ကောင်လေးတွေ သဝန်တိုရင် ပြုလုပ်တတ်တဲ့အချက်များ

ကောင်လေးတွေ သဝန်တိုရင် ပြုလုပ်တတ်တဲ့အချက်များ

ကောင်လေးတွေ သဝန်တိုလာရင် မိန်းကလေးတွေလို ပွင့်ပွင့်လင်းလင်း ထုတ်မပြောပြတတ်တာကြောင့် ဘာဖြစ်မှန်း မသိဘူးဖြစ်နေတတ်ပါတယ်။


ဒီအခြေအနေကို မိန်းကလေးဘက်က နားမလည်ရင်တော့ ပြဿနာဟာ တအုံ့နွေးနွေး ဖြစ်နေတတ်ပါတယ်။


သင့်ချစ်သူကောင်လေး ဒီအရာလေးတွေကို ပြုလုပ်နေပြီဆိုရင်တော့ သူ သင့်ကို သဝန်တိုနေတယ်ဆိုတာ သေချာနေပါတယ်။


ဂရုမစိုက်ခြင်း

 

စကားပြောနေရင်းနဲ့ ရုတ်တရက် ဂရုမစိုက်သလို လုပ်တတ်ပါတယ်။ အထူးသဖြင့် သင်ပြောတဲ့ စကားထဲမှာ ယောက်ျားလေးအကြောင်းပါလာရင် သူ့ဘက်က ဂရုမစိုက်သလိုပုံစံမျိုးနဲ့ ဘာမှကို မပြောတော့ပါဘူး။


အဆက်အသွယ်ဖြတ်ခြင်း


သဝန်တိုတယ်ဆိုတာ ကိုယ့်မှာရှိတာ တစ်ခုခုကို ဆုံးရှုံးနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုနဲ့ ကြုံရတာ ဖြစ်ပါတယ်။


ဒီပြဿနာကို ကိုင်တွယ်ဖို့ဆိုရင်ခြိမ်းခြောက်ခံရတဲ့ အရာရဲ့ အဝေးမှာ နေတာဖြစ်ပါတယ်။ သူတို့သဝန်တိုမှုဖြစ်စေတဲ့ လူတွေ၊ ပတ်ဝန်းကျင်တွေဆီ သင့်ကို ခေါ်မသွားတော့ပါဘူး။


ဂရုစိုက်ခြင်း


ဂရုစိုက်ခံရတာကို မိန်းကလေးတိုင်းနှစ်သက်ပါတယ်။ ဒါပေမယ့် ဘယ်သွားလဲ၊ ဘာလုပ်လဲ၊ ဘယ်သူနဲ့ရှိနေလဲ ဆိုတာတွေကို အရင်ကထက် ပိုဂရုစိုက်လာပါတယ်။


အပြစ်တင်ခြင်း


သဝန်တိုတဲ့အခါ သင့်ကို အပြစ်တင်တာတွေလုပ်လာတတ်ပါတယ်။


ဘာမဟုတ်တဲ့အကြောင်းလေးတွေနဲ့ သင့်ကို အပြစ်တင်ပါတယ်။ အပြစ်တင်ရမယ့်ကိစ္စဆိုရင်လည်း လိုတာထက်ပိုပြီး ပြောဆိုတာတွေလုပ်ပါတယ်။


သိရခက်တဲ့အချက်ပြခြင်း


ယောကျာ်းတစ်ယောက်သဝန်တိုမှု ဖြစ်ပေါ်လာတာဟာ သူ့ကိုယ်သူ လေးစားမှု လျော့ကျလာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

သူ့ထက် တစ်ခုခု သာတယ်လို့ ထင်တဲ့လူနဲ့ သင် အတူရှိတာကို မကြိုက်တာမျိုးပါ။


ဒီလိုခံစားနေရတာကို သူတို့ဘက်က ပွင့်ပွင့်လင်းလင်း ထုတ်မပြတတ်တာကြောင့် ဘာဖြစ်မှန်း မသိဘူးဖြစ်နေတတ်ပါတယ်။


ဒီခံစားချက်ကို သင့်ဘက်က နားမလည်ရင်တော့ သင်တို့ပြဿနာဟာ တအုံ့နွေးနွေး ဖြစ်နေတတ်ပါတယ်။


ထေ့ငေါ့မှုရှိခြင်း


သူ့ဘက်က ထေ့တာငေါ့တာတွေ လုပ်ပါမယ်။ သင့်ဘက်က ဒေါသထွက်ပြီး ပြောဆိုတဲ့အခါမှာလည်း ပြန်မပြောဘဲငြိမ်ခံနေတတ်ပါတယ်။


ဒီလိုအခြေအနေက သင်တို့နှစ်ယောက်ဆက်ဆံရေးမှာ သူ့အတွက် အာမခံချက် မရှိဘူးလို့ ခံစားရတဲ့အချိန်မှာ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)
Tagged under