ကိုယ့်အပေါ်အကယ်ချစ်တဲ့ ချစ်သူမှန်း သိနိုင်တဲ့အချက်များ

ကိုယ့်အပေါ်အကယ်ချစ်တဲ့ ချစ်သူမှန်း သိနိုင်တဲ့အချက်များ google.com

ကိုယ့်ကို တကယ်ချစ်တဲ့ ယောက်ျားလေးတစ်ယောက်ကို ပိုင်ဆိုင်ရတာဟာ

အရမ်းကို ကံကောင်းပါတယ်။ ဒီလို ယောက်ျားလေးမျိုးနဲ့ ချစ်သူဖြစ်ရတာဟာလည်း စိတ်ချမ်းသာစရာကောင်းပါတယ်။

 

ကိုယ့်အပေါ်တကယ်ချစ်တဲ့ချစ်သူမှန်း သိနိုင်တဲ့အချက်များကို အောက်တွင်ဖော်ပြပေးလိုက်ပါတယ်။

 

စိတ်ဆိုးမှာကြောက်ခြင်း

 

သင့်ချစ်သူဟာ သင်စိတ်ဆိုးမှာကို အရမ်းကြောက်တဲ့သူမျိုးဖြစ်ပါတယ်။ ထို့ကြောင့် သင့်ကိုအမြဲတမ်းဦးစားပေး လိုက်လျောတဲ့ အချိန်တွေက ပိုများပါတယ်။

 

သူ့ရဲ့ဆန္ဒတွေထက် ကိုယ့်ရဲ့ဆန္ဒတွေကို ပိုပြီးဦးစားပေးတတ်တဲ့သူမျိုးလည်းဖြစ်ပါတယ်။ တစ်ခါတစ်လေ အသေးအမွှားကိစ္စလေးတွေမှာတော့ သင့်ကို မုသားစကားအနည်းငယ် ပြောတတ်ကြပါတယ်။

 

ဘာဖြစ်လို့လဲဆိုတော့ သင်မကြိုက်တဲ့အရာလေးတွေကို သူလုပ်မိတဲ့အခါ သင်စိတ်ဆိုးသွားမှာ ကြောက်တဲ့အတွက်ကြောင့် မုသားစကားဆိုခြင်းဖြစ်ပါတယ်။

 

အဲလိုအချိန်မျိုးဆိုရင် သိပ်အရေးမကြီးတဲ့ အရာတွေကို မသိချင်ယောင် ဆောင်ပေးလိုက်တာက သင့်အတွက် ပိုကောင်းပါလိမ့်မယ်။

 

မကြည့်ရက်ခြင်း

 

ချစ်သူတွေရဲ့ သဘာဝ တစ်ခါတလေ ကတောက်ကဆ ဖြစ်တဲ့အချိန်တွေလည်းရှိကြပါတယ်။ အကြီးအကျယ်ရန်ဖြစ်တဲ့ အချိန်တွေလည်း ရှိချင်ရှိကြပါမယ်။ သို့ပေမယ့် သင့်ချစ်သူဟာ သင်နဲ့ဘယ်လောက်ပဲ စိတ်ဆိုးစိတ်ကောက်နေပါစေ၊ သင့်ကိုအကြာကြီး မချော့ဘဲ ပစ်ထားတတ်တဲ့သူမဟုတ်ပါဘူး။

 

သင့်ချစ်သူက တစ်ရက်အတွင်း သင့်နဲ့ပြေလည်အောင် ကြိုးစားမယ့်သူမျိုးဖြစ်ပါတယ်။ အကြောင်းကတော့ သင်မပျော်ရင် သူလည်းမပျော်နိုင်သလို၊ သင်နာကျင်နေရမှာကို သူ လုံးဝမကြည့်ရက်တာကြောင့် ဖြစ်ပါတယ်။

 

ဂရုစိုက်ခြင်း

 

သင့်ချစ်သူဟာ သင့်ကို အရမ်း ဂရုစိုက်လွန်းလို့ တစ်ခါတလေ သင့်စိတ်ထဲမှာ သူ့ကို သနားမိတဲ့ အချိန်တွေတောင် ရှိနေတတ်ပါတယ်။

 

သူဒီလို ဂရုစိုက်တယ်ဆိုတာကလည်း သင့်ကို အရမ်းချစ်ပြီး ဂရုစိုက်လို့ပဲဖြစ်ပါတယ်။ သင်ဘာလိုချင်လဲ၊ ဘယ်လိုခံစားရလဲ၊ ဘာလိုအပ်လဲဆိုတာကို အမြဲတမ်းအကဲခတ်ပြီး သူတတ်နိုင်သမျှ သင့်ကို ဖြည့်ဆည်းပေးနေခြင်း ဖြစ်ပါတယ်။

 

ထို့ကြောင့် ဂရုစိုက်တယ်ဆိုတဲ့နောက်မှာ သူ့စိတ်တစ်ခုလုံး သင့်ဆီမှာ နှစ်ထားတယ်ဆိုတာ မမေ့သင့်ပါ။

Read times Last modified on Wednesday, 19 September 2018 14:44
Rate this item
(5 votes)