စီက ပြောကြားခဲ့ပါတယ်။

 

From Google

 

Sung Joon ဟာ ပြီးခဲ့တဲ့လတုန်းက စစ်မှုထမ်းတာဝန်ပြီးဆုံးခဲ့တာဖြစ်ပြီး စစ်မှုထမ်းတာဝန်ပြီးဆုံးတယ် ဆိုတဲ့သတင်းနဲ့အတူ သူ့မှာ ဇနီးနဲ့ ရင်သွေးလေးရှိနေပြီဖြစ်ကြောင်းကို အသိပေးကြေညာခဲ့တာကြောင့် သူ့ရဲ့ Fan ခင်ဗျာ အကြီးအကျယ်အံ့ဩခဲ့ကြပါတယ်။ “ ကျွန်တော်တို့ မင်္ဂလာဆောင်မကျင်းပနိုင်ခဲ့ကြပေမယ့် စစ်မှုထမ်းဖို့ တာဝန်မကျခင် ၂၀၁၈ခုနှစ်ထဲက ကျွန်တော့ ဇနီးအတွက် လက်ထပ်ကြောင်း မှတ်ပုံတင်ပေးခဲ့တယ်" လို့ Sung Jooh က သူ့ရဲ့ လူမှုရေးစာမျက်နှာမှာ လက်ရေးစာတစ်စောင် တင်ခဲ့ပါတယ်။

 

လက်ထပ်ပွဲသတင်းကို ထုတ်ပြန်ပေးထားပေမယ့် အနုပညာလှုပ်ရှားမှုနဲ့ပတ်သတ်ပြီးလို့တော့ မည်သည့်သတင်းကိုမျှကြေညာပေးထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း အိမ်ထောင်ရှင် တစ်ဦးသားဖြစ်ပါကြောင်း မိမိမိသားစုကို ရဲရဲဝံ့ဝံ့ တင်ပြရဲတဲ့ သတ္တိကတော့ချီးကျူးစရာပါပဲနော်။

 

Ref: Wionews

Read times Last modified on Monday, 17 August 2020 13:42
Rate this item
(0 votes)