2018 နှစ်သစ်မှာ မင်္ဂလာဆောင်ကြမည့် မင်္ဂလာမောင်နှံများအတွက် အထူးသတင်းကောင်း

2018 နှစ်သစ်မှာ မင်္ဂလာဆောင်ကြမည့် မင်္ဂလာမောင်နှံများအတွက် အထူးသတင်းကောင်း

KS Collection & Time Pattern Photography Wedding Planner နှင့် INYA LAKE HOTEL

တို့ပူးပေါင်းတင်ဆက်မည့် The Wedding Fair 2018 ကို INYA LAKE HOTEL (Pools Side Lawn) မြက်ခင်းပြင်တွင် 24.1.2018 နှင့် 25.1.2018 ညနေ (၅း၀၀)နာရီမှ (၉း၀၀)နာရီအထိ (၂)ရက်တည်းသာ ကျင်းပပြုလုပ်မှာဖြစ်လို့ မင်္ဂလာမောင်နှံများ သွားရောက်လေ့လာသင့်ပါတယ်။


Wedding Fair မှာ 2018 ခုနစ်အတွက် မင်္ဂလာဝတ်စုံ ထိုင်မသိမ်း၊ အနောက်တိုင်း ၀တ်စုံ ဒီဇိုင်းအသစ်များ Wedding Show အစီအစဉ်၊ Wedding Package များ၊ မင်္ဂလာစားဖွယ်စုံ၊ မင်္ဂလာအခမ်းအနားအလှဆင် Floral Decoration များကိုလဲ ခင်းကျင်းပြသထားမှာဖြစ်ပြီး၊ 2018 ခုနစ်အတွက် Time Pattern Photography မှ Pre Wedding Idea များနှင့် မင်္ဂလာဆောင်နှင့် ပက်သက်သော ၀န်ဆောင်မှုများအားလုံးကို တစ်နေရာတည်းတွင် ပြီးပြည့်စုံစွာ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

Wedding Fair သို့ သွားရောက် လေ့လာပြီး မင်္ဂလာအပ်နှံကြသော မင်္ဂလာမောင်နှံများအတွက် KS Collection & Time Pattern Photography Wedding Planner မှ အထူး Discount များရရှိနိုင်မည့်အပြင် Discount Card များ Lucky Draw များနှင့်အတူ အထူးအခွင့်ရေးအဖြစ် Inya Lake Hotel ၏ Sunday Brunch 2 persons Gift Voucher, Honeymooner Set-up နှင့် မင်္ဂလာဦးဝိုင် ပါဝင်မည့် Deluxe Room တွင် တစ်ညတာတည်းခိုနိုင်မည့် လက်ဆောင်များကိုလည်း စီစဉ်ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ဝင်ကြေးကလည်း အခမဲ့ ဖြစ်လို့ မည်သူမဆို သွားရောက် လေ့လာစုံစမ်းနိုင်ပါကြောင်း အထူးသတင်းကောင်း ပါးအပ်လိုက်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:45
Rate this item
(2 votes)