2020ခုနှစ် တစ်နှစ်စာ ၇ရက်သားသမီးကံကြမ္မာဟောစာတမ်း...
2020ခုနှစ် တစ်နှစ်စာ ၇ရက်သားသမီးကံကြမ္မာဟောစာတမ်း... Google
တနင်္ဂနွေသားသမီးများ
အရာရာတွင် စိတ်မြန်ကိုယ်မြန်ခြင်းကို ရှောင်ကျဉ်ကာ စိတ်ရှည်ရှည်ထားပီးဆောင်ရွက်လျင် အောင်မြင်ဖြစ်ထွန်းမည်။ စိတ်ကူးစိတ်သန်းကောင်းများဖြင့် ရင်းနှီးလုပ်ကိုင်လျင်အကျိုးအမြတ်များစွာရမည်။
ကျယ်ကျယ်ပြန့်ပြန့်လူမှုဆက်ဆံရေးကြောင့် မိတ်ကောင်းဆွေကောင်းများတိုးတက်လာကာ အလုပ်အကိုင်အခွင့်အလမ်းကောင်းများလုပ်ကိုင်ရမည်။ စီးပွားလာဘ်လာဘကောင်းမည်။
ကြွေးဟောင်းနှင့်မျှော်လင့်မထားသော ငွေများရရှိမည်။ တနင်္ဂနွေသားသမီး သောကြာသားသမီးများနှင့် အကျိုးတူလုပ်ငန်းများ အောင်မြင်မည်။
ရည်မှန်းချက်မြင့်မြင့်မားမားနှင့် ပညာရေးကိစ္စများကြိုးစားပါက ထွန်းပေါက်အောင်မြင်မည်။ အချစ်ရေးမှာတော့ ပြမ်လည်ဆုံစည်းရန်မရှိဟု ယူဆထားသူနှင်ဆုံစည်းရမည်။
လူမျိုးခြားနှင့် မေတ္တာရေးကြုံနိုင်မည်။ မိသားစုအိမ်ထောင်ရေးရာတွင် ကြည်နူးဖွယ်ကြုံရမည်။ ပညာရေးဝန်ဆောင်မှုလုပ်ငန်း၊ကန်ထရိုက်လုပ်ငန်း၊အိမ်ခြံမြေရောင်းဝယ်ဝန်ဆောင်မှုလုပ်ငန်းတို့မှ အကျိုးအမြတ်များစွာရရှိမည်။
ကျန်းမာရေးကတော့ ဒူးနာ၊ခါးနာ၊အကြောအဆစ်ဝေဒနာ ခံစားရမည်။ဆေးကုသရမည်။
ဆောင်ရန်ရှောင်ရန်- အနီရောင်ဗျောင်မဝတ်ပါနှင့်။
ဘုရားမှာပန်းသီး၉ လုံးတင်လှူပူဇော်ပါ။
တနင်္လာသားသမီးမျာ
ငွေကြေးကံကောင်းမည်။ ငွေအစုလိုက်အပုံလိုက်ရမည်။ ငွေကိုအကျိုးရှိစွာ အသုံးပြုသင့်သည်။ ရင်းနှီးသောမိတ်ဆွေ၊ဆွေမျိုးတို့နှင့် မသင့်မမြတ်ဖြစ်မည်။
ပညာရေးတွင် ပြည်တွင်းမှာသာမကဘဲ ပြည်ပမှာပါ ထွန်းပေါက်အောင်မြင်နိုင်မည် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္ထုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်လျင်အကျိုးအမြတ်ကောင်းများဖြစ်ထွန်းမည်။
တနင်္ဂနွေသားသမီး၊ကြာသပတေးသားသမီးတို့နှင်အလုပ်တွဲလုပ်လျင်အကျိုးပေးမည်။အမှုအခင်း ပြသနာများကြုံတွေ့ရမည်။ ကျန်းမာရေးမှာတော့ ချက်အောက်ပိုင်း ဆီး၊ကျောက်ကပ်ဝေဒနာကြုံတွေ့ရမည်။ကောင်းမှုကုသိုလ်ပြုရမည်။
အကျိုးရှိသောခရီးရှည်(သို့)ပြည်ပခရီးရှည်သွားရမည်။ အချစ်ရေးမှာတော့စန်းပွင့်မယ်။စန်းပွင့်လို့လည်းအခက်တွေကြုံမယ်။ ချစ်သူနှင့် တစ်ခါတရံ နားလည်မှုလွဲမည်။ ချစ်သူထံမှမင်္ဂလာသတင်းကြားရမည်။
ဆောင်ရန်ရှောင်ရန်- အဝါရောင်ရှောင်ပါ။
ဘုရားမှာသင်္ဘောနှင့်အုန်သီးစီးသုံးလုံးလှူပါ။
အင်္ဂါသားသမီး
့မနိုင်သည့် ဝန်ထမ်းသလို လုပ်ကိုင်မှုတို့ကြောင့် စိတ်ပင်ပန်း၊ လူပင်ပန်းကြုံရမည်။ မိမိ၏ယုံကြည်ချက်ကိုစွဲမြဲစွာ လုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှု ပန်းတိုင်ရယူနိုင်မည်။
မိမိကိုယ်ကို တန်ဘိုးရှိအောင် နေထိုင်ပြုမူခြင်းကြောင့် ဂုဏ်ဒြပ်ကြီးမား၍ အများ၏ ရိုသေလေးစားမှုခံရမည်။ တခါတလေမိသားစုနှင့် စိတ်ဝမ်းကွဲမှုကြုံရမည်။
ကျန်းမာရေးမှာတော့ရင်ခေါင်းနှင့် အဆုတ်ဝေဒနာခံစားရမည်။ ပညာရေကံကတော့မကောင်းပါ။ တော်တော်ကြိုးစား ပီးလုပ်မှတော်ရာကျမည်။
ကျောက်မျက်ရတနာ ရောင်းဝယ်ရေး၊ လောင်စာဆီရောင်းဝယ်ရေး၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်းတို့တွင် အောင်မြင်မှုရရှိမည်။ အချစ်ရေးတွင်စန်းပွင့်မည်။ အပြန်အလှန်နားလည်မှုတို့ကြောင့် စိတ်ချမ်းမြေ့ရမည်။
ဆောင်ရန်ရှောင်ရန်-အပြာရောင်ရှောင်ပါ။
ဘုရားမှာငှက်ပျောသီးတစ်ဖီးတင်လှူပူဇော်ပါ။
ဗုဒ္ဓဟူးသားသမီးများ
့ဖြတ်ထိုးဉာဏ်နှင့် လုပ်ရည်ကိုင်ရည် ပါးနပ်မှုတို့ကြောင့် အောင်မြင်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိမည်။ စိတ်တည်ငြိမ်စွာနှင့် လုပ်ကိုင်မှသာလျင် အမှားများကိုရှောင်ကွင်းနိုင်မည်။
အတွင်းလူယုံသစ္စာမဲ့တတ်သည်။ ကျန်းမာရေးမှာတော့ နှလုံး၊အသည်းဝေဒနာများခံစားရမည်။ လူမှာမထိပါ။ငွေကုန်တဲ့ ရောဂါသာဖြစ်မည်။
သောကြာသားသမီး၊ စနေသားသမီးတို့နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ပါက အကျိုးထူးမည်။ ယာဉ်၊ ကား၊ အိမ်ခြံမြေ ရောင်းဝယ်ခြင်းလုပ်ငန်းများ အဆင်ပြေမည်။
အချစ်ရေးမှာတော့ ဘဝပါရမီဖြည့်ဖက်တွေ့မည်။ လက်ရှိအချိန်မှာတော့ တွေ့ထားသူနှင့် ပြသနာတက်မည်။ စိတ်သဘောထားကွဲလွဲမည်။ ဝေးကွာနေသောချစ်သူနှင့် မမျော်လင့်ဘဲပြန်လည်ဆုံစည်းရမည်။
အပြိုင်အဆိုင်အခက်အခဲများကို ကျော်လွှားနိုင်ကာဆောင်ရွက်သမျှ အဆင်ပြေမည်။ လောဘေကြီးတဲ့စိတ်လေးတော့ရှော့ရမည်။
ဆောင်ရန်ရှောင်ရန်-အဖြူ၊အမည်းရောင်ရှောင်ပါ။
ဘုရားမှာသလဲနှင့်အုန်းသီးသုံးလုံးလှူပါ။
ကြာသပတေးသားသမီးများ
ဤလအတွင်း အခက်အခဲအကြမ်းအတမ်းများကို ကျော်လွားနိုင်ပြီး ထူးခြားသောအပြောင်းအလဲနှင့် ကြုံမည်။ လူမျိုုးခြားဘာသာခြား ကူညီမည့်သူပေါ်ပေါက်လာပြီး အောင်မြင်မှုရမည်။
တစ်ဘဝလုံးစာနဲ့ အရေးကြီးတဲ့ဆုံးဖြတ်ချက်မျိုးကို အကျဉ်းထဲအကျပ်ထဲကနေ မဖြစ်မနေ ဆုံးဖြတ်ရဖို့ရှိတယ်။ ဒါပေမဲ့ စိတ်လောပီး မဆုံးဖြတ်စေချင်ပါ။ ဆုံးဖြတ်ချက်မှားတတ်သည်။
ကိုယ်နှင့်မဆိုင်ဘဲသူများအတွက် ပြသနာေဖြေရှင်းရင်း ကိုယ့်ခေါင်းထဲအပူကျနောက်မည်။ အနှောက်အယှက်များကြားကတိုးတက်အောင်မြင်မည်။ အချစ်ရေးကတော့ လွမ်းနေရတတ်သည်။
ချစ်သောသူ၏စွန့်ပစ်ထားမှုနှင်ကြုံမည်။ခနခနရန်ဖြစ်ရတတ်သည်။ ကြားခံအနှောက်အယှက်ဝင်မည်။ ကျန်းမာရေးကတော့ အထူးကောင်းသည်။ ဤလအတွင်းအခွင့်လမ်းသစ်များကိုမှန်ကန်စွာ အသုံးချခြင်းဖြင့် အောင်မြင်မှုကြုံရမည်
ဆောင်ရန်ရှောင်ရန်-အနီရောင်ကိုရှောင်ပါ။
ဘုရားမှာသြဇာသီးလှူပါ။
သောကြာသားသမီးများ
ထူးတယ်ပြောရမှာဘဲ။ ကြန့်ကြာနေတဲ့ အလုပ်ကိစ္စတွေ ပြန်လည်လည်ပတ်နိုင်မယ်။ မဝင်ဖူးတဲ့ငွေတွေဝင်မယ်။ အိမ်ခြံမြေမရောင်းရဘဲ ကြန့်ကြာနေတာလေးတွေ အရောင်းအဝယ် ပြန်ဖြစ်လာမယ်။
ဤလသည် လုပ်ငန်းကိစ္စများကို စီမံကိန်းပုံစံမဟုတ်ဘဲ မြန်မြန်ထက်ထက် လုပ်ဆောင်နိုင်မှသာ အောင်မြင်မှုရမည်။ ဝေးနေသောချစ်သူရည်းစားထံမှ သတင်းကောင်းကြားရမည်။
အဆက်သွယ်မလုပ်ဘဲ ပစ်ထားသူက လိုလိုလားလား ဆက်သွယ်လာတာကိုတွေ့ရမည်။ ကျန်းမာရေးကတော့ အညံ့မှာရှိနေသည်။ ဗိုက်၊ပစာအိမ် ဂရုစိုက်ပါ။
ဘာသာရေးနှင့် လူမှုရေးကိစ္စများတွင် ဦးဆောင်ဦးရွက်ပြုရပြီး အောင်မြင်မှုရမည်။ မမျော်လင့်သော ငွေကြေးသို့မဟုတ် အကြွေးဟောင်းငွေများ ပြန်ပေါ်လာမည်။ အိမ်တွင်းရေးနဲနဲရှုပ်ထွေးမည်။
ဆောင်ရန်ရှောင်ရန်-အပြာရောင်ကိုရှောင်ပါ။
ဘုရားမှာရွှေထီး၊ငွေထီးကပ်လှူပူဇော်ပေးပါ။
စနေသားသမီးများ
မိမိယုံကြည်ချက်ကို စွဲမြဲစွာလုပ်ကိုင်ခြင်းကြောင့် ရည်မှန်းချက်များ ပိုမိုထွန်းပေါက် အောင်မြင်မည်။ လုပ်ငန်းသစ်၊ ဝန်းကျင်သစ်တွင် လုပ်ကိုင်ခြင်းတို့မှ ပိုမိုဝင်ငွေကောင်းမည်။
ယခင်က ရန်သူ ယခု,မိတ်ဆွေဖြစ်ရကိန်းရှိသည်။ ဆွေမျိုးသားချင်းထက် ဘေးသူစိမ်းနှင့် ပိုအကျိုးပေးမည်။ လူမှုဆက်ဆံရေးတွင် ပြောမှား၊ဆိုမှားရှိသည်။ ဇွတ်တရွတ် မှန်တယ်ထင်ပီးမပြောပါနှင့်။
ကျန်းမာရေးမှာ ထုံနာကျင်နာ၊ အကြောအဆစ်ဝေဒနာကြောင့် စိတ်ညစ်နေရမည်။ အချစ်ရေးမှာတော့ မမျှော်လင့်တာ ကောင်းကာတယ် လုံးဝ အဆင်ပြေမှာ မဟုတ်ပါဘူး။ နာမည်ပျက်ကိန်းတောင်ရှိသည်။
ဆွေမျိုး၊ ပတ်ဝန်းကျင်သတိထားပါ။ ပညာရေးမှာ စူးဆိုက်ပီးလုပ်ပေးပါ။ စိတ်လေတတ်သည်။ အပေါင်းအသင်းကြောင့် မှားတတ်သည်။
ဆောင်ရန်ရှောင်ရန်-ခရမ်းရောင်ရှောင်ပါ။
ဘုရားမှာနို့ထမင်းဆွမ်းကပ်လှူပူဇော်ပါ။
ဆရာတိုးတက်အောင် ဗေဒင်နှင့်လက္ခဏာ
Zawgyi ဖြင့်ဖတ်ရန်...
တနင်္လာသားသမီးမျာ
အင်္ဂါသားသမီး
ဗုဒ္ဓဟူးသားသမီးများ
ကြာသပတေးသားသမီးများ
သောကြာသားသမီးများ
စနေသားသမီးများ
Myanmar Wedding Guide
jjjj
Read times Last modified on Tuesday, 11 February 2020 16:25
Rate this item
(0 votes)
Tagged under