မိန်းခလေးများသတိထားစရာ ကျားတွေရဲ့မာယာ

မိန်းခလေးများသတိထားစရာ ကျားတွေရဲ့မာယာ google.com

Propose လုပ်နေတုန်း ကာလမှာ...

 

- သေမလို ရှင်မလိုနဲ့ Feel ပြတယ်.. ရင်မခုန်ဘူး.. ဒါပေမယ့် ရည်းစား ရချင်ဇောနဲ့..

 

- ဟတ်ဟတ်ထိုး ကြွေချင်ယောင် ဆောင်ပြတယ်..

 

- စိတ်မပါဘဲနဲ့လည်း အသည်းအသန် ဂရုစိုက် ပြတယ်..

 

- လိုချင်တဲ့ Target မရောက်မချင်း အမိန့်တွေ နာခံဖို့ ဝန်မလေးဘူး..

 

- လိုအပ်ရင် မျက်နှာကို ရှစ်ခေါက်ချိုး ဇီးရွက်လောက် လုပ်ပြမယ်..

 

- တစ်ဖက်သား သနားစိတ် ဝင်သွားအောင် မျက်နှာလေး ညှိုးပြမယ်..

 

- ဖုန်းဆက်ချိန် စာပို့ချိန် တိကျတယ် Right time ဘဲ..

 

- Reply မြန်ချက် စက္ကန့်ပိုင်းအတွင်း အရေးတယူ စာပြန်တယ်..

 

- ဘာလုပ်နေလဲ ယောင်ပီး သွားမမေးနဲ့... သတိရလို့ Photo လေး ထိုင်ကြည့်နေတယ် ဆိုတာ ချည်းပဲ..

 

- တစ်ရက်လောက် မတွေ့ရရင်ကို ကမ္ဘာပဲပျက်တော့မလိုနဲ့ Overtine တွေ အရည်ကျဲကျဲဖျော်ပြရတာအမော..

 

- ပိန်သွားတယ်နော် သွားမပြောနဲ့.. ဟုတ်တယ် ညည လွမ်းလို့ အိပ်မပျော်တာ … {ဒါဘဲ ရမယ်}

 

- ဝလာတယ် ပြောကြည့်အုံးမလား.. အင်း ချစ်နဲ့ ဆုံရလို့ စိတ်တွေ ချမ်းသာ နေတာလေ… {သေသွားမယ်}

 

- နဖူးလေး အားယားလို့ သွားမစမ်းနဲ့ ချက်ချင်း ပျော့ကျပီး လူမမာ လုံးလုံးဖြစ်သွားတာ… {အကယ်ဒမီ ရှော့}

 

ဟော...လာပါပီ Anni တွေ လွန်မြောက်ပီးတဲ့နောက်

 

- သေသေရှင်ရှင် ပစ်ထားတယ်..

 

- အဖြေရတာ မသိရင် တဘဝလုံး ပိုင်သွားတာ ကျနေတာဘဲ..

 

- ဆက်လက်၍ ကြိုးစားရန် မလိုအပ်တော့လို့ ထင်မှတ်သွားပီလေ..

 

- ဂရုလည်း မစိုက်တော့ဘူး.. သေရင်တောင် သိလိုက်မယ် မထင်..

 

- အဖြေရပီးပြီ ဆိုတော့ စစ်တပ်က အာဏာ ပြန်သိမ်းပီလေ..

 

- မျက်နှာက မြောက်ကိုရီးယား သမ္မတရုပ်လို တည်သွားပီ..

 

- ဖုန်းဆက်ချိန် စာပို့ချိန် မျှော်မနေနဲ့ ရူးတောင် သွားအုံးမယ်..

 

- Reply ကြာချက် USA အာကာသ ခရီးစဉ်တောင် ပြန်ရောက်ပီ.. အင်း/ ဟုတ်/ စာ တစ်လုံးထဲကတော်တော်နဲ့ ရောက်မလာသေး..

 

- ဘာလုပ်နေလဲ အရေးတယူ သွားမမေးနဲ့.. ဘာလုပ်ရမှာလဲ အားနေတယ် ထင်နေလို့လား… {ကိုဒေါသ}

 

- ပိန်သွားတယ် ဝလာတယ် သွားမပြောနဲ့ မကြိုက်ဘူး.. သစ်ရွက် လှုပ်တာနဲ့ စိတ်က တိုနေတတ်တဲ့ အချိန် ဖြစ်သွားပီလေ… {ဦးစိတ်တို}

 

ဒါကြောင့် တချို့ယောင်္ကျားလေးတွေက ရည်းစားမဖြစ်သေးခင်မှာတော့မာယာလေးတွေသုံးတတ်ကြပါတယ်နော်။ အဖြေရပီးရင်တော့ အမှန်တရားလေးတွေမြင်ရစေမယ်.. စိတ်သာချနေပေတော့ ညမလေးတို့ရေ...

 

ဒါပေမယ့်... အဲလို မဟုတ်ပဲ တကယ် ချစ်တဲ့သူ တကယ် မြတ်နိုးတဲ့ ယောက်ျားလေးတွေလည်း လောကမှာရိုက်သတ်လို့မကုန်ပါဘူးးကွယ်။ အချစ်ရေးမှာကံကောင်းကြပါစေနော်...

 

 

Credit;loveshorts

Read times Last modified on Tuesday, 18 September 2018 15:50
Rate this item
(1 Vote)