ချစ်ရသူကြောင့်စိတ်ညစ်ရတဲ့အခါ

ချစ်ရသူကြောင့်စိတ်ညစ်ရတဲ့အခါ google.com

ဝေဒနာတွေကိုသက်သာလိုသက်သာငြားစိတ်ထွက်ပေါက်ရှာရင်းနဲ့ကိုယ့်ကိုထိခိုက်စေမယ့်၊ ကိုယ့်အတွက်မကောင်းတဲ့ကိစ္စတွေကိုလုပ်မိတတ်ပါတယ်။

 

ချစ်ရသူအတွက်ခံစားရတဲ့စိတ်သောကတွေကချစ်တတ်သူတိုင်းမှာရှိမှာပါ။ ချစ်သူနဲ့အဆင်မပြေတဲ့အခါ၊ ချစ်ရသူကကိုယ့်အချစ်တွေကို ခံစားနားလည်နိုင်စွမ်းမရှိတဲ့အခါ ကိုယ့်ရဲ့ကမ္ဘာကြီးတစ်ခုလုံးအမှောင်ကျသွားသလို ခံစားရတယ်မဟုတ်လား။ အဲ့လိုအချိန်မှာ စားသမျှအစားကလည်း အရသာမရှိ၊ စိတ်နဲ့လူနဲ့လည်းမကပ်နိုင်၊ အလုပ်ထဲလည်းစိတ်မပါ၊ သီချင်းနားထောင်လည်းဘာမှမကြား၊ ဟာသပြောရင်တောင်မရယ်မိတော့တဲ့ စိတ်လေလွင့်မှုကိုခံစားရပါတယ်။

 

စိတ်သောကနဲ့စိတ်ခံစားမှုတွေဆိုတာကလည်း ကိုယ်ချစ်ရတဲ့သူတွေကသာပေးနိုင်တာမို့ တစ်ဦးတစ်ယောက်ကိုချစ်မိပြီဆိုရင် အချစ်ကြောင့်ခံစားရတဲ့ သောကဝေဒနာတွေကနေရှောင်ပြေးဖို့ မလွယ်နိုင်ပါဘူး။ အဲ့ဒိ ဝေဒနာတွေကို သက်သာလိုသက်သာငြား စိတ်ထွက်ပေါက်ရှာရင်းနဲ့ကိုယ့်ကိုထိခိုက်စေမယ့်၊ ကိုယ့်အတွက်မကောင်းတဲ့ကိစ္စတွေကိုလုပ်မိတတ်ပါတယ်။ ချစ်ရေးအဆင်မပြေတဲ့အခါ ဘယ်လို စိတ်ထွက်ပေါက် ရှာရမလဲဆိုတာ ပြောပြပေးမယ်နော်။

 

ချစ်သူကြောင့်စိတ်ညစ်ပြီး စိတ်နဲ့လူနဲ့မကပ်တဲ့အခါ လုပ်သင့်တဲ့အပြုအမူက သီချင်းသံတွေနဲ့အတူမြူးမြူးကြွကြွ ကခုန်လိုက်ပါ။ မကတတ်လည်း ကိစ္စမရှိပါဘူး။ ခြေလှုပ်၊ လက်လှုပ်၊ လှုပ်ချင်သလိုလှုပ် အဓိကက ချွေးတွေထွက်လာပြီး မောပန်းတဲ့ခံစားချက်ကို ခံစားလာရဖို့ပဲဖြစ်ပါတယ်။ ကိုယ်ကနေတာကိုတတ်နိုင်သလောက် ဗီဒီယိုမှတ်တမ်းတင်ထားပါ။ ပြန်ကြည့်တဲ့အခါ ရယ်ရတာတွေရော၊ ကိုယ့်ခန္ဓာကိုယ်ရဲ့ အလှအပ လိုအပ်ချက်တွေကိုလည်းတွေ့နိုင်တဲ့အတွက် ချစ်သူအကြောင်းပဲစဉ်းစားနေတဲ့ခံစားမှုတွေကနေခဏတာကင်းလွတ်ခွင့်ရမှာသေချာပါတယ်။

 

ကခြင်းဟာ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတဲ့ အပြင် ခန္ဓာကိုယ်မှာရှိတဲ့ မကောင်းတဲ့အဆီပိုတွေကိုလည်းလောင်ကျွမ်းစေပါတယ်။ သွေးလည်ပတ်မှုကိုပိုမိုကောင်းမွန်စေပြီး အသားအရေကိုလည်းပိုလှစေပါတယ်။ ဒါကြောင့် စိတ်အပြောင်းအလဲဖြစ်တဲ့အပြင် ကိုယ့်အတွက် ကောင်းကျိုးတွေလည်းအများကြီးရနိုင်တာမို့ချစ်ရသူကြောင့်စိတ်ညစ်ရတိုင်းသီချင်းဖွင့်ပြီးကလိုက်ပါနော်။

 

 

Credit;Marry

Read times Last modified on Tuesday, 18 September 2018 15:46
Rate this item
(0 votes)