တစ်ယောက်ယောက်က ကိုယ့် ကိုစိတ်ဝင်စားနေပြီဆိုရင်

တစ်ယောက်ယောက်က ကိုယ့် ကိုစိတ်ဝင်စားနေပြီဆိုရင် google

တစ်ခါတစ်လေ နေ့စဉ်ရုန်းကန် လှုပ်ရှားနေရတော့ ဘယ်သူက ကိုယ့်ကို စိတ်ဝင်စားနေလဲဆိုတာတောင် သေချာ သတိမထားမိတော့ပါဘူး။

ဒီလူက ကိုယ့်ကိုသဘောကျပါတယ်လို့ ဒဲ့လာမပြောမချင်း သူစိတ်ဝင်စားနေတယ်ဆိုတာကိုကော မခံစားမိတာမျိုးတွေ ရှိပါတယ်။ တစ်ချို့ မိန်းကလေးတွေက အာရုံခံနိုင်ပါတယ်။ ဒီလူကိုယ့်ကို ချည်းကပ်တော့မယ်ဆိုရင် အလိုလိုသိနေတာမျိုးပေါ့။ အချို့ မိန်းကလေးကျ နည်းနည်း ရိုးတယ်။ မခန့်မှန်းတတ်ဘူး။ ဒီလိုဆို သူကိုယ့်ကို စိတ်ဝင်စားနေလားဆိုတာ ဘယ်လိုသိနိုင်မလဲ။

 


သဘောကျတဲ့အရာတွေနဲ့ သူအာရုံစိုက်မှုယူမယ်

 

ပစ္စည်းအသုံးဆောင်လေးတွေ၊ စာအုပ်တွေ ဒါမှမဟုတ် မင်းကြိုက်တဲ့အဆိုတော်တွေ၊ ရုပ်ရှင်အကြောင်းတွေ သူပြောလာပါလိမ့်မယ်။ ဒီလိုနည်းနဲ့ မင်းဆီက အာရုံစိုက်မှုကို ယူတာပါ။ အကြိုက်ချင်းတူလို့ မဟုတ်ပဲ မင်းအာရုံစိုက်မှုကို ခံချင်တဲ့သူ သက်သက်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ မင်းစိတ်ဝင်စားတဲ့အကြောင်းတွေပြောနေချိန် သူကမင်းကို ငေးကြည့်နေတာမျိုး သတိထားပါ။ မင်းက ထမင်းမေ့ ဟင်းမေ့ပြောနေချိန် သူဘေးနားမှာ ငုတ်တုတ်မေ့နေတာမျိုးပေါ့။ ဒီလိုနည်းနဲ့ မင်းဆီက ရင်းနှီးမှုကို သူယူပါလိမ့်မယ်။

 

ဆက်တိုက် ချီးကျုးစကားဆိုမယ်

 

မင်းက တစ်ခုခုကို အောင်မြင်အောင်လုပ်နိုင်ခဲ့ပြီဆို သူ့ဆီက ချီးမွမ်းစကားသံတွေခဏခဏ ကြားလာရမယ်
မင်းလုပ်သမျှအရာအားလုံးနဲ့ ပတ်သတ်ပြီး ဂရုစိုက်လာတယ်။ သူ့အတွက် မင်းဟာ အံ့သြစရာကောင်းတဲ့ လူတစ်ယောက်။ မင်းနဲ့အတူရှိနေရချိန်မှာလည်း သူပျော်တယ်။ မင်း​က တစ်ခုခုတွန့်ဆုတ်နေရင် သူရှေ့က မားမားမတ်မတ်မရပ်တည်ပေးနိုင်ရင်တောင် အတူတူကျော်ဖြတ်မယ်ဆိုပြီး လက်တွဲခေါ်မှာပါ။

 


အမူရာတွေကနေ သိနိုင်

 

ပါးစပ်ကထုတ်မပြောရင်တောင် အမူရာတွေကနေ အများကြီးသိနိုင်ပါတယ်။ သူစိတ်ဝင်စားရင် တစ်နည်းမဟုတ် တစ်နည်းနဲ့ မင်းကို အရိပ်မြွှက်ပေးမှာပဲ။ မြင်အောင်သာ ကြည့်ဖို့လိုပါတယ်။ လူတွေဟာ ရုပ်ပိုင်းဆိုင်ရာနဲ့လည်း တစ်ဖက်လူရဲ့အာရုံကို ဆွဲဆောင်ဖို့ ကြိုးစားကြပါတယ်။

 


မျက်လုံးချင်းဆုံအောင် ကြိုးစား

 

သူဟာ မင်းနဲ့မျက်လုံးချင်းဆုံအောင် ကြိုးစားပါလိမ့်မယ်။ မျက်လုံးကနေတစ်ဆင့် သူစိတ်ဝင်စားနေတယ်ဆိုတာ မင်းကိုပြောပြချင်လို့ပါ။ မျက်လုံးကနေ အများကြီး စကားပြောပါတယ်။ လူတစ်ယောက်ဟာ သူသဘောကျတဲ့ လူတစ်ယောက်ကိုတွေ့ရင် မျက်လုံးအရောင်ရော၊ မျက်နှာအမူရာတွေကပါ
အားလုံး ပြောင်းလဲသွားပါတယ်။

 

 

Myanmar Wedding Guide

 

Read times
Rate this item
(1 Vote)
Tagged under