တနင်္ဂနွေသားသမီးများထားရှိတတ်တဲ့ စိတ်နေသဘောထားများ
တနင်္ဂနွေသားသမီးများထားရှိတတ်တဲ့ စိတ်နေသဘောထားများ google
တနင်္ဂနွေသားသမီးတွေက သူများတွေနဲ့မတူပဲ ထူးခြားတဲ့ စရိုက်ကို ပိုင်ဆိုင်ထားကြသူတွေ ဖြစ်ပါတယ်။ စိတ်ကြီးတယ်။
စိတ်ဆတ်တယ် မသိရင် မာနကြီးတဲ့ပုံပေါက်နေပေမယ့် တကယ်တမ်းတော့ ဝမ်းနည်းလွယ်ပြီး သနားတတ်တဲ့ သူလေးတွေပါ။
သူတို့က ဒေါသကြီးပေမယ့်နူးညံ့တဲ့ နှလုံးသားပိုင်ရှင်တွေပါ။
တစ်ဖက်သားကို စာနာသနားတတ်တဲ့ နေရာမှာ နှစ်ယောက် မရှိသူတွေ ဖြစ်ပါတယ်။
စိတ်ဆိုးပြီး ဒေါသနဲ့ ပြောလိုက်ရင် ပြောလိုက်ပေမယ့် ခဏပါပဲ။ပြီးရင် စိတ်ထဲ မထားတော့ဘူး။
ဒါပေမယ့် သူတို့ကို ရန်စမိရင် လွယ်လွယ်နဲ့ မမေ့တတ်ဘူး အမှတ်ကြီးတဲ့ သူလေးတွေရယ်။
သူတို့ဟာ ဗဟုသုတကိုလိုက်စားတယ်။ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာတယ်။အအိပ်လဲ ကြီးကြတယ်။
အစားကတော့ အရမ်းမကြီးပေမယ့် ခဏခဏစားနေတတ်ကြတယ်။ အစွဲအလမ်းကြီးတယ်။စိတ်ကောက် လွယ်တယ်။
ဒါပေမယ့် စိတ်ပြေလွယ်တယ် ဒါကြောင့် သူတို့ဟာ ချစ်ဖို့ ကောင်းနေတတ်ကြပြန်ရော။
ချစ်သူကို ကိုယ့်သဘောအတိုင်း ဖြစ် စေချင်တဲ့ သူမျိုးတွေပါ။ ချစ်သူအပေါ် အနိုင်ယူချင်ကြတယ်။
အရမ်းလည်းချစ်တတ်ပြီး အချစ်လည်း ကြီးတယ်။ တစ်ခါတစ်လေမှာ အချစ်အတွက် တဇွတ်ထိုးနိုင်ကြတဲ့ သူတွေ ဖြစ်ပါတယ်။
အဲ့တာကြောင့် အချစ်ရေးမှာ နဲနဲ ညံ့တယ်လို့ ဆိုရမယ်။ မိသားစုကိုလဲ ချစ်တတ်ကြတယ်။
အပေါင်းအသင်းကလည်း မက်သေးတယ်။ သူငယ်ချင်းများ အတွက် အနစ်နာခံ လိုစိတ် ရှိသူတွေ ဖြစ်ပါတယ်။
တနင်္ဂနွေ သားသမီးတွေဟာ သူတို့ ခံစားနေရတာတွေကိုလည်း မျိုသိပ်ထားတတ်ကြတယ်။
အများနဲ့ဆို ပြုံးပျော်နေကြလေ့ရှိပေမယ့် ကွယ်ရာမှာ တိတ်တိတ်လေးကျိတ်ပြီး ခံစားနေတတ်သူတွေပါ။
ဦးဆောင်လိုစိတ်လဲ အရမ်းထက်သန်တယ် ။ နေရာတကာ ဆရာကြီး လုပ်တတ်တဲ့သူမျိုးတွေတော့ မဟုတ်ကြပေမယ့်
ဦးဆောင်နိုင်စွမ်း ရှိကြသူတွေ ဖြစ်ပါတယ်။အထူးခြားဆုံး အချက်က အစွဲအလမ်း ကြီးတတ်လွန်းတာပါပဲ ။
တနင်္ဂနွေ သားသမီးတွေ ဆောင်သင့်တဲ့ အဆောင်ကျောက် ကတော့ ပတ္တမြား ဖြစ်ပါတယ်။
#ရွှေပန်းချီ
#ရွှေပန်းချီ
Myanmar Wedding Guide
jjjj
Read times Last modified on Tuesday, 10 March 2020 16:58
Rate this item
(0 votes)
Tagged under