ဟင်းချက်တတ်တဲ့အမျိုးသားတွေကို ဘဝလက်တွဲဖော်အဖြစ်ဘာကြောင့်ပိုရွေးသင့်တာလဲ

ဟင်းချက်တတ်တဲ့အမျိုးသားတွေကို ဘဝလက်တွဲဖော်အဖြစ်ဘာကြောင့်ပိုရွေးသင့်တာလဲ google.com

၂၁ရာစုမှာ ထမင်းဟင်းချက်တဲ့အိမ်မှုကိစ္စတွေဟာ အမျိုးသမီးတွေပဲလုပ်ဆောင်ရမယ်လို့ တရားသေသတ်မှတ်လို့မရတော့ပါဘူး။

အမျိုးသားတွေအနေနဲ့ ကိုယ့်ရဲ့ဇနီးမယားကို တစ်ဖက်တစ်လမ်းက ကူညီတာဖြစ်စေ၊ ကိုယ်တိုင်ဝါသနာပါလို့ဖြစ်စေ၊ မီးဖိုချောင်ကိစ္စတွေမှာပါဝင်လာကြပါတယ်။ နိုင်ငံတကာနဲ့ယှဉ်ပြီး ပြောရရင်လည်း နာမည်ကြီး Chef တော်တော်များများဟာ အမျိုးသားတွေဖြစ်နေတာကိုတွေ့ရပါတယ်။

ဒါဆိုရင် ဟင်းချက်တတ်တဲ့အမျိုးသားတွေကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်သင့်မချယ်သင့်ဆိုတာကို ပြောပြပေးပါ့မယ်။

 

() ယောကျာ်းလေးတော်တော်များများဟာ မီးဖိုချောင်ကိစ္စတွေက သူတို့နဲ့မဆိုင်ဘူးလို့တွေးကြတာများပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေနဲ့အတူ မီးဖိုချောင်အတူတူဝင်ပြီဆိုရင် အဲ့ဒီအမျိုးသားကိုလက်မလွှတ်သင့်တော့ပါဘူး။ အိမ်မှုကိစ္စဟာ အမျိုးသမီးတွေပဲလုပ်ဆောင်ရမယ်လို့ တစ်ဖက်သက်မသတ်မှတ်ထားတဲ့အတွက် အတ္တဆန်ဆန်အတွေးတွေမရှိတဲ့သူလို့ပြောလို့ရပါတယ်။

 

() ကိုယ့်ကြင်သူသက်ထားနဲ့အတူ မီးဖိုချောင်ဝင်ရင်တော့ အဲ့ဒီအမျိုးသားဟာ မောင်တစ်ထမ်းမယ်တစ်ရွက်ဆိုတဲ့စကားကို လက်ကိုင်ထားသူပါ။ မယ်ကဟင်းရွှက်နွှင်မယ်ဆို မောင်ကငရုပ်သီးထောင်းပေးမယ့်သူမျိုးပါ။ ကိုယ့်ဇနီးတစ်ယောက်တည်း ပင်ပန်းနေရတာကို လက်ပိုက်ကြည့်မနေနိုင်သူလည်းဖြစ်ပါတယ်။

 

() ကိုယ်တိုင်ဟင်းချက်ဝါသနာပါတဲ့သူတွေဟာ ပျော်ပျော်နေတတ်ပြီး ကြင်နာတတ်တဲ့ နှလုံးသားရှိသူတွေဖြစ်ပါတယ်။ ကိုယ့်ရဲ့မိသားစုလေးအတွက် အရသာရှိတဲ့ဟင်းလျာတွေကို ဘယ်လိုပဲပင်ပန်းပါစေ မညည်းမညူ ချက်ပြုတ်ပေးတတ်ပြီး ထမင်းဝိုင်းမှာ မိသားစုဝင်တွေရဲ့ စားကောင်းလိုက်တာဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ပင်ပန်းခဲ့သမျှအားလုံး ပျောက်သွားတဲ့အထိ ဝမ်းသာပီတိဖြစ်ကြသူတွေပါ။ တစ်နည်းအားဖြင့် မိသားစုကို တန်ဖိုးထား စေတနာထားတဲ့သူတွေဖြစ်ပါတယ်။

 

() မိသားစုကို အလေးထားသူလည်းဖြစ်ပါတယ်။ အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ စားသောက်ဆိုင်ကောင်းကောင်းတွေမှာ သွားစားလို့ရပါရက်နဲ့ မိသားစုနဲ့အတူ သိုက်သိုက်ဝန်းဝန်းချက်ပြုတ်စားသောက်ရတာကို နှစ်သက်တယ်ဆိုကတည်းက မိသားစုအပေါ်အလေးထားသူ အချစ်တွေအပြည့်ရှိသူတစ်ယောက်ဆိုတာ ဗေဒင်မေးစရာမလိုပဲ ပြောနိုင်ပါပြီ။

 

() ဟင်းချက်ဝါသနာပါတဲ့သူတွေဟာ စိတ်ကူးစိတ်သန်းကောင်းပြီး တစ်ဖက်ကစီးပွားရေးလုပ်ငန်းတွေမှာလည်း အောင်မြင်အောင်လုပ်ကိုင်နိုင်သူတွေဖြစ်ပါတယ်။ ဟင်းတစ်ပွဲကို အချို၊ အချဉ်၊ အငံ၊ အစပ် စသည်ဖြင့် အစပ်အဟပ်တည့်အောင် အကြိမ်ကြိမ်ဖြည့်စွက်ပြင်ဆင်ပြီး ပြည့်စုံတဲ့ဟင်းတစ်ပွဲရအောင် ချက်ပြုတ်ကြသလို ဘဝမှာလည်း အခက်အခဲများ၊ အဆင်မပြေမှုများနဲ့ ကြုံလာတိုင်း အကြိမ်ကြိမ်ရုန်းထကာ ပြည့်စုံအောင်မြင်တဲ့ ဘဝတစ်ခုပိုင်ဆိုင်ဖို့ ကြိုးစားတတ်ကြသူတွေဖြစ်ပါတယ်။

 

အထက်ပါအချက်တွေကိုကြည့်ပြီး အမျိုးသမီးတွေအနေနဲ့ ကိုယ်တိုင်ဟင်းချက်တက်သည်ဖြစ်စေ၊ မချက်တက်သည်ဖြစ်စေ ဟင်းချက်တတ်တဲ့ကောင်လေးမျိုးနဲ့ ချစ်သူတော်ထားရရင်တော့ အဲ့ဒီကောင်လေးကို လုံးဝလက်လွှတ်မခံပါနဲ့နော်။

 

Credit : Kwee

Myanmar Wedding Guide

Read times Last modified on Monday, 01 April 2019 15:49
Rate this item
(2 votes)