Relationship တစ်ခုမှာသည်းမခံသင့်တဲ့ကိစ္စများ

Relationship တစ်ခုမှာသည်းမခံသင့်တဲ့ကိစ္စများ google

အချစ်ရေးအကြောင်း စဉ်းစားတဲ့အခါတိုင်း တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီး ပျော်ရွင်နေကြတဲ့ စုံတွဲပုံရိပ်ကို သင့်စိတ်ထဲမြင်ယောင်မိပါလိမ့်မယ်။

ဒီလိုပျော်ရွင်ဖွယ် အတိပြီးတဲ့ relationship တစ်ခုကို လူတိုင်းပိုင်ဆိုင်လိုကြပေမယ့် အကောင်းဆုံး relationship တစ်ခုဖြစ်ဖို့အတွက် နှစ်ယောက်စလုံးရှောင်ရှားသင့်တဲ့လုပ်ရပ်တွေနဲ့ သည်းမခံသင့်တဲ့ကိစ္စတွေကိုတော့ သတိမထားတတ်ကြပါဘူး။ ဒါကြောင့်ပဲ သည်းမခံသင့်တဲ့ တချို့ကိစ္စတွေမှာ တချို့တွေဟာ စိတ်ဆင်းရဲခံပြီး အရေးမကြီးသယောင် ကျိတ်မှိတ်နေတတ်ကြပါတယ်။ ဒီလိုနေခြင်းဟာ ပြဿနာကိုဖြေရှင်းခြင်းနည်းလမ်း မဟုတ်တာကိုတော့ သိထားသင့်ပါတယ်။

 

-ရိုင်းစိုင်းစွာအပြစ်ဆိုတတ်ခြင်း

လူတွေဟာအများအားဖြင့် စိတ်ဆိုး၊ ဒေါသထွက်တဲ့အခါ ရိုင်းစိုင်းလာတတ်ကြပါတယ်။ ဒါပေမယ့် စိတ်တိုစရာမရှိပဲလည်း ရိုင်းစိုင်းစွာ အရာရာကိုအပြစ်တင်ပြောဆိုတတ်ပါက relationship အတွင်းသည်းမခံသင့်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ပြောဆိုဝေဖန်ခြင်းဟာ ပွင့်လင်းမှုရှိသယောင် လူတွေအထင်မှားတတ်ပြီး တကယ်တော့ မတူညီတဲ့အရာနှစ်ခုဖြစ်ပါတယ်။အကြောင်းအရင်းမခိုင်လုံပဲ ရိုင်းစိုင်းတဲ့စကားမျိုးသာ သုံးခဲ့ရင် အခြေအနေတွေနဲ့ ရလာဒ်တွေအားလုံး ဆန့်ကျင်ဖက်ပြောင်းလဲသွားပါလိမ့်မယ်။

 

-သင့်ကိုသိမ်ငယ်စေရင်

သင့်ရဲ့လက်တွဲဖော်ဟာ သင့်ကိုသိမ်ငယ်အောင်ပြုလုပ်တတ်ခြင်း အဆက်မပြတ်စော်ကားပြောဆိုမှုများ ရှိခဲ့ရင် သူ့အတွက်သတိပေးမှု တစ်ခုတော့လုပ်ဆောင်သင့်ပါတယ်။ ဒီလိုထေ့ငေါ့တဲ့ စကားမျိုးတွေကို တစ်ယောက်ကိုတစ်ယောက်ပြောဆိုတဲ့အခါတွေတိုင်း လက်နက်တစ်ခုလို အသုံးချနေခြင်းကို သည်းခံတာဟာ မမှန်ကန်ပါဘူး။ သင်ကိုအလွန်အကျွံ ဝေဖန်တာမျိုးကိုလက်မခံပါနဲ့။ ဒီလိုစကားမျိုးကိုတွေကို သင်လက်မခံဘူးဆိုတာကို သူသိစေပြီး ဘယ်လိုအရာတွေကိုတော့ သင်လက်ခံနိုင်တယ် ဆိုတာသူသိပါစေ။

 

-အကြမ်းဖက်ခြင်း

စိတ်တိုတဲ့အချိန်ဆို လက်ပါတတ်ပြီး ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်တတ်ခြင်းဟာ ဆိုးရွားတဲ့ ဗီဇတစ်ခုဖြစ်ပါတယ်။ ဒီလိုပြုလုပ်တတ်သူနဲ့ တစ်ဘဝလုံးလက်တွဲခြင်းဟာ သင့်အတွက်ဆိုးကျိုးတွေနဲ့ စိတ်ထိခိုက်စရာတွေပဲ ကြုံလာနိုင်တာကြောင့် ယခုလိုအကြမ်းဖက်မှုတွေကို လုံးဝလက်သင့်မခံကြောင်း ပြသမှရပါလိမ့်မယ်။

 

-ကူညီဖော်မရရင်

အိမ်ထောင်တစ်ခုမှာ နှစ်ဦးစလုံးက တာဝန်တွေဝေမျှပြီး အရာရာတိုင်းကို အတူတကွလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ အကူအညီမပေးတဲ့အပြင် အမိန့်တွေပေးပြီး ကျွန်တစ်ယောက်လို ခိုင်းစေနေတတ်ရင်တော့ စကားမများချင်တာတစ်ခုတည်းနဲ့ သည်းမခံသင့်ပါဘူး။ ယခုအလုပ်တွေဟာ သူနဲ့လည်းသက်ဆိုင်ကြောင်း သင်ဟာသူ့ရဲ့အခိုင်းခံရဖို့ မွေးဖွားလာတာမဟုတ်ကြောင်း သိပါစေ။

 

-လူကြားထဲအရှက်ခွဲတတ်ရင်

ဘယ်လို relationship ပဲဖြစ်ဖြစ် အမှားတစ်ခုခု သို့မဟုတ် ပြဿနာတစ်ခုခုနဲ့ ကြုံရလို့ နှစ်ယောက်သားရှင်းလင်းဖို့ ကြိုးစားတဲ့အခါ နှစ်ယောက်ပဲရှိတဲ့အချိန်မှာပဲ ဖြေရှင်းသင့်ပြီး လူကြားထဲမှာပြောဆိုခြင်းကို ရှောင်ရှားသင့်ပါတယ်။ ဒီလိုမဟုတ်ပဲ သင့်ရဲ့အမှားကို အခြားသူတွေဟာလိုက်လံပြောဆိုခြင်း၊ လူကြားထဲကြမှအပြစ်တင်ပြောဆိုခြင်း၊ အရှက်ကွဲအောင်ပြုလုပ်ခြင်းတို့ကိုတော့ သင်ဘယ်လောက်မှားပါစေ ကိုယ်ပိုင်သိက္ခာအရ သည်းမခံသင့်ပါဘူး။

 

-လိမ်လည်ပြီးဖောက်ပြန်တတ်ရင်

ယုံကြည်မှုဟာ relationship တိုင်းအတွက် အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။သင်ကယုံကြည်ပေးထားပေမယ့် သင့်ရဲ့ချစ်သူက ဖောက်ပြန်မှုတွေ လိမ်ညာမှုတွေကို ခဏခဏကျူးလွန်တတ်ရင်တော့ သင်ဘယ်လောက်ချစ်ချစ် သည်းမခံသင့်ပါဘူး။ သင်သည်းခံလိုက်ရင် အမြဲတမ်းသင့်အပေါ် လှည့်ဖျားဖို့ကြိုးစားနိုင်ပါတယ်။

 

 

Credit;lifestylemyanmar

Read times Last modified on Friday, 01 February 2019 17:39
Rate this item
(1 Vote)