ကမ်းခြေမှာ မင်္ဂလာပွဲ ကျင်းပရန် အတွက် အကောင်းဆုံးအချိန်

ကမ်းခြေမှာ မင်္ဂလာပွဲ ကျင်းပရန် အတွက် အကောင်းဆုံးအချိန် google

 ကမ်းခြေမှာ မင်္ဂလာဆောင်မယ့်  မင်္ဂလာမောင်နှံလေးတွေအတွက် ဘယ်လို အချိန်မှာ မင်္ဂလာပွဲကျင်းပသင့် တဲ့ အကြောင်းကိုဖော်ပြေးလိုက်ပါတယ်။

ကမ်းခြေမှာ မင်္ဂလာပွဲပြုလုပ်မယ်ဆိုရင် အားလပ်ရက်တွေကို မရွေးချယ်ပဲ ကြားရက်လေးတွေကိုရွေးချယ်ပေးဖို့ အကြံပေးချင်ပါတယ်။ အဆိုပါနေ့ တွေဟာ အကောင်းဆုံးနေ့ တွေလို့  အများအပြားက ယူဆကြလို့ ပါ။ ဘယ်လို မင်္ဂလာအချိန်လေးတွေကအသင့် တော်ဆုံး လဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

 

 

နံနက်ခင်းမင်္ဂလာအခမ်းအနားကို  မနက်၈နာရီ မှ ၁၀နာရီခွဲ အထိလုပ်ပေးပါ။ မနက်အစောပိုင်း မင်္ဂလာဆောင်ခြင်းဟာ ဓလေ့ ထုံးစံအရ ရိုးရာ အတိုင်းဖြစ်ပေမယ့် မင်္ဂလာဆောင်အတွက် အကောင်းဆုံးသောအချိန်ပါ။ မနက်ပိုင်းကမ်းခြေမှာ မင်္ဂလာဆောင်တဲ့ အချိန်ဆိုရင် လူအသွားအလာများပေမယ့်  အလုပ်အနည်းဆုံးအချိန်လေးပါ။ ရာသီဥတုကလဲ အဆင်ပြေတော့  ပွဲလာဧည့် ပရိတ်သတ်အတွက်လည်း  ပိုပြီး အဆင်ပြေစေပါတယ်။

 

နေ့လည်အခမ်းအနားကို မနက်၁၁နာရီ မှ ၃နာရီအထိ ပြုလုပ်ပေးပါ။ အခမ်းအနားနဲ့  မိတ်ကပ်ပြင်ဆင်ဖို့  အတွက်လိုအပ်တာတွေကို ပိုပြီး အချိန်ပေးနိုင်ပါတယ်။ နေ့ လည်အခမ်းအနားြ ပီးရင်တော့  ညစာ ဧည့်ခင်းကျွေးမွေးဖို့  အတွက် စိတ်ကြည်လင်အောင်တော့  အခန်းတစ်ခန်းတော့  ကြိုတင်စီစဉ်ထားသင့် ပါတယ်။

 

Read More>>>> ကမ်းခြေမင်္ဂလာပွဲလေးပြုလုပ်ခြင်းဖြင့်ရရှိမဲ့အကျိုးကျေးဇူး(၄)ချက်

 

 

နေဝင်ချိန်အခမ်းအနားကို ညနေ၅နာရီ မှ ၆နာ၇ီခွဲ အချိန်ဆိုရင် နေဝင်ချိန် အလင်းရောင်ဖျော့ ဖျော့ လေးတွေကြားမှာ မင်္ဂလာဆောင်ရတာဟာ အရမ်းတင့် တယ်ခမ်းနားနေမှာအသေချာပါပဲ။ ဓာတ်ပုံရိုက်တဲ့  အချိန်မှာဆိုလည်း မီးအလင်းအမှောင်အတွက် အထောက်အကူဖြစ်စေပါတယ်။ 

 

 

Author :   NLP

 

Myanmar Wedding Guide

Read times
Rate this item
(1 Vote)