ယောက်ျားနဲ့ မိန်းမကြား ရှိရမယ့် စည်းကမ်း

ယောက်ျားနဲ့ မိန်းမကြား ရှိရမယ့် စည်းကမ်း google.com

အရင်းနှီးဆုံးလူတွေဖြစ်သွားတဲ့ အိမ်ထောင်ရေးလေးတစ်ခုမှာ ချစ်ခြင်းတွေ ပြည့်နေစေဖို့ကတော့ တခုခုလုပ်တော့မယ်ဆိုရင် ခွင့်တောင်းပါ။

 

ဇနီးမောင်နှံလေးတို့ရေ မင်္ဂလာပွဲလေးပြီးသွားလို့ အိမ်ထောင်ရေးရယ်လို့ ဖြစ်သွားရင် လိုက်နာရမယ့်စည်းကမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ သိပ်ချစ်တဲ့ချစ်သူလေးတွေ ဖြစ်တုန်းအချိန်ကတည်းက စခဲ့တဲ့ ကြည်နူးခြင်းလေးတွေကို မိသားစုဘဝဖြစ်တဲ့အထိ သယ်ဆောင်သွားနိုင်ဖို့ ဒီစည်းကမ်းလေးတွေကိုတော့ သိထားမှရမှာပါနော်။

 

 

ခွင့်တောင်းပါ

 

တခုခုဆိုရင် ခွင့်တောင်းတတ်ရပါမယ်။ ဘယ်လောက်ပဲ ရင်းနှီးတဲ့သူတွေဖြစ်နေပါစေ ခွင့်တောင်းပါ။ ကိုယ်ပစ္စည်းမဟုတ်ဘဲ သူများပစ္စည်း ကိုင်မယ်ဆိုရင် ခွင့်တောင်းဖို့ဆိုတာကတော့ သိထားပြီးသားဆိုပေမယ့် အိမ်ထောင်ရေးလေးမှာလည်း ဒီအချက်ကလိုအပ်တယ်ဆိုတာကို သတိမထားမိဘဲ ဖြစ်နေတတ်လို့ပါ။ အရင်းနှီးဆုံးလူတွေဖြစ်သွားတဲ့ အိမ်ထောင်ရေးလေးတစ်ခုမှာ ချစ်ခြင်းတွေပြည့်နေစေဖို့ကတော့ တခုခုလုပ်တော့မယ် ဆိုရင်ခွင့်တောင်းတတ်ပါစေ။

 

 

တိုင်ပင်ပါ

 

အေးအတူပူအမျှဘဝရဲ့ နေ့ရက်လေးတွေတိုင်းကို ဖြတ်သန်းတဲ့အချိန်မှာ ကိုယ်ဖြစ်ချင်တာကို ကိုယ်လုပ်လိုက်တာမျိုးကတော့ လုံးဝရှောင်ရမယ့်အချက်ပဲ ဖြစ်ပါတယ်။ အရာတိုင်းကို တိုင်ပင်ပါ။ တိုင်ပင်တယ် ဆိုတာနဲ့ ဆုံးဖြတ်ချက်ချခိုင်းတာ မတူပါဘူးနော်။ တိုင်ပင်တယ်ဆိုတာက အကျိုးအကြောင်း အကောင်းအဆိုးကို အခြားသူနေရာကအမြင်ကိုမေးကြည့်ပြီး အကြံတောင်းခံတာပါ။ တိုင်ပင်ပါ ဆုံးဖြတ်ချက်ကိုတော့ ကိုယ်တိုင်ချပါနော်။

 

အိမ်ထောင်ရေးမှာ ပန်းခင်းတဲ့လမ်းလေးကို လျှောက်လှမ်းနေရသလို ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်လေးတွေ ရရှိနိုင်ပါစေ။

 

 

Credit;Marry

Read times Last modified on Tuesday, 18 September 2018 10:58
Rate this item
(1 Vote)