အဆင်သင့်မဖြစ်သေးဘဲ စောစောစီးစီးလက်ထပ်လိုက်တဲ့ချစ်သူစုံတွဲတွေဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရနိုင်လဲ

အဆင်သင့်မဖြစ်သေးဘဲ စောစောစီးစီးလက်ထပ်လိုက်တဲ့ချစ်သူစုံတွဲတွေဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရနိုင်လဲ google.com

လူအများစုဟာ ချစ်သူနဲ့စောစောလက်ထပ်ြခင်းအားဖြင့်အချစ်ေရးကို ပိုမိုသာယာပျော်ရွှင်ေစတယ်လို့ထင်တတ်ကြပါတယ်။တကယ်တော့ ဘယ်လောက်ပဲချစ်ချစ်အိမ်ေထာင်ရေးတစ်ခုအတွက်အဆင်သင့်မဖြစ်သေးခင်မှာ စောစောစီးစီးလက်ထပ်ြခင်းဟာ အခက်အခဲများစွာကို ကြုံတွေ့ရနိုင်ပါတယ်။

 

၁။ ခိုင်မာတဲ့ အလုပ်အကိုင်မရှိသေးဘဲအလျင်စလိုလက်ထပ်လိုက်တဲ့အခါ ပထမဦးဆုံးကြုံတွေ့ရမယ့် ပြဿနာကတော့ ငွေကြေးပြဿနာပါ။ ဝင်ေငွရနိုင်တဲ့ အလုပ်အကိုင်မရှိဘဲ စောစီးစွာလက်တွဲလိုက်တဲ့  အတွက်ငွေကြးပြဿနာတွေနဲ့လုံးချာရိုက်ရင်းချစ်ြခင်းတွေလည်း ဆိတ်သုန်းသွားတတ်ပါတယ်။ဒါကြောင့်အိုးအိမ် တစ်ခုရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ငွေအင်အားရရှိနိုင်မယ့်အသက်မွေးဝမးေ်ကျာင်းပညာတစ်ခုကိုတတ်ကျွမ်းထားပြီ၊ခိုင်မာသေချာတဲ့ ဝင်ငွေရနိုင်တဲ့ အလုပ်တစ်ခုရရှိထားပြီဆိုမှအိမ်ေထာင်ပြုဖို့စဥ်းစားသင့်ပါတယ်။

 

၂။ အဆင်သင့်မဖြစ်သေးခင်စောစောစီးစီး လက်ထပ်လိုက်တဲ့ အခါ အိမ်ေထာင်တစ်ခုရဲ့တာဝန်ဝတ္တရားတွေ၊အိမ်တွင်းမှုတွေကိုလည်း သေချာနားမလည်သေးပါဘူး။ မိဘအိမ်မှာကလေးလိုနေခဲ့ ရာကနေ အိမ်ေထာင်ရှင် ကြီးဖြစ်သွားတဲ့ အတွက်အိမ်ေထာင့်တာဝန်တွေကိုထမးေ်ဆာင်ရင်း ပင်ပန်းလာပါတော့တယ်။မနိုင်ဝန်ကိုထမ်းရင်း စိတ်မောလူမောဖြစ်ေနတဲ့အခါ လက်မထပ်ခင်က ကြည်နူးခြငးေ်တွပျောက်ဆုံးသွားပြီး တစ်ေယာက်ကိုတစ်ေယာက်အချိန်မပေးနိုင်တာ၊အိမ်ေထာင်ရေးသုခမပေးနိုင်တော့ တာမျိုးတွေဖြစ်တတ်ကြပါတယ်။

 

၃။ ငယ်ရွယ်တဲ့ သူတွေဟာ အတောင်တဖြတ်ဖြတ်နဲ့ပျံသန်းစပြုလာတဲ့  ငှက်ကလေးတွေနဲ့တူပါတယ်။ လွတ်လွတ်လပ်လပ်နေရမယ့်အရွယ်မှာ စောစောစီးစီးလက်ထက်လိုက်ခြင်းဟာစိတ်ကျဥ်းကြပ်မှုတွေစိတ်ပျော်ရွှင်မှုတွေကိုခံစားရစေပါတယ်အဲဒီအခါမျိုးမှာဇနီးမောငနှံ်ကြားမှာကတောက်ကဆတွေများလာတော့မှာဖြစ်ပါတယ်ဒါကြောင်အိမ်ထောင့်တာဝန်တွေကိုထမးေ်ဆာင်ဖို့ရင့်ကျက်မှုတွေကိုတည်ဆောက်ထားပြီးချိန်မှ လက်ထပ်ဖို့စဥ်းစားသင့်ပါတယ်။

 

၎။ မိမိချစ်သူနဲ့သူ့ရဲ့မိသားစုအသိုင်းအဝိုင်းရဲ့နားလည်မှုကောငးေ်ကာင်းမတည်ဆောက်သေးခင်မှာအလျင်စလိုလက်ထပ်လိုက်တဲ့ အခါ ယောက္ခမတွေနဲ့အဆင်မပြေတာ၊ယောက်မတွေနဲ့ကတောက်ကဆတွေဖြစ်တာစတဲ့ အဆင်မပြေမှုတွေကိုကြုံတွေ့ရတတ်ပါတယ်။မိမိလက်ထပ်မယ့်သူနဲ့သူရဲ့မိသားစုအသိုင်းအဝိုင်းရဲ့ ဓလေ့စရိုက်တွေကို နားလည်လာတဲ့အခြေအနေတစ်ခုကိုတည်ဆောက်ပြီးမှသာ လက်ထပ်သင့်ပါတယ်။

 

၅။ ချစ်သူစုံတွဲအများစုဟာ ကလေးယူမယ့်အစီအစဥေ်တွအကြောင်းလက်မထပ်ခင်မှာ ပြောဆိုဆွေးနွေးဖို့တွန့်ဆုတ်တတ်ကြပါတယ်။ ဒါကြောင့်လည်း ကလေးယူဖို့အစီအစဥေ်တွကိုသေသေချာချာမှတ်နိုင်ြခင်းမရှိသေးဘဲလက်ထပ်ပြီးတဲ့နောက်မှာ ကတောက်ကဆတွေဖြစ်တတ်ပါတယ်။ ကလေးရပြန်ေတာ့လည်း ရင်ေသွးရဲ့တာဝန်ေတွကိုမနိုင်မနင်းထမ်းဆောင်ရင် ဇနီးမောငနှံ်ကြားမှာ စိတ်သဘောထားတွေ ကွဲလွဲလာပါတော့တယ်။ဒါကြောင်လက်မထပ်ခင်မှာကတည်းက ကလေးအရေအတွက်၊ ကလေးတွေရဲ့ အသက်အရွယ်အပိုင်းအခြားတွေကို ကြိုတင်ေဆွးနွေးထားသင့်ပါတယ်။

 

၆။ နားလည်မှုတွေမတည်ဆောက်ရသေးခင်မှာအလျင်စလိုလက်ထပ်လိုက်တဲ့ သူတွေဟာ အိမ်ေထာင့်တာဝန်၊ဇနီးမယားတာဝန်၊ခင်ပွန်းတာဝန်တွေကိုကောင်းစွာမခွဲဝေတတ်သေးပါဘူး။ အိမ်ေထာင့်တာဝန်တွကို ခွဲဝေမှုမမျှတတဲ့ အခါ အချိန်တိုအတွင်း်တည်ဆောက်ခဲ့တဲ့ အိမ်ေထာင်ရေးဟာယိုင်နဲ့လာပါတော့ တယ်။အဲဒီပြဿနာကိုဖြေရှငးနိုင်ဖို့အကောင်းဆုံးနည်းလမ်းကတော့အိမ်ေထာင့်တာဝန်တွေကို နှစ်ေယာက်သားဘယ်လိုခွဲဝေလုပ်ေဆာင် ကြမလဲဆိုတာကို ကြိုကြိုတင်တင် ဆွေးနွေးတိုင်ပင်ထားခြင်းပါပဲ။

 

၇။ ချစ်သူသက်တမးန်ုနယ်တဲ့ အခါမှာ တစ်ေယာက်ကိုတစ်ေယာက်မခွဲနိုင်မခွာနိုင် တွေဖြစ်ပြီးဘာကိုမှမပြင်ဆင်ရသေးဘဲ စောစောစီးစီးလက်ထပ်လိုက်တဲ့ အခါပျားရည်ဆမ်းကာလမှာတော့သိပ်ကိုအဆင်ပြေချောမွေ့ပါတယ်။ ဒါပေမဲ့အိမ်ေထာင်ရေးဆိုတဲ့  ကြိုးဝိုင်းကြီးမှာနဖူးတွေ့ဒူးတွေ့ယှဉ်ပြိုင်လာရတဲ့အခါမှာတော့ အတ္တတွေ၊ မာနတွေကို ချိုးနှိမ်တဲ့ အတတ်ပညာကိုမတတ်မြောက်သေးတဲ့ အတွက်အိမ်ေထာင်ရေးမှာကသီကလင်တွေဖြစ်ပြီး ရှုပ်ေထွးမှုတွေကြုံတွေ့ ရတော့ တယ်။ဒါကြောင်တစ်ဦးအပေါ်တစ်ဦးပေးဆပနိုင်ပြီလား၊ အားနည်းချက်တွေကို ခွင့်လွှတ်နုင်ပြီလား၊ တစ်ေယာက် ကိုတစ်ေယာက်အပြည့်အဝနားလည်ပြီလားဆိုတာကို စဥ်းစားပြင်ဆင်ပြီးမှလက်ထပ်သင့်ပါတယ်။လက်ထပ်ပြီးတဲ့ နောက်မှာ ကြုံတွေ့လာနိုင်တဲ့ အခက်အခဲတွေကို ကြိုတင်ြပင်ဆင်ထားနိုင်မှ သာယာပျော်ရွှင်တဲ့ အိမ်ေထာင်ရေးဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ချစ်သူစုံတွဲတွေအားလုံး အိမ်ေထာင်ရေးဘဝအတွက်လိုအပ်မယ့်ရိက္ခာတွေအားလုံးကို ကြိုတင်ြပင်ဆင်ရင်းအချစ်ေတွနဲ့ တည်ဆောက်ထားတဲ့ အိမ်ေလးကိုတစ်ဘဝလုံးလှပစွာ ဖြတ်ကျော်နေထိုငနိုင်ပါစေလို့ ဆုမွန်ေကာင်းတောင်းပေးလိုက်ပါတယ်။


Myanmar Wedding Guide

 

Credit;Gandawin Magazine

Read times Last modified on Wednesday, 19 September 2018 10:31
Rate this item
(1 Vote)