ကံကောင်းတဲ့မိန်းကလေးဆိုတာဘယ်လိုမျိုးလဲ

ကံကောင်းတဲ့မိန်းကလေးဆိုတာဘယ်လိုမျိုးလဲ google.com

ကံကောင်းတဲ့မိန်းကလေးဆိုတာ

 

 

ပိုက်ဆံချမ်းသာတဲ့သူနဲ့ တွဲရတာမျိုးလည်း မဟုတ်ဘူး

 

ရုပ်ချောတဲ့သူကို ရည်းစားတော်ရတာမျိုးလည်း မဟုတ်ဘူး

 

Sa Ku Ra ဖေ့စ်ဘုတ်ပေ့ခ်ျမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။

 

ကိုယ့်ဘေးမှာရှိတဲ့ ယောင်္ကျားတစ်ယောက်က

ကိုယ်ဘယ်လိုအချိန်မှာ ဘာကိုလိုအပ်နေတယ်ဆိုတာ

အလိုက်တသိနဲ့ ဖြည့်ဆည်းပေးတတ်တဲ့လူမျိုး ဖြစ်နေတာကိုမှ ကံကောင်းတယ်လို့ခေါ်တယ်။

 

ကိုယ့်ဘေးကလူက ဘယ်လောက်ပဲ ပိုက်ဆံရှိပါစေ

ဘယ်လောက် ရုပ်ချောပါစေ

ဘယ်လောက် အမှားမလုပ်ပဲ မှန်ကန်နေပါစေ

ကိုယ့်အတွက် အသုံးမဝင်ဘူးမှန်း သိလာတဲ့အခါ

အရာရာက အလကားပဲ။

 

ကြင်နာရကောင်းမှန်းမသိ ဂရုစိုက်ရကောင်းမှန်းမသိ

ကိုယ်တိုင်လည်း မချစ်ပြတတ်

သူများလာချစ်မှာလည်း မလိုလားဘူးဆိုတာမျိုးက

ကောက်ရိုးပုံ စောင့်တဲ့ ခွေးလိုပဲ။

 

တကယ့်ယောင်္ကျားကောင်းဆိုတာ ကိုယ့်ချစ်သူကို

အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်တတ်တဲ့

အားငယ်နေချိန်ဆို အားပေးပြီး ကြင်နာတတ်တဲ့ ယောင်္ကျားမျိုးကို ခေါ်တယ်။

 

အလုပ်တွေ မအားမလပ်နိုင်အောင် ကြိုးစားနေရလို့ဆိုရင်တော့ တမျိုးပေါ့။

 

ဒါတောင် ချစ်တတ် ကြင်နာတတ်တဲ့ ယောင်္ကျားက အားတဲ့အချိန်မှာ သတိတရနဲ့ ဘာလုပ်နေတယ် ဘယ်သွားနေတယ်ကအစ မေးစရာမလိုအောင် ပြောပြချင်စိတ် ရှိပြီးသား။

 

မိန်းမတစ်ယောက်ရဲ့ ဝဋ်ကြွေးအကြီးဆုံး

အချိန်ဆိုတာ ကိုယ့်ကို မချစ်တတ် မကြင်နာတတ်

ဂရုမစိုက်တတ်တဲ့ ယောင်္ကျားတစ်ယောက်ရဲ့ ဘေးမှာ ရှင်သန်နေထိုင်ရခြင်းပဲ။

 

မင်းတို့မိန်းမတွေ ဘာမဟုတ်တာလေးကို ပုံကြီးချဲ့နေကြတယ်လို့ ထင်ချင်ထင်လိမ့်မယ်။

 

ဒါပေမယ့် Relationship ရှိတဲ့ မိန်းမချင်းအတူတူ

သူများ ဂရုစိုက်ခံ ကြင်နာယုယခံနေရတာမြင်ရင်

ဥပေက္ခာပြုခံရတဲ့မိန်းမတွေ ဘယ်လောက် ဝမ်းနည်းရလဲဆိုတာ ခံစားဖူးတဲ့သူတိုင်း သိတယ်။

 

မလိုအပ်ဘူးလို့ ကိုယ်ထင်တဲ့အရာတစ်ခု

အရေးမပါဘူးလို့ ကိုယ်ထင်တဲ့အရာတစ်ခုက

တဖက်သားအတွက် မရှိမဖြစ် လိုအပ်နေတတ်တယ်ဆိုတာ သတိထားပေးပါ။

 

Credit – Sakura

Read times Last modified on Wednesday, 19 September 2018 10:47
Rate this item
(2 votes)
Tagged under