ကိုယ့်ချစ်သူကို တန်ဖိုးထားပေးပါ

ကိုယ့်ချစ်သူကို တန်ဖိုးထားပေးပါ google.com

ကိုယ့်ချစ်သူ မိန်းကလေးကို ဂရုမစိုက်လည်းရပါတယ်။

 

သူ့ဆီက ပြန်ဂရုစိုက်မှုတွေကိုတော့ မမျှော်လင့်ပါနဲ့။

 

ကိုယ့်ချစ်သူ ကောင်မလေးကို ပစ်ထားတယ်ဆိုရင်လည်းရပါတယ်။

 

အခြားတစ်ယောက်က သူ့ကိုတန်ဖိုးထားတဲ့အခါ မုဒိတာပွားပေးနိုင်ဖို့တော့ လိုအပ်ပါတယ်။

 

ကိုယ့်ချစ်သူ ကောင်မလေးကိုအရာအားလုံးရဲ့နောက်မှာ ထားတယ်ဆိုရင်လည်းရပါတယ်။

 

သူမခံချင်စိတ်တွေနဲ့ ပြေးထွက်သွားတဲ့အခါ သင်ဆွဲထားတယ်ဆိုရင်လည်း သင့်ဘေးမှာရှိဖို့မသေချာတော့ပါဘူး။

 

ကိုယ့်ချစ်သူ ကောင်မလေးကို စိတ်ဒုက္ခတွေပေးမယ်ဆိုရင်လည်း ရပါတယ်။

 

 

အခြားတစ်ယောက်က သူ့ကိုအပြုံးတွေ ဖန်ဆင်းပေးတဲ့အခါ သင်နောင်တမရဖို့တော့လိုပါတယ်။

 

တစ်ခါတစ်လေမှာ လောကကြီးကကိုယ်နဲ့အနီးဆုံးမှာရှိပြီး မပိုင်ဆိုင်ခဲ့ရတဲ့အရာတွေဟာ ကိုယ့်အတွက်အဖိုးတန်ဆုံးတွေ ဖြစ်နေတတ်တယ်ဆိုတာသိထားသင့်ပါတယ်။

 

ဘယ်အရာမှ အချိန်လွန်ရင် ပြန်မရတတ်ပါဘူး။ ကိုယ့်ချစ်သူကောင်းမလေးကို တန်ဖိုးထားကြပါ။

 

 

Myanmar Wedding Guide

Read times Last modified on Tuesday, 18 September 2018 15:51
Rate this item
(1 Vote)