အိမ်ထောင်ပြုဖို့ အကောင်းဆုံး ယောကျာ်းဆိုတာ

အိမ်ထောင်ပြုဖို့ အကောင်းဆုံး ယောကျာ်းဆိုတာ google

အိမ်ထောင်ပြုဖို့ စဉ်းစားနေပြီလား။ အိမ်ထောင်ပြုတယ်ဆိုတာ ချစ်တာကို အရင်းခံလို့ ကိုယ့်ချစ်သူပေါ် အားကိုးအားထား ပြုခြင်းပါပဲနော်။

 

အိမ်ထောင်ပြုတယ်ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူးနော်။ ကိုယ့်ရဲ့တဘဝစာနဲ့ ဆိုင်တယ်မလား၊ ဒီတော့ ကိုယ့်ဘဝအတွက် ကောင်းမွန်တဲ့ ယောကျာ်းရဖို့ ဘာတွေကို ကြည့်ပြီး ရွေးချယ်ရမယ်ဆို ဖတ်ကြည့်ပါဦးနော်။

 

အိမ်ထောင်ရေးမှာ ချစ်ခြင်းမေတ္တာဆိုတာ အရမ်းအရေးကြီးတဲ့အချက် တစ်ချက်ပါ။ အိမ်ထောင်ရေးမှာ ကံကောင်းဖို့ဆိုတာ ကိုယ့်ရဲ့ လက်တွဲဖော်က ကိုယ့်ကို တကယ်ချစ်ဖို့ လိုပါတယ်။ ချစ်ခြင်းမေတ္တာပေးနိုင်တဲ့ ယောက်ျားကသာ ကိုယ့်အတွက် အကောင်းဆုံး ယောက်ျား ဖြစ်မှာပါ။

 

ကိုယ့်ရဲ့လက်တွဲဖော်ကို လေ့လာတဲ့အခါမှာ သူ့ရဲ့သစ္စာတရားထားမှုကိုလည်း ထည့်သွင်းလေ့လာရမှာပါ။ ကိုယ့်အပေါ်မှာ သစ္စာရှိလားဆိုတာ မိန်းကလေးတို့အနေနဲ့ လေ့လာရမှာပါ။ ကိုယ့်အပေါ်မှာ တကယ်ပဲ သစ္စာရှိရှိ ပေါင်းသင်းနိုင်လားဆိုတာ သေချာ စိစစ်ဖို့ အရမ်း အရေးကြီးပါတယ်။

 

အိမ်ထောင်ရေးမှာ တစ်ယောက်နဲ့ တစ်ယောက် သည်းခံဖို့လည်း အရေးကြီးပါတယ်။ သည်းခံတိုင်း အရမ်းမဆိုးဖို့လိုသလို တော်တန်ရုံကိစ္စတွေကိုလည်း သည်းခံပေးဖို့ လိုပါတယ်။ ကိုယ့်အပေါ်မှာ ဘယ်လောက်အထိ အနွံတာခံမလဲဆိုတာမျိုးလည်း သိထားရပါမယ်။

 

ယောကျာ်းတစ်ယောက်မှာ စာနာစိတ်ရှိမှ အိမ်ထောင်ရေး အဆင်ပြေမှာပါ။ ကိုယ့်ရဲ့ အဆင်မပြေမှုတွေကို စာနာစိတ် ထားပေးနိုင်တဲ့ ယောကျာ်းဟာ အိမ်ထောင်ဘက်အဖြစ် ရွေးချယ်ဖို့ အကောင်းဆုံးပါပဲ။

 

အိမ်ထောင်ရေးမှာ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးနိုင်ဖို့ လိုတာမို့ အိမ်ထောင်ဘက်ရွေးတဲ့အခါ နားလည်မှု ထားပေးနိုင်တဲ့သူကို ရွေးချယ်ပါ။ ဇနီးပေါ်မှာ နားလည်ပေးနိုင်တဲ့သူက ကိုယ့်အတွက် ကောင်းမွန်တဲ့ ခင်ပွန်းတစ်ဦး ဖြစ်လာမှာ သေချာပါတယ်။

 

အိမ်ထောင်ဘက်ရွေးချယ်တယ်ဆိုတာ ကိုယ့်ဘဝတစ်လျှောက် ကြုံတွေ့ရမယ့် ကောင်းခြင်းဆိုးခြင်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်လို့ သေချာလေး ရွေးချယ်ဖို့ လိုပါတယ်။ဘယ်သူမှ အကောင်းဆုံး မဖြစ်နိုင်ပေမယ့် အနီးစပ်ဆုံး ကောင်းတဲ့သူကိုတော့ ရွေးချယ်ရမှာပါ။

 

 

Credit;Marry

Read times Last modified on Tuesday, 22 January 2019 14:58
Rate this item
(1 Vote)