အိမ်ထောင်ဖက်တွေအနေနဲ့အခက်အခဲတွေကြုံနေချိန်မှာတစ်ယောက်ကိုတစ်ယောက်ဘယ်လိုကူညီသင့်သလဲ။

အိမ်ထောင်ဖက်တွေအနေနဲ့အခက်အခဲတွေကြုံနေချိန်မှာတစ်ယောက်ကိုတစ်ယောက်ဘယ်လိုကူညီသင့်သလဲ။ google

ချစ်သူဘဝကနေတစ်ဆင့်တက်လို့အိမ်ထောင်ပြုကြတဲ့အခါအိမ်ထောင်ဦးကာလတွေမှာနှစ်ဦးသားအစစအရာရာအဆင်ပြေကြပေမယ့်

 

အိမ်ထောင်သက်တမ်းကြာလာတဲ့အခါအဆင်မပြေမှုလေးတွေကကြုံလာရတတ်ပါတယ်။

 

အောင်မြင်ပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခုတည်ဆောက်နိုင်ဖို့အတွက် အခက်အခဲတွေကြုံနေချိန်မှာတစ်ယောက်ကိုတစ်ယောက်ဘယ်လိုကူညီရမယ်ဆိုတာလေးကိုလည်းသိထားသင့်ပါတယ်။

 

ဒါကြောင့်ဒီနေ့မှာအိမ်ထောင်ဖက်တွေအနေနဲ့အခက်အခဲတွေကြုံနေချိန်မှာတစ်ယောက်ကိုတစ်ယောက်ဘယ်လိုကူညီရမယ်ဆိုတဲ့ ကအကြုံချက်လေးတွေကို Myanmar Wedding Guide ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

 

(၁) ဝေဖန်မနေပါနဲ့

 

အိမ်ထောင်ဖက်ကသူ့ရဲ့အခက်အခဲကိုရင်ဖွင့်ပြောဆိုတာမျိုးလုပ်လာတဲ့အခါမျိုးမှာ ဝေဖန်ပြောဆိုတာမျိုးထက် စိတ်ဝင်တစားနဲ့ဂရုတစိုက်နားထောင်ပေးခြင်းကပိုပြီးအကူအညီဖြစ်စေပါတယ်။

 

သူ့အခက်အခဲကိုဂရုတစိုက်နားထောင်ပေးတာမျိးကဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်သူ့ဖက်ကရပ်တည်ပေးနေတယ်ဆိုတဲ့အတွေးလေးကိုလည်း ရရှိနိုင်စေပြီးသူ့အတွက်စိတ်ဓာတ်ခွန်းအားလည်းရရှိစေနိုင်ပါတယ်။

 

(၂) သူဟာတန်ဖိုးထားခံရကြောင်းပြပါ

 

သူ့ရဲ့လုပ်ငန်းခွင်ပြဿနာအခက်အခဲတွေကို အမှန်တကယ်မဖြေရှင်းနိုင်ရင်တောင်မှ အိမ်ဟာသူ့အတွက် စိတ်လုံခြုံမှုအပေးနိုင်ဆုံးနေရာဖြစ်တယ်လို့

 

သူခံစာမိလာအောင်ပြုလုပ်ပြီးသူ့ကိုတန်ဖိုးထားကြောင်းပြသပေးပါနော်။တစ်ရက်ကိုအနည်းဆုံး အိမ်မှာသူကဘယ်လိုအရေးပါကြောင်းတွေကိုပြောပြပေးပါနော်။

 

(၃) တက်ကြွစွာနေထိုင်ဖို့သတိပေးပါ။

 

စိတ်ဖိစီးမှုတွေကိုချေဖျက်နိုင်တဲ့အကောင်းဆုံးနည်းလမ်းက ပျော်ရွှင်တက်ကြွစွာနေထိုင်ခြင်းပါပဲ။

 

စိတ်ဖိစီးမှုတွေတအားများပြီးအိမ်ထဲမှာပဲနေနေတဲ့အိမ်ထောင်ဖက်ကို ညနေဖက်မှာ အပြင်ခေါ်ထုတ်ပြီးလျှောက်လည်တာမျိုး၊သီချင်းသွားဆိုတာမျိုး၊ရုပ်ပြောင်ဓာတ်ပုံတွေရိုက်တာမျိုးတွေပြုလုပ်ဖို့တွန်းအားပေးပါ။

 

ဒီလိုပြုလုပ်ပေးခြင်းက သူ့အတွက်စိတ်ထွက်ပေါက်တစ်ခုဖြစ်စေပြီးစိတ်ဖိစီးမှုလျော့ကျစေပါတယ်။

 

Reference: sheknow.com

 

Zawgyi ဖြင့်ဖတ်ရန်...

 





dep1

(၁) ဝေဖန်မနေပါနဲ့



dep




dep3



 



Reference: sheknow.com

Myanmar Wedding Guide

 

jjjj

Read times Last modified on Tuesday, 04 February 2020 13:51
Rate this item
(1 Vote)
Tagged under