ဇနီးကောင်းတို့ ဆောင်ရွက်ရမည့်အချက်များ

ဇနီးကောင်းတို့ ဆောင်ရွက်ရမည့်အချက်များ google.com

ဇနီးလုပ်သူဟာ ကိုယ့်ယောက်ျားအပေါ်မှာ လိမ္မာပါးနပ်ရမှာဖြစ်ပြီး အိမ်ထောင်ရေးသာယာဖို့အတွက်

 

အောက်ပါအချက်များကို လေ့လာထားသင့်ပါတယ်။

 

ကိုယ့်ယောက်ျားကို အလေးထားခြင်း

 

ယောက်ျားဆိုတာ ကိုယ့်ကိုယ်ကိုအထင်ကြီးစိတ်နဲ့ အသိအမှတ်ပြုခံလိုစိတ်တို့နဲ့ ဖွဲ့စည်းထားတယ်လို့ ခံယူကြပါတယ်။ အဲဒီအချက်နှစ်ခုကို ပိုင်နိုင်စွာထိန်းထားတတ်ရင် ကိုယ့်ယောက်ျားကို ကြိုက်သလို
ခိုင်းစားလို့ရတယ်လို့ ဆိုရိုးစကားတစ်ခုကို ကြားဖူးပါတယ်။

 

ကိုယ့်ယောက်ျားကို အထူးသဖြင့် လူရှေ့သူရှေ့မှာ အလေးထားမှုအပြည့်အ၀ပေးပါ။ တစ်ခါတစ်လေ
ကိုယ်ဆုံးဖြတ်တဲ့ကိစ္စ၊ ကိုယ်ပြီးမှပြီးရမဲ့ကိစ္စဖြစ်ပေမယ့်လို့ ကိုယ့်ယောက်ျားဆုံးဖြတ်မှ ဒီကိစ္စပြီးမြောက်မယ် ဆိုတဲ့ပုံစံမျိုးဖြစ်အောင် ပြုလုပ်သင့်ပါတယ်။ ယောက်ျားမှန်ရင် အဲဒီမျက်နှာရတဲ့ အရသာကို အလွန်နှစ်သက်ကြပါတယ်။

 

ကိုယ့်ပါးစပ်ကိုနိုင်အောင် ထိန်းချုပ်ခြင်း


ကိုယ့်ယောက်ျားရှေ့မှာ အခြားမိသားစုဝင်တွေကို အတင်းမတုတ်ပါနဲ့။ ဇနီးဖြစ်သူနားလည်ထားရမှာက
ဇနီးဆိုတာ ရွေးချယ်လို့ရတယ်။ သူ့မိဘဆိုတာ သူရွေးချယ်လို့မရဘူး။ သူ့မိဘကိုလည်း ကိုယ့်မိဘလို
ရိုသေရပါမယ်။

 

နောက်တစ်ခုက သူ့ရှေ့မှာ တဖျစ်တောက်တောက် မငြီးတွားပါနဲ့။ တဖျစ်တောက်တောက် ငြီးတွားတာက အိမ်ထောင်ရေးကို ဖျက်ဆီးတဲ့အရာမရှိတော့ဘူးလို့ ရှေးလူကြီးများက ဆိုကြပါတယ်။

 

ပြုံးပြုံးရွှင်ရွှင် နေတတ်ခြင်း



အိမ်ဆိုတာ ယောက်ျားအတွက် နွေးထွေးတဲ့ အမောပြေ နားခိုရာနေရာတစ်ခုပါ။ ပြုံးပြုံးရွှင်ရွှင် ပြုမူခြင်းဖြင့် ကိုယ့်ယောက်ျား အိမ်ပြန်ချင်အောင် စွဲဆောင်နိုင်ပါတယ်။

 

မိန်းမမျက်နာအမြဲဆူပုတ်နေမယ်။ မကျေနပ်တာတွေ မျက်နာမှာ အမြဲဖေါ်ပြနေမယ်ဆိုရင် ဘယ်ယောက်ျားကမှ အိမ်မကပ်ချင်တော့ပါဘူး။



ဟင်းချက်တတ်အောင်လုပ်ထားခြင်း


ကိုယ့်ယောက်ျားရဲ့ အစာအိမ်ကို ကိုယ်ထိန်းချုပ်နိုင်ရင် လူကိုပါ ထိန်းချုပ်ပြီးသားဖြစ်သွားတယ်လို့ ဆိုရိုးစကားတစ်ခုကြားဖူးပါတယ်။

 

ဘယ်နေရာမှာပဲ ထမင်းသွားစားစား နှစ်ရက်သုံးရက်လောက်ကြာလာရင် အိမ်ဟင်းကို သတိရအောင် ဖန်တီးယူရပါမယ်။

 

ကိုယ်ပိုင်အလုပ်လုပ်ခြင်း



ဝင်ငွေကောင်းကောင်းမကောင်း ကိုယ်ပိုင်အလုပ်လေးတစ်ခုရှိသင့်ပါတယ်။


မိသားစုအတွင်းမှာ အိမ်ရှင်မ ဆိုတာ လူသက်သာသလောက် စိတ်မသက်သာပါဘူး။ ကိုယ်ပိုင်အလုပ်မရှိတော့ စကားအပြောအဆိုနည်းခြင်း၊ စဉ်းစားတာနည်းခြင်းတို့ ဖြစ်စေတတ်ပါတယ်။

 

ပတ်ဝန်းကျင်နဲ့လည်း တဖြည်းဖြည်း အဆက်အသွယ်ပြတ်လာပြီး ခန္ဓာကိုယ်တဖြည်းဖြည်းဝလာခြင်း၊ ကျန်းမာရေးချူချာခြင်း၊ မှတ်ဥာဏ်ယိုယွင်းလာခြင်းတို့ ဖြစ်ပေါ်စေတတ်ပါတယ်။

 

ကိုယ့်ခင်ပွန်းအပေါ်စွဲဆောင်မှုလည်း တဖြည်ဖြည်း လျှော့ကျစေမှာဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:16
Rate this item
(1 Vote)