ကြာရှည်ခိုင်မြဲတဲ့ အချစ်ရေးကိုရကြတာ ဘာကြောင့်လဲ

ကြာရှည်ခိုင်မြဲတဲ့ အချစ်ရေးကိုရကြတာ ဘာကြောင့်လဲ google

ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဆက်ဆံရေးကို ရရှိဖို့ဆိုတာတကယ်ကို မလွယ်ကူလှပါဘူး။ ချစ်သူရည်းစားဖြစ်ဖို့ဆိုတာလွယ်ကူပေမယ့်

ကြာရှည်တည်တံ့ခိုင်မြဲတဲ့ Relationship တစ်ခုကိုတည်ဆောက်ဖို့ဆိုတာကတော့ တစ်ဦးနဲ့တစ်ဦးနားလည်မှုအပြည့်အ၀ပေးနိုင်မှဖြစ်ပါမယ်။ အချိန်အကြာကြီး ချစ်နေကြမယ့် အချစ်ရေးမျိုးဖြစ်စေဖို့အတွက် ဘာတွေလုပ်သင့်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

 

ပထမဆုံးအချက်က တစ်ယောက်နဲ့တစ်ယောက်နားလည်မှုပေးနိုင်ဖို့ပါ။ ကိုယ့်ချစ်သူ နေထိုင်ကြီးပြင်းခဲ့တဲ့ဘ၀ပုံစံဟာ ကိုယ်နဲ့တူချင်မှတူမှာပါ။ ဒီလိုပဲလူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုသလို တစ်ဦးနဲ့တစ်ဦး ကြိုက်နှစ်သက်တဲ့အရာခြင်း၊ ခံစားချက်ခြင်း၊ အတွေးအခေါ်ခြင်း မတူညီနိုင်တဲ့အတွက် ဒီလိုအရာမျိုးတွေမှာ နားလည်မှုအပြည့်ပေးနိုင်မှ ကြာရှည်ခိုင်မြဲမယ့် ဆက်ဆံရေးကိုရရှိနိုင်မှာပါ။

 

နောက်တစ်ချက်က အငြင်းပွားမှုတွေဖြစ်လာတဲ့အခါမှာ တည်တည်ငြိမ်ငြိမ်နဲ့ဖြေရှင်းနိုင်ဖို့လိုပါတယ်။ ဘယ်လောက်ချစ်တဲ့စုံတွဲပဲဖြစ်ဖြစ် အငြင်းပွားမှုတွေ၊ ပြဿနာတွေဆိုတာရှိစမြဲပါပဲ။ ဒီလိုပြဿနာတွေဖြစ်လာတဲ့အခါမှာ ဒေါသရှေ့တန်းတင် ပြီးမဖြေရှင်းဘဲ စိတ်ကိုအတတ်နိုင်ဆုံးလျှော့ပြီး နှစ်ဦးသား အဆင်ပြေအောင် ညှိနှိုင်းခြင်းနဲ့ ပြည့်စုံကောင်းမွန်တဲ့ အချစ်ရေးကိုရရှိနိုင်ပါတယ်။

 

နောက်ဆုံးတစ်ချက်ကတော့ ကိုယ့်ချစ်သူလိုအပ်တဲ့အရာနဲ့ပတ်သက်လို့ အကောင်းဆုံးအကူအညီ၊ အကြံဥာဏ်ပေးနိုင်တဲ့ လက်တွဲဖော်မျိုးဖြစ်ဖို့လိုပါတယ်။ တစ်ယောက်ရဲ့တက်လမ်းကိုတစ်ယောက်က ဘေးကနေကူညီချဲ့ထွင်ပေးပြီး ပါရမီဖြည့်ပေးနိုင်တဲ့ ချစ်သူမျိုးဟာ အချစ်ရေးမှာ ရေရှည်တည်တံ့စေဖို့အတွက် အထောက်အပံ့ကောင်းတစ်ခုဖြစ်လာမှာ အသေအချာပါပဲ။

 

Author : Nyi Min Khant

Myanmar Wedding Guide

Read times Last modified on Wednesday, 13 February 2019 17:21
Rate this item
(1 Vote)