ယောကျာ်းလေးတွေပြောတတ်တဲ့ ချစ်တယ် ဆိုတဲ့စကားနဲ့အဓိပ္ပါယ်တူတဲ့စကား(၆)မျိုး

ယောကျာ်းလေးတွေပြောတတ်တဲ့ ချစ်တယ် ဆိုတဲ့စကားနဲ့အဓိပ္ပါယ်တူတဲ့စကား(၆)မျိုး google.com

ချစ်သူနှစ်ယောက်ကြားမှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ်လို့ ပါးစပ်ကတဖွဖွပြောနေမှ ချစ်တယ်လို့ယူဆလို့မရပါဘူး။

 

သင့်ချစ်သူက သင့်ကိုတခြားသူတွေလိုမျိုး ချစ်တယ်လို့တဖွဖွမပြောလို့ဆိုပြီး စိတ်တိုင်းမကျတွေဖြစ်မနေပါနဲ့နော်။ သူသာ ဒီစကားလေးတွေကို အမြဲပြောတတ်တယ်ဆိုရင် သူသင့်ကို ချစ်တယ်လို့ပြောနေတာနဲ့အဓိပ္ပါယ်အတူတူပါပဲနော်။

 

 

() မင်းအတွက်အမြဲရှိနေမယ်

 

လူတစ်ယောက်အတွက် နာကျင်ဝမ်းနည်းစရာတွေ ရင်ဖွင့်ရမယ့်သူ မရှိတာဟာ တော်တော်ဆိုးတဲ့ အဖြစ်လို့ပြောလို့ ရပါတယ်။ အဲ့ဒါထက် ဆိုးတာကတော့ ပျော်ရွှင်စရာတွေကို ဝေမျှရမယ့်သူ မရှိတာပါပဲ။ သင့်ချစ်သူက သင့်အတွက် နာကျင်စရာတွေရင်ဖွင့်ဖို့၊ ပျော်ရွှင်စရာတွေဝေမျှဖို့ အမြဲအသင့်ရှိနေမယ်ဆိုရင်၊ သင်ဘာဖြစ်ဖြစ် သူဘေးနားမှာအမြဲရှိနေမယ်လို့ပြောရင် အဲ့ဒါက သင့်ကိုချစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

 

 

() မင်းအတွက်အရမ်းဝမ်းသာတယ်

 

သင်သာ တစ်ယောက်ယောက်ကို တကယ်ချစ်မိသွားပြီဆိုရင် သူ့ရဲ့ပျော်ရွှင်မှုက သင့်ရဲ့ပျော်ရွှင်မှုပါပဲ။ တကယ်လို့သင့်ချစ်သူက မင်းပျော်ရင် ငါလည်းပျော်တယ်လို့ ပြောလာရင် သူသင့်ကို ချစ်တယ်ဆိုတာ အကြွင်းမဲ့ယုံလိုက်ပါ။

 

 

() မင်းကအလှဆုံး၊ အကောင်းဆုံးသူတစ်ယောက်ပါ

 

သင်က ၀တ်ကောင်းစားလှတွေဝတ်မထားဘဲ T Shirt အဟောင်းဝတ်ပြီး ဆံပင်တွေရှုပ်ပွနေတဲ့အချိန်မှာတောင် မင်းကအရမ်းလှတဲ့သူပဲလို့ပြောဖူးရင်၊ သင်စိတ်ဓာတ်ကျတဲ့အချိန်တိုင်း မင်းလုပ်နိုင်တာတွေအများကြီးပါ၊ မင်းက အကောင်းဆုံးသူတစ်ယောက်ပါလို့ပြောဖူးရင် ဒါဟာ ချစ်တယ် လို့ပြောတာနဲ့အတူတူပါပဲနော်။

 

 

() မင်းအဆင်ပြေရဲ့လား

 

ကိုယ့်ကိုမချစ်တဲ့သူတစ်ယောက်က ကိုယ်အဆင်ပြေမပြေ စိတ်ကိုဝင်စားနေမှာမဟုတ်ပါဘူး။ သူက မင်းအဆင်ပြေရဲ့လား လို့မေးပြီး အမြဲလိုလိုစိုးရိမ်နေတတ်တယ်ဆိုရင် သင့်ကိုတကယ်ချစ်တဲ့သူမို့လို့ပါ။

 

 

() မင်း…..ကို ရောက်ရင်ပြောပါ

 

သင်တစ်နေရာရာသွားမယ်ဆိုရင် သင့်ကိုစိတ်မချလက်မချဖြစ်နေပြီး ရောက်ရင်ဖုန်းဆက်ဖို့ အတန်တန်မှာပါလိမ့်မယ်။ ဘယ်အချိန်အိမ်ပြန်ရောက်ပြီလဲဆိုတာကိုလည်း စိုးရိမ်တကြီးနဲ့မေးတတ်ပါသေးတယ်။ အဲ့ဒီလို စိုးရိမ်စကားတွေကလည်း ချစ်တယ်ဆိုတဲ့အဓိပ္ပါယ်ပါပဲ။

 

 

() ဗိုက်ဆာနေပြီလား

 

ဒါကတော့ ချစ်တယ် ဆိုတဲ့စကားကို ကိုယ်စားပြုနိုင်ဆုံးစကားလုံးလို့ပြောလို့ရပါတယ်။ မတ်မတ်တို့ ခေးတို့ရော ချစ်တယ် လို့ပြောတဲ့သူထက် ဗိုက်ဆာနေပြီလား လို့မေးတတ်တဲ့ချစ်သူကိုပိုမလိုချင်ဘူးလား။

 

 

Credit;Aunty May

Read times Last modified on Tuesday, 30 October 2018 16:28
Rate this item
(1 Vote)