ဇနီးကောင်းဖြစ်လာမယ့် မိန်းကလေးများ ဆောင်ရန် ရှောင်ရန်

ဇနီးကောင်းဖြစ်လာမယ့် မိန်းကလေးများ ဆောင်ရန် ရှောင်ရန် google.com

မိန်းမနဲ့ယောက်ျားဆိုတာက လိင်သဘာဝအရရော ထမ်းဆောင်ရမယ့် အိမ်ထောင်ရေးတာဝန်အရပါ ကွာခြားလွန်းပါတယ်။

ပုံမှန်အားဖြင့် အိမ်ထောင်ပြုတဲ့အချိန်ဟာ မိန်းကလေးတစ်ယောက်ရဲ့အလှပဆုံးနဲ့ အတောက်ပဆုံးအချိန်ဖြစ်နေတတ်ပြီး ယောက်ျားအဖို့အောင်မြင်မူရခါစ (သို့) ဘဝတက်လမ်းတက်ခါစပဲ ရှိနေတတ်သေးပါတယ်။

 

သဘာဝအရ ကလေးတစ်ယောက် နှစ်ယောက်မွေးပြီးလို့ မိန်းမများဟာ မျက်နာအလှရော ခန္ဓာကိုယ်အချိုးစားပါ အကျဘက်ကိုဦးတည်နေတဲ့အချိန်မှာ ယောက်ျားများဟာ လုပ်ငန်းစတင်အဆင်ပြေလာပြီး ဘဝအတက်ဘက်ကို ဦးတည်နေတတ်ပါတယ်။ဒါကြောင့် ဇနီးလုပ်သူဟာ လိမ္မာပါးနပ်ရမှာဖြစ်ပြီး အိမ်ထောင်ရေးသာယာဖို့အတွက် အောက်ပါ အချက်များကိုလေ့လာသင့်ပါတယ်။ ဇနီးများဒါလေးတွေဆောင်ထားဖို့လိုအပ်ပါတယ်....

 

 

() ယောက်ျားကို အရေးပေးတတ်ရမယ်

 

ယောက်ျားဆိုတာ ကိုယ့်ကိုကိုအထင်ကြီးစိတ်နဲ့ အသိအမှတ်ပြုခံလိုစိတ်တို့နဲ့ ဖွဲ့စည်းထားတဲ့သတ္တဝါလို့ဆိုပါတယ်။အဲဒီအချက်နှစ်ချက်ကိုပိုင်နိုင်စွာစော့ကစားတတ်ရင် ကိုယ့်ယောက်ျားကိုကြိုက်သလို ခိုင်းစားလို့ရတယ်လို့ နိုင်ငံခြားဆိုရိုးစကားတစ်ခုကိုရှိပါတယ်။ကိုယ့်ယောက်ျားကို အထူးသဖြင့် လူရှေ့သူရှေ့မှာ မျက်နာသာအပြည့်အဝပေးပါ။ တစ်ခါတစ်လေ ကိုယ်ဆုံးဖြတ်တဲ့ကိစ္စ၊ကိုယ်ပြီးမှ ပြီးရမဲ့ကိစ္စဖြစ်ပေမယ့်လို့ ကိုယ့်ယောက်ျားဆုံးဖြတ်မှ ဒီကိစ္စပြီးမြောက်မယ် ဆိုတဲ့ပုံစံမျိုးဖြစ်အောင်ဖန်တီးပါ။ယောက်ျားမှန်ရင် အဲဒီမျက်နာရတဲ့အရသာကို အလွန်နှစ်သက်တတ်ပါတယ်။

 

 

() ကိုယ့်ပါးစပ်ကိုနိုင်အောင် ထိန်းတတ်ရတယ်

 

ကိုယ့်ယောက်ျားရှေ့မှာ အခြားမိသားစုဝင်တွေကို အတင်းမတုတ်ပါနဲ့ ဇနီးဖြစ်သူ နားလည်ထားရမှာက ဇနီးဆိုတာရွေးချယ်လို့ရတယ်ဆိုတာပါ။သူမိဘဆိုတာ သူရွေးချယ်လို့မရဘူး။ သူ့မိဘကိုလည်း ကိုယ့်မိဘလိုရိုသေရပါမယ်။နောက်တစ်ခု ပါးစပ်ထိန်းရမှာက တဖျစ်တောက်တောက်မငြီးတွားပါနဲ့။တဖျစ်တောက်တောက် ငြီးတွားတာလောက် အိမ်ထောင်ရေးကိုဖျက်ဆီးတဲ့အရာ မရှိတော့ဘူးလို့ အမေရိကန်စာရေးဆရာကြီး ဒေးလ်ကာနယ်ဂျီကဆိုပါတယ်။

 

 

() ဟင်းချက်တတ်အောင်သင်ထားမယ်

 

ကိုယ့်ယောက်ျားရဲ့အစာအိမ်ကို ကိုယ်ထိန်းချုပ်နိုင်ရင် လူကိုပါထိန်းချုပ်ပြီးသား ဖြစ်သွားတယ်လို့ ဆိုရိုးစကားတစ်ခု ကြားဖူးပါတယ်။ဘယ်မှာပဲ ထမင်းသွားစားစား နှစ်ရက် သုံးရက်လောက်ကြာလာရင် အိမ်ဟင်းကို သတိရအောင် ဖန်တီးတတ်ရပါမယ်။

 

 

() ကိုယ်ပိုင်အလုပ်လေးတစ်ခုရှိသင့်တယ်

 

ဝင်ငွေကောင်းကောင်း မကောင်းကောင်း ကိုယ်ပိုင်အလုပ်လေးတစ်ခုရှိသင့်ပါတယ်။မိသားစုအတွင်းမှာ “မှီခို” ဆိုတာ လူသက်သာသလောက် စိတ်မသက်သာပါဘူး။ကိုယ်ပိုင်အလုပ်မရှိတော့ စကားအပြောအဆိုနည်းမယ်။စဉ်းစားတာနည်းမယ်။ပတ်ဝန်းကျင်နဲ့လည်း တဖြည်းဖြည်း အဆက်အသွယ်ပြတ်လာမယ်။ခန္ဓာကိုယ်တဖြည်းဖြည်းဝလာမယ်။ ကျန်းမာရေး ချူချာလာမယ်။မှတ်ဥာဏ် ယိုယွင်းလာမယ်။ စဉ်းစားကြည့်ပါ။ကိုယ့်ခင်ပွန်းအပေါ် စွဲဆောင်မူဟာလည်း တဖြည်ဖြည်းလျှော့ကျလာမယ်ဆိုတာ သေချာပါတယ်။

 

 

() အလှကိုတန်ဖိုးထားရပါမယ်

 

ယောက်ျားရပြီးပြီပဲ သိပ်ပြင်ဆင်စရာမလိုတော့ဘူးလို့ယူဆရင် သင်မှားသွားပါလိမ်မယ်။ဖရိုဖရဲ နေထိုင်ခြင်းကို လုံးဝရှောင်ကျင်ပါ။ သပ်သပ်ရပ်ရပ် ဖြစ်အောင် အမြဲကျိုးစားပါ။ဖရိုဖရဲ နေထိုင်ခြင်းဟာ ကိုယ့်ယောက်ျားကို မောင်းထုတ်သလို ဖြစ်နေတတ်တယ်။

 

 

() ပြုံးပြုံးရွှင်ရွှင် နေတတ်ရပါမယ်

 

အိမ်ဆိုတာ ယောက်ျားအတွက်နွေးထွေးတဲ့ အမောပြေနားခိုရာဋ္ဌာနေတစ်ခုပါ။ပြုံးပြုံးရွှင်ရွှင် ပြုမူခြင်းဖြင့် ကိုယ့်ယောက်ျားအိမ်ပြန်ချင်အောင် စွဲဆောင်နိုင်ပါတယ်။မျက်နာအမြဲ ဆူပုတ်နေမယ်။ မကျေနပ်တာတွေ မျက်နာမှာ အမြဲ ဖေါ်ပြနေမယ်ဆိုရင် ယောက်ျားအိမ်မကပ်ချင်တော့ပါဘူး။

 

 

ဒါလေးတွေကိုရှောင်ကြဉ်ရပါမယ်

 

သွားတဲ့နေရာကို မထောက်လှမ်း မချုပ်ချယ်ပါနဲ့။ယော့က်ျားဆိုတာ ကိုယ့်အလုပ်နဲ့ကိုယ်၊ ကိုယ့်အပေါင်းအသင်းနဲ့ကိုယ်၊ ကိုယ့်ဝါသနာနဲ့ကိုယ် ရှိတတ်ပါတယ်။တခါတလေ ကိုယ်ပိုင်လွတ်လပ်ခွင့်လည်း လိုအပ်ပါတယ်။သူ့ကို လွတ်လပ်ခွင့် အထိုက်အလျောက်ပေးထားသင့်ပါတယ်။ဒါပေမယ့် အိမ်ပြန်နောက်ကျတိုင်း သာကြောင်း မာကြောင်း လေးတော့ ဖုန်းဆက်ဖို့မမေ့အောင်မှာထားပါ။

 

ပိုက်ဆံအိတ်ကို မချုပ်ချယ်ပါနဲ့။ ကိုယ်တိုင်ပိုက်ဆံရှာတတ်တဲ့ ယော့က်ျားအဖို့ ကိုယ်တိုင်ပိုက်ဆံ သုံးပိုင်ခွင့်လည်းပေးထားသင့်ပါတယ်။ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံအလုံအလောက်ရှိမှ ယောက်ျားတွေမျက်နာသာရှိတာပါ။ယောက်ျားကိုမျက်နာသာပေးတတ်အောင် လေ့လာထားပါ။ဇနီးဖြစ်သူကို ပိုက်ဆံသုံးဖို့ အလုံအလောက်ပေးထားရင် ပိုက်ဆံနဲ့ပတ်သက်လို့ ယောက်ျားကိုသိပ်မချုပ်ချယ်တာကောင်းပါတယ်။

 

လက်ကိုင်ဖုန်းထဲက အကြောင်းအရာတွေကို မစုံစမ်းမချုပ်ချယ်ပါနဲ့။ယောက်ျားဖုန်းနံပါတ်ကို စစ်ဆေးတာမျိုး၊ massage ကို စစ်ဆေးတာမျိုး ဓါတ်ပုံကိုစစ်ဆေးတာမျိုး မလုပ်သင့်ပါဘူး။တော်တော်များများ ပြဿနာတွေဟာ သံသယစိတ်ကနေ စတင်ဖြစ်ပေါ်လာတာပါ။တာဝန်ယူစိတ်ရှိတဲ့ ယောက်ျားတစ်ယောက်ဟာ သင်လိုလိုပါပဲ မိသားစုကို ရှေ့တန်းတင်ထားပါတယ်။အတွင်းစိတ်ထဲကနေ ရံဖန်ရံခါ ဖောက်ပြန်တတ်တာ ယောက်ျားတွေရဲ့ သဘာဝလို့ဆိုနိုင်ပါတယ်။

 

 

Credit;အကြည်တော် လုလင်

Read times Last modified on Tuesday, 18 September 2018 11:05
Rate this item
(1 Vote)