ချစ်သူတွေကြား အကောင်းအဆိုးမှန်သမျှကို မျှဝေပါ

ချစ်သူတွေကြား အကောင်းအဆိုးမှန်သမျှကို မျှဝေပါ google.com

ချစ်သူ့ရင်ခွင်ဆိုတာကတော့ အထူးတလည် ဘာမှလုပ်ပေးစရာ မလိုဘဲနဲ့တောင် ဒီတိုင်းလေး ခိုလိုက်တာနဲ့ အဆိုးတွေကို အနိုင်ယူပြီး ဖြေသိမ့်ပေးနိုင်ပါတယ်။

 

ချစ်သူတွေဆိုတာ တစ်နေ့တာလုံးမှာ တစ်ယောက်နဲ့တစ်ယောက် အချိန်အပေးဆုံး လူသားတွေလို့ ဆိုရမှာပါ။ မနက်ခင်းမိုးလင်း မျက်လုံးနှစ်လုံးပွင့်ကတည်းက Good Morning ဆိုပြီး စနှုတ်ဆက်လိုက်ကတည်းက ညမိုးချုပ် Good Night လို့ ပြန်နှုတ်ဆက်လိုက်တဲ့အချိန်အထိ ဘေးနားတစ်နေ့တာလုံး အကြောင်းကို ပြောပြနေမိတဲ့ ဆက်ဆံရေးမျိုးပဲ ဖြစ်ပါတယ်။ ဒီလောက် အချိန်တွေပေးနေမိတဲ့ချစ်သူတွေကြားမှာ အကောင်းအဆိုး မှန်သမျှကို ဝေမျှတတ်ဖို့လိုအပ်တဲ့အကြောင်းပဲ ဖြစ်ပါတယ်။

 

 

အကောင်းတွေကို ပြောပြတာကတော့ ပျော်ရွှင်မှုကို ဆတိုးပျော်စေပါတယ်

 

တစ်ခုခု ပျော်စရာတွေ့လို့ ကိုယ်ချစ်တဲ့သူကို အရင်ဆုံးပြေးပြီး ပြောပြလိုက်ရတာကတော့ ပျော်ရွှင်ခြင်းကို ဆတိုးပျော်ရွှင်စေနိုင်ပါတယ်။ ကိုယ်ချစ်ရတဲ့သူကို ကိုယ့်ပျော်စရာလေးတွေ ပြေးပြောလိုက်ရတာကတော့ သူ့ကိုယ်လည်း ကိုယ့်လိုပျော်သွားစေနိုင်ပြီး သူပျော်တာ မြင်ရတဲ့အတွက် ကိုယ်ပါပိုပျော်လာမိတဲ့ ထပ်တိုးပျော်ရွှင်မှုကို ခံစားစေနိုင်တဲ့အတွက်ပဲ ဖြစ်လို့ပါ။

 

 

အဆိုးတွေကို အနိုင်ယူလိုက်နိုင်ဖို့ ဖြေသိမ့်ပေးနိုင်ပါတယ်

 

ဘဝရဲ့အမောတွေကို ပြေပျောက်စေနိုင်တဲ့နေရာလေးအထဲမှာတော့ ချစ်သူ့ရင်ခွင်လေးကတော့ တစ်ခုအပါပဲ။ ဘာကြောင့်ပဲ ဘယ်လို ပူပန်မှုတွေ၊ စိုးရိမ်စရာတွေ ခံစားလိုက်ရပါစေ ချစ်သူလေးရဲ့ ရင်ခွင်လေးထဲ ပြေးပြီး ခိုလိုက်ရုံနဲ့ပင်ပန်းထားသမျှတွေက ချက်ချင်း ပျောက်သွားမှာပဲ ဖြစ်ပါတယ်။

ချစ်သူ့ရင်ခွင် ဆိုတာကတော့ အထူးတလည် ဘာမှလုပ်ပေးစရာ မလိုဘဲနဲ့တောင် ဒီတိုင်းလေး ခိုလိုက်တာနဲ့ အဆိုးတွေကို အနိုင်ယူပြီး ဖြေသိမ့်ပေးနိုင်ပါတယ်။ ဒါကြောင့် အဆင်မပြေမှုတွေကြောင့် စိတ်ပင်ပန်းနေတာတွေ၊ အဆိုးတွေ ဖြစ်လာတဲ့အချိန်မှာ ကိုယ့်ချစ်သူလေးရဲ့ အဆိုးအကောင်း မှန်သမျှကို မျှဝေခံစားတတ်ဖို့ လိုအပ်ပါတယ်နော်။

 

အခု ပြောပြထားတဲ့အချက်လေးတွေကို ဖတ်ကြည့်ပေးပြီး ချစ်သူတွေကြားမှာ ရှိတဲ့အရာလေးတွေတိုင်းကို မျှဝေတတ်ဖို့ ကြိုးစားလိုက်ပါနော်။ ချစ်ခြင်းတွေပြည့်တဲ့နေ့ရက်လေးတွေကို ဖန်တီးလိုက်နိုင်ဖို့ ပြောပြလိုက်ပါတယ်။

 

 

Credit;Marry

Read times Last modified on Friday, 05 October 2018 16:09
Rate this item
(1 Vote)