ကိုယ်ချစ်ရတဲ့အမျိုးသားက ကိုယ့်ကိုအသုံးချနေတာလား အပျော်တွဲရုံသက်သက်ပဲလား

ကိုယ်ချစ်ရတဲ့အမျိုးသားက ကိုယ့်ကိုအသုံးချနေတာလား အပျော်တွဲရုံသက်သက်ပဲလား google

ကိုယ့်ဘက်ကအပြည့်အဝချစ်ပေမဲ့ ကိုယ်အပေါ်ကျတော့ အပျော်သက်သက် စိတ်ဖြေဖျောက်စရာလူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရခြင်းကတကယ့်ကို ဝမ်းနည်းဖို့ကောင်းလှပါတယ်။

 

ဒါပေမယ့်လည်းလက်ရှိစုံတွဲတွေကြားမှာ ဒီလိုအဖြစ်မျိုးတွေအများကြီးကြုံတွေ့နေကြရတဲ့သူတွေအများကြီးရှိပါတယ်။ဒါကြောင့်ဒီနေ့မှာ ကိုယ်ချစ်ရတဲ့အမျိုးသားက ကိုယ့်ကိုအသုံးချနေတာလား အပျော်တွဲရုံသက်သက်ပဲလားဆိုတာ သိနိုင်ဖို့

 

လေ့လာကြည့်လို့ရတဲ့အခြေခံအချက်လေးတွေကို Myanmar Wedding Guide ကဝေမျှပေးလိုက်ပါတယ်နော်။

 

(၁) မထင်ရင်မထင်သလိုပစ်ထားမယ်

 

ချစ်သူအမျိုးသားက မင်းကိုအပျော်တွဲနေရုံသက်သက် အသုံးချနေရုံသက်သက်ဆိုရင်တော့ သူစိတ်မထင်ရင်မထင်သလိုအဆက်မသွယ်မလုပ်တာ ပစ်ထားတာမျိုးလုပ်မှာဖြစ်ပါတယ်။

 

အလုပ်တွေများနေလို့ စိတ်ဖိစီးနေလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ သူစိတ်ပါတဲ့အချိန်မှ စကားတွေလာပြောမယ်။ကျန်တဲ့အချိန်မှာတော့ အဖက်တောင်မလုပ်ဘူးဆိုရင်မင်းကို တကယ်မချစ်သလို အပျော်တွဲနေရုံသက်သက်ပဲလို့ ယူဆလို့ ရပါတယ်။

 

(၂) အနာဂတ်အကြောင်းတိုင်ပင်ရင် စိတ်မပါသလိုနေမယ်

 

ဘယ်သူပဲဖြစ်ဖြစ်ကိုယ်တကယ်ချစ်တဲ့သူနဲ့ ကောင်းမွန်တဲ့အနာတ်တစ်ခုတည်ဆောက်ချင်ကြမှာပါ။ဘယ်အချိန်မှာလက်ထပ်မယ် နှစ်ကိုယ်တစ်စိတ်ဘဝလေးကိုဘယ်လိုတည်ဆောက်ကြမယ်စသည့်ဖြင့်အနာဂတ်အကြောင်းကို မင်းအနေနဲ့ ပြောလာတဲ့အခါ စိတ်မပါသလိုတုန့်ပြန်မယ်။

 

ဒါတွေကဝေးပါသေးတယ် ဘာညာဆိုပြီးစကားလမ်းကြောင်းတွေလွဲနေမယ် မင်းနဲ့ ပတ်သတ်ရင်အရာရာလေးလေးနက်နက်မရှိဘူးဖြစ်နေမယ်ဆိုရင်တော့ သေချာပါတယ် မင်းကိုအပျော်တွဲနေတာဖြစ်ပါတယ်။

 

(၃) သူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းထဲမခေါ်ချင်ဘူး

 

ကိုယ်တကယ်ချစ်တဲ့သူတစ်ယောက်ကို ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းရှေ့ သူငယ်ချင်းအပေါင်းအသင်းတွေ ထုတ်ပြတာဟာ တကယ်ချစ်တဲ့သူတွေရဲ့ လုပ်ရပ်တစ်ခုပါ။

 

ဒါပေမယ့် သူ့အတွက်အပျော်သက်သက်ပဲလို့ သတ်မှတ်ထားရင်တော့ မင်းဟာ ကန့်လန့်ကာနောက်ကွယ်မှာပဲရှိနေမှာပါ။သူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်း သူငယ်ချင်းအပေါင်းအသင်းတွေကြား နောက်ဆုံးဆိုရှယ်မီဒီယာမှာတောင် မင်းအကြောင်းထုတ်ဖော်ပြသခြင်းမရှိဘူးဆိုရင်

 

မင်းဟာသူ့အတွက် အဖြည့်ခံသက်သက် ပဲဆိုတာသိနိုင်ပါတယ်။

 

(၄) မင်းနဲ့ပကါသက်ပြီးခေါင်းရှုပ်မခံဘူး

 

ဒီအချက်ကလည်းတကယ့်ကိုမှန်ကန်ပါတယ်။သူ့အတွက် စိတ်ပြေဖို့ စိတ်ဖြေစရာတစ်ခုအဖြစ်သတ်မှတ်ထားတဲ့ လူတစ်ယောက်အတွက် စိတ်သိပ်ရှုပ်ခံမှာမဟုတ်ပါဘူး။

 

မင်းအပေါ်လည်းစိတ်ဝင်စားမှုသိပ်ရှိမှာမဟုတ်သလို မင်းနဲ့ပတ်သတ်ပြီး ပြဿနာအကြီးအကျယ်ဖြစ်တာမျိုးလည်း လုပ်မှာမဟုတ်ပါဘူး။မင်းအနေနဲ့ အရမ်းချစ်ပြီးသူ့အပေါ်လေးနက်နေရင်သူ့ဘက်ကသိပ်ပြီးအာရုံအနောက်ခံမှာမဟုတ်ပါဘူး။

 

ဘာကြောင့်လဲဆိုရင်သူက မင်းကိုအပျော်တွဲနေလို့ပါပဲ။

 

 

Zawgyi ျဖင့္ဖတ္ရန္...

 

ကိုယ့္ဘက္ကအျပည့္အဝခ်စ္ေပမဲ့ ကိုယ္အေပၚက်ေတာ့ အေပ်ာ္သက္သက္ စိတ္ေျဖေဖ်ာက္စရာလူတစ္ေယာက္အျဖစ္ သတ္မွတ္ခံထားရျခင္းကတကယ့္ကို ဝမ္းနည္းဖို႔ေကာင္းလွပါတယ္။

 

ဒါေပမယ့္လည္းလက္ရွိစံုတြဲေတြၾကားမွာ ဒီလိုအျဖစ္မ်ဳိးေတြအမ်ားႀကီးႀကံဳေတြ႕ေနၾကရတဲ့သူေတြအမ်ားႀကီးရွိပါတယ္။ဒါေၾကာင့္ဒီေန႔မွာ ကိုယ္ခ်စ္ရတဲ့အမ်ိဳးသားက ကိုယ့္ကိုအသံုးခ်ေနတာလား အေပ်ာ္တြဲရံုသက္သက္ပဲလားဆိုတာ သိႏိုင္ဖို႔

 

ေလ့လာၾကည့္လို႔ရတဲ့အေျခခံအခ်က္ေလးေတြကို Myanmar Wedding Guide ကေဝမွ်ေပးလိုက္ပါတယ္ေနာ္။

(၁) မထင္ရင္မထင္သလိုပစ္ထားမယ္

ခ်စ္သူအမ်ိဳးသားက မင္းကိုအေပ်ာ္တြဲေနရံုသက္သက္ အသံုးခ်ေနရံုသက္သက္ဆိုရင္ေတာ့ သူစိတ္မထင္ရင္မထင္သလိုအဆက္မသြယ္မလုပ္တာ ပစ္ထားတာမ်ဳိးလုပ္မွာျဖစ္ပါတယ္။

အလုပ္ေတြမ်ားေနလို႔ စိတ္ဖိစီးေနလို႔ဆိုတဲ့အေၾကာင္းျပခ်က္ေတြနဲ႔ သူစိတ္ပါတဲ့အခ်ိန္မွ စကားေတြလာေျပာမယ္။က်န္တဲ့အခ်ိန္မွာေတာ့ အဖက္ေတာင္မလုပ္ဘူးဆိုရင္မင္းကို တကယ္မခ်စ္သလို အေပ်ာ္တြဲေနရံုသက္သက္ပဲလို႔ ယူဆလို႔ ရပါတယ္။

problem

(၂) အနာဂတ္အေၾကာင္းတိုင္ပင္ရင္ စိတ္မပါသလိုေနမယ္

ဘယ္သူပဲျဖစ္ျဖစ္ကိုယ္တကယ္ခ်စ္တဲ့သူနဲ႔ ေကာင္းမြန္တဲ့အနာတ္တစ္ခုတည္ေဆာက္ခ်င္ၾကမွာပါ။ဘယ္အခ်ိန္မွာလက္ထပ္မယ္ ႏွစ္ကုိယ္တစ္စိတ္ဘဝေလးကိုဘယ္လိုတည္ေဆာက္ၾကမယ္စသည့္ျဖင့္အနာဂတ္အေၾကာင္းကို မင္းအေနနဲ႔ ေျပာလာတဲ့အခါ စိတ္မပါသလိုတုန္႔ျပန္မယ္။

ဒါေတြကေဝးပါေသးတယ္ ဘာညာဆိုၿပီးစကားလမ္းေၾကာင္းေတြလြဲေနမယ္ မင္းနဲ႔ ပတ္သတ္ရင္အရာရာေလးေလးနက္နက္မရွိဘူးျဖစ္ေနမယ္ဆိုရင္ေတာ့ ေသခ်ာပါတယ္ မင္းကိုအေပ်ာ္တြဲေနတာျဖစ္ပါတယ္။

problem1

(၃) သူ႔ပတ္ဝန္းက်င္အသိုင္းအဝိုင္းထဲမေခၚခ်င္ဘူး

ကိုယ္တကယ္ခ်စ္တဲ့သူတစ္ေယာက္ကို ကိုယ့္ပတ္ဝန္းက်င္အသုိင္းအဝုိင္းေရွ႔ သူငယ္ခ်င္းအေပါင္းအသင္းေတြ ထုတ္ျပတာဟာ တကယ္ခ်စ္တဲ့သူေတြရဲ႕ လုပ္ရပ္တစ္ခုပါ။

ဒါေပမယ့္ သူ႔အတြက္အေပ်ာ္သက္သက္ပဲလို႔ သတ္မွတ္ထားရင္ေတာ့ မင္းဟာ ကန္႔လန္႔ကာေနာက္ကြယ္မွာပဲရွိေနမွာပါ။သူ႔ပတ္ဝန္းက်င္ အသိုင္းအဝိုင္း သူငယ္ခ်င္းအေပါင္းအသင္းေတြၾကား ေနာက္ဆံုးဆိုရွယ္မီဒီယာမွာေတာင္ မင္းအေၾကာင္းထုတ္ေဖာ္ျပသျခင္းမရွိဘူးဆိုရင္

မင္းဟာသူ႔အတြက္ အျဖည့္ခံသက္သက္ ပဲဆိုတာသိႏိုင္ပါတယ္။

problem2

(၄) မင္းနဲ႔ပကါသက္ၿပီးေခါင္းရႈပ္မခံဘူး

ဒီအခ်က္ကလည္းတကယ့္ကိုမွန္ကန္ပါတယ္။သူ႔အတြက္ စိတ္ေျပဖို႔ စိတ္ေျဖစရာတစ္ခုအျဖစ္သတ္မွတ္ထားတဲ့ လူတစ္ေယာက္အတြက္ စိတ္သိပ္ရႈပ္ခံမွာမဟုတ္ပါဘူး။

မင္းအေပၚလည္းစိတ္ဝင္စားမႈသိပ္ရွိမွာမဟုတ္သလို မင္းနဲ႔ပတ္သတ္ၿပီး ျပႆနာအႀကီးအက်ယ္ျဖစ္တာမ်ဳိးလည္း လုပ္မွာမဟုတ္ပါဘူး။မင္းအေနနဲ႔ အရမ္းခ်စ္ၿပီးသူ႔အေပၚေလးနက္ေနရင္သူ႔ဘက္ကသိပ္ၿပီးအာရံုအေနာက္ခံမွာမဟုတ္ပါဘူး။

ဘာေၾကာင့္လဲဆိုရင္သူက မင္းကိုအေပ်ာ္တြဲေနလို႔ပါပဲ။

Myanmar Wedding Guide

jjjj

Read times Last modified on Tuesday, 18 February 2020 16:50
Rate this item
(0 votes)
Tagged under