ချစ်တယ်ဆိုတဲ့ စကားထက် လေးနက်တဲ့စကား (၆) ခွန်း..

ချစ်တယ်ဆိုတဲ့ စကားထက် လေးနက်တဲ့စကား (၆) ခွန်း.. google.com

ချစ်တယ် ဆိုတဲ့ စကားလေး တစ်ခွန်းဟာ ကိုယ့်ရဲ့ ချစ်သူကို အမြဲ ပြောဖို့ လိုအပ်တဲ့ စကားဖြစ်ပေမဲ့ အဲဒီအပြင် ဒီစကားလေးတွေကို ပြောလာပြီ ဆိုရင်တော့ ခိုင်မြဲတဲ့ အချစ်ရေး တစ်ခုလို့ ဆိုနိုင်ပြီပေါ့။

 

() ကိုယ် မင်းကို ယုံကြည်တယ်

 

ယုံကြည်မှု မရှိဘဲနဲ့ ဘယ်ဆက်ဆံရေးမှ အောင်မြင်မှာ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် မယုံကြည်တဲ့ အချစ်ရေး၊ အိမ်ထောင်ရေးတွေ အများကြီး ရှိပါတယ်။ ယုံကြည်မှု ဆိုတာ ယုံကြည်တဲ့ သူအတွက်ရော ယုံကြည်ခံရသူ အတွက်ရော လုံခြုံနွေးထွေးစေတဲ့ အရာတစ်ခုပါပဲ။

 

 

() ကိုယ် မင်းနဲ့ပဲ အတူ ရှိနေချင်ရုံပါ

 

ကိုယ့်အတွက်နဲ့ တခြားအရာ အားလုံးကို စွန့်လွှတ်နိုင်တယ် ဆိုရင် အဲဒီလူဟာ ကမ္ဘာပေါ်မှာ လူတွေ မနာလိုစရာ အကောင်းဆုံးသူ တစ်ယောက် ဖြစ်နေမှာ အမှန်ပါပဲ။

 

 

() ဘာတွေပဲဖြစ်ဖြစ် မင်းဘက်က ကိုယ်ရှိနေမယ်

 

ချစ်ခြင်းနဲ့ ပေးဆပ်ခြင်းက သီးခြား သပ်သပ်စီပါ။ သင့်ရဲ့ လက်တွဲဖေါ်က သင်ဘာတွေပဲ လုပ်နေနေ သင့်ဘက်က အမြဲ ရှိနေမယ်ဆိုတဲ့ အတွေးက ဘယ်လောက်တောင် ကြည်နူးစရာ ကောင်းလိုက်မလဲနော်။

 

 

() မင်းရဲ့ ပုံစံလေးအတိုင်း ကိုယ် လက်ခံနိုင်တယ်

 

အချစ်ရေးမှာ အခက်ခဲဆုံး အရာက ကိုယ်ရွေးချယ်လိုက်လူရဲ့ နဂိုဗီဇ အကျင့်စရိုက်ကို လက်ခံနိုင်ဖို့ပဲလို့ လေ့လာတွေ့ရှိ ထားပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် ပြောင်းလဲဖို့ ကြိုးစားကြတယ်။ ဒါဟာ အမိုက်မဲဆုံး အရာတစ်ခုပါပဲ။လူတစ်ယောက်ရဲ့ ဗီဇဆိုတာ ပြောင်းလဲလို့ရတဲ့ အရာမှ မဟုတ်တာ။ ကိုယ့်ရဲ့ ဗီဇ အကျင့်စရိုက်၊ နေထိုင်မှု ပုံစံအတိုင်း လက်ခံနိုင်သူကို တွေ့ရှိသူဟာ ကမ္ဘာမှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်ပြီပေါ့။

 

 

() ကိုယ် မင်းနဲ့အတူ မိသားစုဘဝလေး လိုချင်တာ

 

လူတွေက မိသားစု ဆိုတာကို အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုကြတယ်။ ချစ်တတ်ကြပေမဲ့ လက်ထပ်ဖို့ တွန့်ဆုတ်နေသူတွေ အများကြီးပါ။ မိသားစု ဘဝတစ်ခု စတင်ချင်တယ် လို့ ပြောလိုက်တာက အဲဒီ အချစ်ဟာ တစ်ဘဝစာပါလို့ ပြောလိုက်တာပါပဲ။

 

 

() ကိုယ့်ရဲ့ တစ်ဘဝလုံး စောင့်နေသူက မင်းပဲ

 

နားမလည်နိုင်တဲ့၊ မျက်ရည်တွေနဲ့ တည်ဆောက်ခဲ့ရတဲ့ အချစ်ရေးတွေ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီးတဲ့နောက် ကိုယ်နဲ့ အဆင်ပြေဆုံး လူကို ရှာတွေ့လိုက်ပြီ ဆိုတဲ့ ခံစားချက်က သိန်းထီဆုကြီး ပေါက်သလိုပါပဲ။ ဒီစကားလောက် လေးနက်တဲ့ အဖိုးတန်တဲ့ စကား ရှိမယ်လို့ မထင်ပါဘူး။ ချစ်တယ် ဆိုတဲ့ စကားကို အခါ တစ်သိန်း ပြောတာထက် တန်ဖိုး ရှိပါတယ်။

 

 

Cred;ကျော်ကျော်

Read times Last modified on Tuesday, 18 September 2018 16:08
Rate this item
(1 Vote)