လက်ဆောင်ပစ္စည်းလေးတွေနဲ့ သူတို့ရဲ့နောက်ကွယ်ကအဓိပ္ပါယ်လေးများ

လက်ဆောင်ပစ္စည်းလေးတွေနဲ့ သူတို့ရဲ့နောက်ကွယ်ကအဓိပ္ပါယ်လေးများ Google

ဒီတစ်ခါ လက်ဆောင်ပစ္စည်းလေးတွေနဲ့ အဲဒီ့ပစ္စည်းလေးတွေရဲ့အဓိပ္ပါယ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

လက်ဆောင်ဆိုတာက သင်ပူဆာလို့ ဝယ်ပေးတာမျိုးမဟုတ်ဘဲ သူတို့ကိုယ်တိုင် ရွေးချယ်ပြီး သူတို့စိတ်ကြိုက်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ ကိုယ့်ချစ်သူကို ဘယ်လိုလက်ဆောင်ပေးရမှန်းမသိ ဖြစ်နေတယ်ဆိုရင် ဒါမှမဟုတ် ကိုယ့်ချစ်သူပေးတဲ့ လက်ဆောင်လေးရဲ့ အဓိပ္ပါယ်ကိုမသိဖြစ်နေတယ်ဆိုရင် ဒီအကြောင်းအရာလေးက ဖြေရှင်းပေးနိုင်မယ်ထင်ပါတယ်နော်။ 

 

(၁) ဝက်ဝံရုပ်

 

Plush bear "Teddy Bear" (160cm) | Big bears | Gintarės gėlės

 

ဝက်ဝံရုပ်လေးရဲ့ အဓိပ္ပါယ်ကတော့ “ချစ်ခြင်းနဲ့ နားလည်ခြင်း“ ကို ဖော်ပြတဲ့ အရာလေးဖြစ်ပါတယ်။ ဝက်ဝံဟာ တောရိုင်းတိရိစ္ဆာန် ဖြစ်ပေမယ့် သူချစ်တဲ့အရာတွေကိုတော့ ဂရုစိုက်မှု၊ နွေးထွေးမှုအပေးနိုင်ဆုံး သတ္တဝါဖြစ်ပါတယ်။ ဒါကြောင့် ဝက်ဝံရုပ်လေးဟာ ကြင်နာမှု၊ နွေးထွေးမှု၊ နားလည်မှုတွေကို ကိုယ်စားပြုပြီး ကိုယ်ပေးလိုက်တဲ့သူကို တင်စားရာရောက်ပါတယ်။

 

(၂) ရတနာပစ္စည်း

 

The Efficient Crafter: How to Make an Earring and Gift Box Set | Diy  earrings box, Diy jewelry gift box, Diy gift box


ရတနာပစ္စည်းလေးတွေရဲ့ အဓိပ္ပါယ်ကတော့ “အလေးအနက်ထားတယ်၊ တန်ဖိုးထားတယ်“ဆိုတာကို ဖော်ပြတာပါ။ ကိုယ့်ရင်ထဲက တန်ဖိုးအထားရဆုံးလူကို တန်ဖိုးရှိတဲ့ ရတနာပေးတယ်ဆိုတာ လေးလေးနက်နက် တန်ဖိုးထားတာကိုဖော်ပြတာပါ။

 

(၃) ခေါင်းအုံး

 

cloud moon and star cushions, baby boy nursery pillows, baby girl crib –  prostoconcept

 

ခေါင်းအုံးလေးတွေရဲ့ အဓိပ္ပါယ်ကတော့ “ညတိုင်း ကောင်းမွန်စွာအိပ်ပျော်ပြီး ငါ့ကို အိပ်မက်ထဲထည့်မက်ပါ။ အိပ်ပျော်နေတဲ့ အချိန်တွေမှာတောင် ငါ့ကိုသတိရပေးပါ” ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

 

 

(၄) လက်ပတ်နာရီ

 

King of the table female form new limited edition gift box of roses  birthday present for


လက်ပတ်နာရီလေးတွေရဲ့ အဓိပ္ပါယ်ကတော့ “အချိန်နာရီတွေ လည်ပတ်နေသရွေ့ ချစ်နေမယ်” ဆိုတဲ့ အဓိပ္ပါယ်ပါ။ ပြီးတော့ နာရီကြည့်တိုင်း သူ့ကို အမှတ်ရနေစေချင်တာပါ။

 

 

(၅) ပန်း၊ ချောကလက်

 

TIED RIBBONS Flower Bouquets for Birthday Anniversary Wedding Gift- Special  Combo ( Ferrero Rocher Chocolate Box 16 pcs and Artificial Red Rose Bunch  ): Amazon.in: Grocery & Gourmet Foods


ပန်းတို့ ချောကလက်တို့ ပေးတာဟာ အရိုးရှင်းဆုံးနဲ့ “ငါ နင့်ကို ချစ်တယ်” လို့ပြောလိုက်တာပါ။ ပန်းတွေထဲမှာမှ နှင်းဆီပန်းဟာ ရိုမန်တစ်အဆန်ဆုံးဖြစ်ပြီး အချစ်နဲ့ ပတ်သက်တဲ့ အဓိပ္ပါယ်တွေအများကြီးဆောင်တဲ့ ပန်းလေးဖြစ်ပါတယ်။

 

 

(၆) သီချင်းခွေ

Gospel CDs | goodnewsgranary.org


သူအကြိုက်ဆုံး ဒါမှမဟုတ် သင့်ကိုနားထောင်စေချင်တဲ့ သီချင်းပါတဲ့ သီချင်းခွေကို လက်ဆောင်ပေးတယ်ဆိုရင်တော့ အဲဒီသီချင်းရဲ့ စာသားအားလုံးနီးပါးလောက်ဟာ သင့်ကို ပြောချင်နေတဲ့ စကားတွေ ဖြစ်ပါတယ်။

 

 

(၇) ပုဝါ

Personalised /Monogrammed Grey Bird Scarf In A Gift Box By The Forest & Co  | notonthehighstreet.com

 

ပုဝါလေးတွေရဲ့ အဓိပ္ပါယ်ကတော့ “သင့်ကိုသူ ဂရုစိုက်တယ်“ ဆိုတာကို ဖော်ပြချင်တာဖြစ်ပါတယ်။ သင့်အနားမှာ မရှိနိုင်တဲ့အချိန်တွေမှာတောင် နွေးထွေးမှုတွေ ပေးချင်တယ် ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

 

 

Source: AuntyMay

Read times Last modified on Wednesday, 09 September 2020 18:04
Rate this item
(0 votes)