တနင်္ဂနွေ သားသမီးများအတွက် သက္ကရာဇ် 2020 ခုနှစ် ဧပြီလ 17 ရက်နေ့ မှ 2021 ခုနှစ် ဧပြီလ 17 ရက် အတွင်း (မြန်မာသက္ကရာဇ် (၁၃၈၂) ခုနှစ်) (၁) နှစ်စာ ဗေဒင် ဟောစာတမ်း
တနင်္ဂနွေ သားသမီးများအတွက် သက္ကရာဇ် 2020 ခုနှစ် ဧပြီလ 17 ရက်နေ့ မှ 2021 ခုနှစ် ဧပြီလ 17 ရက် အတွင်း (မြန်မာသက္ကရာဇ် (၁၃၈၂) ခုနှစ်) (၁) နှစ်စာ   ဗေဒင် ဟောစာတမ်း google
တနင်္ဂနွေ သားသမီး မိတ်ဆွေ များ ဒီနှစ်ထဲမှာ ပညာရေးအထူးကောင်းမွန်မည်။ပညာထူးများလည်းရတတ်ပါတယ်လေ။
နိုင်ငံရပ်ခြား ပညာတော်သင် သွားလာရခြင်း၊အသိပညာ၊အတတ်ပညာများကိုသင်ယူရမည်။
မိတ်ဆွေ အပေါင်းကြောင့်လည်း အဆင်ပြေအောင်မြင်မယ်။ကွဲကွာနေသော မိတ်ဆွေများနဲ့လည်း ပြန်လည်ပြီး ဆုံဆည်းရပါမယ်။
ဆရာကောင်းသမားကောင်းများ အဆက်အသွယ် အကူအညီတွေလည်းရပါမယ်။
မိခင်၊အမျိုးသမီများအကူအညီကြောင့်လည်း အဆင်ပြေအောင်မြင်လာပါမည်။
အမွေများရခြင်း မြေခြံဝင်ခြင်း၊တိုက်ခန်းများ ဝင်လာခြင်း၊အလုပ်နေရာ အိမ်နေရာများနှင့်ပတ်သက်၍လည်း စကားပြောရမည်။
6ဆွေမျိုးအသိုင်းအဝိုင်းများကြောင့် စိတ်ညစ်စရာ စိတ်ပင်ပန်းစရာများတော့ဖြစ်တတ်တယ်။ငွေကြေး အိမ်နေရာထိုင်ခင်းများကြောင့် ဆွေမျိုးများနဲ့. စကားများ ပြဿနာ၊အမှု
လည်း ဖြစ်တတ်ပါတယ်။
ကျေးဇူးရှင်မိဘများအပေါ်လည်း ကျေးဇူး ပြန်ဆပ်နိုင်သောနှစ်ဖြစ်ပါတယ်။
အလုပ်မှာပြဿနာဖြစ်ခြင်းအောက်လက်ငယ်သားများကြောင့် ဒုက္ခပေးတတ်ပါတယ်။အလုပ်မှာ ရန်လိုသူများ
ပေါ်ပေါက်မယ်မိမိချောက်တွန်းခံရတာများသော နှစ်ပါ။အသိသတိနှင့်ပြောဆိုပေါင်းသင်းဆက်ဆံပါလေ။
ဝန်ထမ်းများကတော့ ရာထူးတိုးခြင်း၊အလုပ်နေရာပြောင်းရွှေရခြင်း ဖြစ်တတ်ပါတယ်။အလုပ်ပြောင်းပါက
လည်း ဒီထက် အဆင်ပြေ ကံကောင်းလာပါမည်။အဖိုးတန် ရတနာအမျိုးမျိုးလည်းဝင်လာမည်။
စက်ပစ္စည်းများ လည်း ထူးထူးခြား ဝင်လာလိမ့်မည်။ဝင်ငွေကောင်းပေမယ့် ကုန်ကျမူက ပိုမိုများပြားတတ်ပါတယ်။
ငွေမစုဆောင်းပါနဲ့။အလုပ်မှာ ရင်းနှီး မြုပ်နှံခြင်း ခြံမြေများဝယ်ထားပေးပါ။ပိုမိုအကျိုးထူးခံစားရပါလိမ့်မယ်။
အများသူငါလာအပ်သောမည်သည့်ပစ္စည်း ဖြစ်ပါစေ။လက်မခံမိပါစေနဲ့။ဒုက္ခတေ့ွရတတ်ပါတယ်။
နိုင်ငံရပ်ခြားနှင့်ပတ်သက်ပြီး အဆက်အသွယ်အကူအညီကောင်းတွေရမယ်။နိုင်ငံရပ်ခြား နှင့် ပတ်သက်ပြီး လုပ်ကိုင်နေသူများ အကျိုးများစွာရပါမယ်။
နိုင်ငံရပ်ခြား သွားလာဖို့လုပ်ထားသူများ အဆင်ပြေပါမယ်အမြန်ဆုံးသွား လာရပြီး အလုပ်ကောင်း နေရာကောင်းများရပါလိမ့်မည်။
ငွေကြေးသူတစ်ပါးချေးမိရင်တော့ ဆုံးရူံးမည် မှတ်ပေတော့။လုံးဝပြန်မရနိုင်ပါလေ။အလုပ်အကိုင်သစ်များ လုပ်ကိုင်ရင် တိုင်ပင်ပြီး လုပ်ဆောင်ပါလေ။
မိမိသဘောနဲ့လုပ်ကိုင်မိရင်တော့ ဆုံးရူံးတတ်ပြီးအကြွေးများပါတင်တတ်ပါတယ်။
အိမ်ထောင်ဘက်ကြောင့် စိတ်ပင်ပန်း စိတ်ဒုက္ခရောက်ခြင်းများလည်း ကြုံတွေ့ရပါမယ်။အိမ်တွင်းရေး အိမ်ထောင်ရေး သောကများနေတတ်ပါတယ်။
အိမ်ထောင်ဘက်၏စွပ်စွဲခြင်း အထင်မှားခြင်းများကြောင့် အလုပ်အကိုင် များဆုံးရုံးပျက်စီးတတ်ပါတယ်။အိမ်ထောင်ရေး တော့အထူးဂရုစိုက်ပါလေ။
(အနည်းငယ် ညံ့တတ်ပါတယ်) မိမိအိမ်ထောင်ဘက် အိမ်ကနေ ဆင်းသွားခြင်း လမ်းခွဲခြင်းများ သတိထားပါ။
ကားမောင်း သွားလာသူများ ယာဉ်အန္တရာယ် သတိထားပါ။ကားအတွက်လည်း ငွေကြေးများ ကုန်တတ်ပါတယ်။
ကားများ ရောင်းချရခြင်း ပေါင်နှံ ရခြင်းများလည်း ကြုံတွေ့ရတတ်ပါတယ်။ကားနဲ့ပတ်သက်တဲ့စာရွက်စာတမ်းများလည်း ပျောက်တတ်ပါတယ်။
အရေးကြီးစာချုပ်စာတမ်းများ သေချာသိမ်းဆည်းထားပါ။
အရေးကြီး စာချုပ်စာတန်းများလက်မှတ်ထိုးရင် သတိရှိပါလေ။အမှားတွေ့ရတတ်ပါတယ်။
ကုန်သည် ပွဲစား လုပ်ကိုင်သူများကတော့ ကံကောင်းတဲ့နှစ်လို့ဆိုရပါမယ်။အရမ်းအကျိုးထူးများ ရရှိခံစားရပါမယ်။ကံ ဉာဏ် ဝီရိယ စိုက်ပြီး လုပ်ဆောင်ပါလေ။
ကံတရားကမိမိဘက်က ရှိနေသော နှစ်ဖြစ်တာကြောင့် အဆမတန်တိုးတတ်ပြောင်းလဲသွားမယ့်နှစ်ဖြစ်ပါတယ်။
ကုန်များသိုလှောင်ထားပါကလည်း အကျိုးအမြတ်များစွာ ပိုင်ဆိုင်ရပါမယ်လေ။ငယ်ရွယ်သူများ စေ့စပ်ခြင်း လက်ထပ်ခြင်း မင်္ဂလာပြုရပါမယ်။
အိမ်ထောင်လည်းကျမယ်ပေါ့လက်ထပ်ရက်တော့ ရွေ့ရတာမျိုးဖြစ်တတ်ပါတယ်။
မိမိတို့ ချစ်သူနှစ်ဦး အဆင်ပြေသော်လည်း နှစ်ဖတ်ဆွေမျိုးများကြောင့် ပြဿနာတတ်ခြင်း၊လမ်းခွဲရခြင်း၊မင်္ဂလာပွဲပျက်ခြင်းတော့ ဖြစ်တတ်ပါတယ်။
အနုပညာရှင်များ ကံကောင်းသောနှစ်ဖြစ်ပါတယ်။မိမိလုပ်ချင်တာတွေ ဖြစ်ချင်တာတွေ ဖြစ်လာတော့မယ်
ဆရာသမား မိတ်ဆွေ အပေါင်းအသင်းကြောင့်လည်း အဆင်ပြေပါတယ်။နာမည်ဂုဏ်သတင်း လည်းကျော်ကြားလာမယ်။
အများချစ်ခင်အားပေးမူများလည်းရပါမယ်။ မိမိလုပ်ချင်တာ ဖြစ်ချင်တာတွေ အာရုံစိုက်ပြီး လုပ်ဆောင်ပါ။အချိန်မဖြုန်းမိပါစေနဲ့။
အနှစ်နှစ်အလလ ကြိုးစားခဲ့တာတွေက အခုမိတ်ဆွေကို ပြန်ပြီး အကျိုးပြုနေပါပြီ (မပေါ့ဆပါနဲ့) ရန်အနှောက်အယှက် တော့များနေလိမ့်မယ်။
(အရေးကြီးကံများတော့ထိန်းသိမ်းပါလေ) စိတ်အလိုလိုက်မိရင်တော့ အမှုဖြစ်ခြင်း ငွေကုန်ခြင်း ဂုဏ်သိက္ခာကျဆင်းခြင်း ဒုက္ခ ရောက်တတ်ပါသည်။
ဆွေမျိုးသားခြင်းထဲမှာလည်း ကျန်မားရေးညံ့ခြင်း နာရေးလည်းဖြစ်တတ်ပါတယ်။
သူတစ်ပါးက စုန်းအတတ် မကောင်းသော အတတ်များဖြင့်ပြုစားခံရတတ်ပါတယ်။
ကျန်းမာရေး
သွေးတိုး ဆီးချို (အမျိုးသမီးသွေးသား) (သားအိမ်)
မွေးနေ့ တိုင်းမှာ သက်သက်လွတ် စားပါလေ။ပုတီးစိပ်ခြင်း၊တရားထိုင်ခြင်း ဘုရားရင်ပြင်သန့်ရှင်းရေး
များပြုလုပ်ပေးပါ။ပိုမိုကံကောင်းခြင်းများရရှိစေရန်နဲ့ အညံ့များ ပျောက်စေရန် ယတြာ များတော့ ပြုလုပ်ပါ။
မြန်မာ-နှစ်ဆန်းတစ်ရက်နေ့ (17-4-2020) သောကြာ
နေ့ မှာတော့ အထူး ယတြာ ပြုလုပ်ပါ။
တနှစ်လုံး ကံမြင့် ကံပွင့် လာဘ်ရွှင် ငွေရစေရန် အကြံအစည်အောင်စေရန် ဘုန်းကံမြင့်စေရန် ပြုလုပ်ပါ။
တန်ခိုးကြီး ဘုရား တစ်ဆူ၏ မိမိမွေးနံထောင့် မှာ
ကန်တော့ပွဲအစုံ - ၃ ပွဲ
အုန်းညွှန့် ၁၆ ညွှန့်
မေမြို့ပန်း ၁၉ ပွင့်
အောင်သပြေ ၂၁ ညွှန့်
ကံ့ကော်ညွှန့် ၁၅ ညွှန့်
အမွှေးတိုင် ၁၆ တိုင်
အလင်းတိုင် ၁၆ တိုင်
လှူဒါန်းပူဇော်ပြီး မိမိအလိုရှိရာကို အလေးအနက်အာရုံပြုပြီး ဆုတောင်းပါ။
အောက်ဖော်ပြပါယတြာကိုတော့ တစ်လတစ်ကြိမ်ပြုလုပ်ပေးပါ။
မိမိမွေးနံထောင့်မှာ ကန်တော့ပွဲနဲ့ ထီးအကြီး အဖြူရောင်(7) လက် စံပါယ်ပန်း (37) ကုံး အောင်သပြေ (21) ညွှန့်လှူပြီး အလေးအနက် ဆုတောင်းပါလေ။
မိမိမွေးနေ့တိုင်းမှာ ဘုရား ရင်ဘက်တော်ကို ရွှေသင်္ကန်း နဲ့ ရေလှူပြီး ကံကောင်းလာဘ်ရွှင်စေရန် ဆုတောင်းပါလေ။
တနင်္လာနေ့ ညနေဘက်မှာ ကြက်သားနဲ့ထမင်း လမ်းရှိခွေးများကို အစာကျွေးပေးပါလေ။(ငါ့ဒဏ်နင်ခံဆိုပြီး ကျွေးပါလေ။)
ဆရာ လင်းမြတ်ဘုန်းအောင်
Air Ticketing/Airlines လေယာဉ်လက်မှတ်အရောင်းဌာန ၈၉၀ ကိုရှာရန်နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်...
လည်း ဖြစ်တတ်ပါတယ်။