ပိုမိုပျော်ရွှင်တဲ့အချစ်ရေးရရှိဖို့ ယမကာ အတူတူသောက်ကြစို့

ပိုမိုပျော်ရွှင်တဲ့အချစ်ရေးရရှိဖို့ ယမကာ အတူတူသောက်ကြစို့ google.com

ဘီယာ၊ အရက်၊ ၀ိုင် အစရှိတဲ့ ယမကာတွေကို အတူတူသောက်တတ်ကြတဲ့ စုံတွဲတွေရဲ့ဆက်ဆံရေးဟာ ပိုမိုခိုင်မြဲတယ်လို့ သုတေသနပညာရှင်တွေကဆိုပါတယ်။

သောက်တဲ့အခါမှာလည်း အနည်းအများကအရေးမကြီးဘဲ နှစ်ဦးစလုံးသောက်တတ်တဲ့သူတွေဖြစ်ဖို့ပဲလိုတယ်လို့ မီချီဂန်တက္ကသိုလ်က ဒေါက်တာ ဘာ့ဒစ် ဦးဆောင်တဲ့သုတေသနအဖွဲ့က လေ့လာဖော်ညွှန်းထားတာဖြစ်ပါတယ်။

 

 

လက်ရှိအချစ်ရေးကိုပိုမိုပျော်ရွှင်စေချင်တယ်ဆိုရင်တော့ တစ်ဦးတည်းသောက်တာထက်စာရင် ချစ်သူစုံတွဲနှစ်ဦးစလုံးသောက်ဖို့ တိုက်တွန်းထားပါတယ်။ ဒီလေ့လာတွေ့ရှိချက်ဟာ သက်လတ်ပိုင်းအရွယ် အိမ်ထောင်သည်စုံတွဲပေါင်း ၂ ထောင်ကျော်ကို မေးမြန်းပြီးစစ်တမ်းကောက်ယူရရှိထားတာဖြစ်တာပြီး သူတို့ရဲ့ယမကာမှီဝဲ တတ်တဲ့အမူအကျင့်များနဲ့ အိမ်ထောင်ရေးအခြေအနေများအပေါ်မှာ အခြေခံပြီးတွက်ချက်ထားတာဖြစ်ပါတယ်။

 

Read More: အချစ်ရေးမှာပျော်ရွှင်နေကြသူများဟာ ၀ိတ်ပိုတက်နိုင်ကြောင်းရှာဖွေတွေ့ရှိ
                  81386846

 

ဒေါက်တာ ဘာ့ဒစ်က ယမကာ အတူတူသောက်လေ့သောက်ထရှိတဲ့ စုံတွဲတွေဟာ အချစ်ရေးမှာပိုမိုပျော်ရွှင်ရတယ်ဆိုပေမယ့် စုံတွဲတွေကို ယမကာ သောက်ဖို့အတွက် ဒီလေ့လာတွေ့ရှိချက်က တိုက်တွန်းထားတာတော့မဟုတ်ဘူးလို့ ဆိုပါတယ်။ ယမကာ အတူတူသောက်တဲ့စုံတွဲတွေဟာ တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးပြီး လျှို့ဝှက်ချက်များလည်း မထားတတ်ကြတဲ့သူတွေလို့သိရပါတယ်။

 

လေ့လာတွေ့ရှိချက်အရတော့ ယမကာသောက်တတ်တဲ့ အမျိုးသမီးတွေဟာ သူတို့သောက်တဲ့အခါမှာ တစ်ယောက်တည်းသောက်ရတာထက် သူတို့ရဲ့အမျိုးသားနဲ့သောက်ရတာကိုပိုမိုနှစ်ခြိုက်တယ်လို့သိရပါတယ်။

 

Source – Duwun

Read times Last modified on Wednesday, 19 September 2018 11:01
Rate this item
(1 Vote)