ချစ်သူကောင်မလေးနဲ့အတူရှိနေတဲ့အချိန်မလုပ်သင့်တဲ့အချက်များ

ချစ်သူကောင်မလေးနဲ့အတူရှိနေတဲ့အချိန်မလုပ်သင့်တဲ့အချက်များ google

ကိုယ့်ချစ်သူကောင်မလေးနဲ့ဒိတ်လုပ်တဲ့အချိန်မှာ သတိမမူပဲလုပ်လိုက်မိတာတွေကြောင့် ပြသနာအကြီးအကျယ်တက်ရတာတွေရှိပါတယ်။

 

မိန်းကလေးတိုင်းကသူတို့နဲ့အတူရှိနေတဲ့ချိန်သူတို့ကို အာရုံစိုက်တာပဲလိုလားကြပါတယ်။

 

လူကသာဘေးနားရှိနေပြီး စိတ်ကသူတို့ဆီမှာမရှိနေရင် ဘယ်လိုဖြစ်နေမလည်း စဉ်းစားကြည့်ပါနော်။

 

(၁) တခြားမိန်းကလေးတွေနဲ့စနောက်နေခြင်း

 

ကိုယ်အနေနဲ့ ကိုယ်ချစ်သူကောင်မလေးသဝန်တိုအောင် တခြားကောင်မလေးတွေ သူငယ်ချင်းမိန်ကလေးတွေ

 

နောက်ဆုံး ရုပ်ရှင်မင်းသမီးတွေနဲ့ စတာတောင်မခံနိုင်ကြပါဘူး။

 

ကိုယ်က အစအနောက်သန်တဲ့သူဆိုရင်လည်း တခြားသောအကြောင်းအရာတွေနဲ့စပါ။တစိမ်းမိန်းကလေးတွေနဲ့ စပါများရင်

 

သင့်ကို တဖြေးဖြေးမယုံသင်ကာဖြစ်လာပြီး သံသရစိတ်တွေကြီးထွား လာပါလိမ့်မယ်။

 

(၂) ဖုန်းသုံးခြင်း

 

မိန်းကလေးတွေဟာသူတို့အတူတူရှိနေစဉ် တခြားဘယ်သူနဲ့ မှ ဖုန်းပြောနေတာ ဆိုရှယ်မီဒီယာတွေသုံးနေတာမျိုးလုံးဝမနှစ်သက်ကြပါဘူး။

 

ကိုယ်အနေနဲ့ ဖုန်းသုံးနေမယ်ဆိုရင် သူမကိုဂရုမစိုက်ရာရောက်သလို သူမဘေးမှာရှိနေတာကိုလည်းအလေးမထားရာရောက်စေပါတယ်။

 

ဒါကြောင့်သေရေးရှင်ရေးကိစ္စကလွဲပြီး တခြားသူငယ်ချင်းတွေဖုန်းဆက်တာ တခြားဆိုရှယ်မီဒီယာတွေသုံးနေတာ ဂိမ်းဆော့နေတာမျိုးတွေအတက်နိုင်ဆုံးရှောင်ကျဉ်ပါ။

 

<<< Restaurants စားသောက်ဆိုင်များကိုရှာရန်နှိပ်ပါ။ >>>

 

(၃) ဆေးလိပ်သောက်ခြင်း

 

မိန်းကလေးအများစုက သူတို့ရဲ့ ချစ်သူကောင်လေး ဆေးလိပ်သောက်တာကိုတော်တော်လေး ကန့်ကွက်တားမြစ်ကြပါတယ်။

 

တစ်ချို့ကလည်းကိုယ်ချစ်သူကောင်လေးရောဂါရမှာဆိုးတာရယ် သူတို့ကိုယ်တိုင်ကဆေးလိပ်အနှံ့တွေမခံနိုင်တာကြောင့်ရယ်

 

စတဲ့အချက်တွေကြောင့် ဆေးလိပ်သောက်တာကိုမကြိုက်ကြပါဘူး။တကယ်လည်းဆေးလိပ်သောက်ခြင်းက

 

ကိုယ် တိုင်သောက်နေသူထက်ဘေးကအငွေ့ရှုရတဲ့သူကပိုပြီးရောဂါ ရစေတာကြောင့်

 

ကိုယ်ချစ်သူကိုရောဂါမရစေချင်ရင် သူမနဲ့ ရှိ နေစဉ်ဆေးလိပ်မသောက်ပါနဲ့။

 

Source: Kwee

 

Myanmar Wedding Guid

 

3

Read times Last modified on Friday, 30 August 2019 16:17
Rate this item
(1 Vote)