၎ ၊ ၅ ၊ ၆ ဂဏာန်းသမားအတွက်အချစ်ရေးကိုဖော်ပြပေးလိုက်ပါတယ်

၎ ၊ ၅ ၊ ၆ ဂဏာန်းသမားအတွက်အချစ်ရေးကိုဖော်ပြပေးလိုက်ပါတယ် google

၎ ၊၅ ၊၆ ဂဏာန်းသမား များအတွက်အချစ်ရေးကိုဖော်ပြပေးလိုက်ပါတယ်။

 

 

(၄)ဂဏန်းသမားများအတွက်အချစ်ရေး


အချစ်ရေးမှာအရူးမီးဝိုင်းနေတဲ့အချိန်ပေါ့။တခြားသူရဲ့စကားတွေနားယောင်မိလို့ ချစ်သူအပေါ် သံသယစိတ်တွေများနေတတ်ပါတယ်။


ချစ်သူနောက်တစ်ကောက်ကောက်လိုက်နေချင်တဲ့အချိန်ပါဘဲ။ ဒီအချိန်ဟာချစ်သူအတွက်အရူးတစ်ယောက်လိုခံစားနေရချိန်ပါဘဲ။


တစ်ခါတစ်လေတော့ ချစ်သူရဲ့အရူးလုပ်ခြင်းကိုခံရတတ်ပါတယ်။ ဒါပေမယ့်ကိုယ်ကလည်း အချစ်ရူးလေးဖြစ်နေတော့သူပြုသမျှနုရတဲ့အချိန်ပေါ့။

 

 

 

(၅)ဂဏန်းသမားများအတွက်အချစ်ရေး

 


အချစ်ရေးမှာတော့ ချစ်သူရဲ့စိုးမိုးခြင်းကိုခံနေရပါလိမ့်မယ်။ သူပြုသမျှနုနေရတဲ့အချိန်ပါဘဲ။ သူဘာဘဲလုပ်လုပ်၊ သူဘာဘဲပြောပြောအကောင်းပေါ့။


ဒီအချိန်ဟာ ကိုယ်ဘက်က ဘာဘဲလုပ်လုပ် ဘာဘဲပြောပြော သူ့စိတ်ထဲ မျက်လုံးထဲတော့ ကန့်လန့်ပေါ့။ မိတ်ဆွေ သူငယ်ချင်းတွေကြားမှာလည်း ချစ်သူနှင့်ပတ်သက်ပြီး မကောင်းမြင်ခံရတတ်ပါတယ်။


နှစ်ဘက်အကြီးအကဲ လူကြီးတွေနဲ့ပတ်သက်ပြီးစကားများတတ်ပါတယ်။ သတိတော့ထားပါ။ အချစ်ရေးမှာပျက်သွားတတ်ပါတယ်။

 

 

 

(၆)ဂဏန်းသမားများအတွက်အချစ်ရေး

 


အချစ်ရေးမှာချစ်သူရဲ့အရူးလုပ်ခြင်းခံရတတ်ပါတယ်။ ချစ်သူရဲ့လှည့်စားခြင်း၊ လိမ်လည်ခြင်းကိုခံရတတ်ပါတယ်။


ဒီအချိန်ဟာ နှစ်ဦးကြား သံသယစိတ်တွေများနေတတ်ပါတယ်။ ချစ်သူအတွက်အရူးတစ်ယောက်လို ခံစားနေရချိန်ပါဘဲ။


အချစ်ကြီးတဲ့သူဖြစ်တာမို့ သူများထက်ပိုပြီးခံစားနေရတတ်ပါတယ်။ ဒါပေမယ့်ကိုယ်ကလည်း အချစ်ရူးလေးဖြစ်နေတော့သူပြုသမျှနုရတဲ့အချိန်ပေါ့။


အချစ်ရေးနဲ့ပတ်သက်ပြီး မိတ်ဆွေသူငယ်ချင်းတွေရဲ့အကူအညီရရှိပါလိမ့်မယ်။

 

 

 

Source- အဂ္ဂမင်း 

 

 

Myanmar Wedding Guide 

 

 

Wedding banner design 03 1

Read times
Rate this item
(0 votes)
Tagged under