ချမ်းသာတဲ့ အိမ်ထောင်ဖက် ဘယ်လိုရွေးချယ်မလဲ

ချမ်းသာတဲ့ အိမ်ထောင်ဖက် ဘယ်လိုရွေးချယ်မလဲ google.com

ချမ်းသာနေပြီးသား အိမ်ထောင်ဖက်နဲ့ အိမ်ထောင်ကျဖို့ ခက်ခဲလှပါတယ်။ တကယ်လို့ ဆင်းရဲချမ်းသာ

အရမ်းကွာပြီး အိမ်ထောင်ကျခဲ့ရင်လည်း အစစအရာရာ ညှိနှိုင်းနေရတော့ စိတ်အရမ်းပင်ပန်းဖို့လည်း ကောင်းပါတယ်။

 

ယင်းအပြင် အိမ်ထောင်ပြုချိန်မှာ ချမ်းသာနေဖို့က ကာယကံရှင်ကိုယ်တိုင် ချမ်းသာအောင် ကြိုးစားရတာထက် အဲဒီလူရဲ့ မိဘတွေချမ်းသာတာကြောင့် ဖြစ်ဖို့ ပိုများနေပါတယ်။

 

ချမ်းသာတာ မချမ်းသာတာကလည်း ကံအပေါ် မူတည်တာကြောင့် ပြောဖို့ရာ အရမ်းခက်ခဲလှပါတယ်။

 

ချမ်းသာတဲ့ အိမ်ထောင်ဖက်မျိုးနဲ့ အိမ်ထောင်ကျဖို့က ပိုလွယ်ပါတယ်။ ချမ်းသာတဲ့သူဌေးတွေကလည်း မိဘ ဘိုးဘွားစဉ်ဆက် ချမ်းသာလာကြတာမဟုတ်ဘဲ ကိုယ့်ထူးကိုယ်ချွန်ကြတာ များလှပါတယ်။

 

ငယ်စဉ်အချိန်အခါက အချိန်တော်တော်ကြာ ဆင်းရဲခဲ့ဖူးသူတွေပဲဖြစ်ပါတယ်။ အဲဒီလို ဆင်းရဲခဲ့ဖူးသူတွေက ချမ်းသာမှုကို အငမ်းမရ ရှာဖွေတတ်ကြပါတယ်။ အောင်မြင်မှုအနည်းငယ်ရတာမျိုးကို မကျေနပ်ကြပါဘူး။

 

အိမ်ထောင်ပြုတဲ့အချိန်မှာလည်း သူဟာ ငွေကြေးအင်အားအများကြီးမရှိနိုင်သေးသလို ပညာအတွေ့အကြုံလည်း သိပ်မများသေးတော့ အိမ်ထောင်ဖက်ရွေးတဲ့အခါ သိပ်ကြေးမများတတ်ကြပါဘူး။

 

ဒိုးတူဘောင်ဖက် အလုပ်လုပ်နိုင်တဲ့သူ ဦးစားပေးရွေးနိုင်တာကြောင့် ရဖို့လွယ်သလို ညှိနှိုင်းရလွယ်ကူပါတယ်။ မိဘတွေရဲ့ ပြောဆိုခွင့်နဲ့လည်း ဝေးတတ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:11
Rate this item
(1 Vote)