ချစ်သူ၊လင်မယားကြားမှာ ပိုက်ဆံနှင့်ပတ်သက်ပြီးပျက်စီးခြင်းများဖြစ်ပေါ်နိုင်

ချစ်သူ၊လင်မယားကြားမှာ ပိုက်ဆံနှင့်ပတ်သက်ပြီးပျက်စီးခြင်းများဖြစ်ပေါ်နိုင် google.com

Relationship တိုင်းမှာအဆင်မပြေတာတွေကတော့ ရှိစမြဲပါပဲ ။ တစ်ယောက်နဲ့တစ်ယောက်လည်း အဆင်မပြေတဲ့အချက်တွေတူချင်မှတူနိုင်ပါမယ် ။ သို့သော်လည်း ကိုယ့်ရဲ့ RS ကို ရေရှည်ခိုင်ခိုင်မာမာတည်ဆောက်လိုလျှင်တော့နှစ်ယောက်ကြားမှာ မရှိသင့်တဲ့ အချက်တွေကို သိထားရပါမယ် ။

အဓိကအားဖြင့် ပွင့်လင်းမှုမရှိ လိမ်ညာတတ်ခြင်းက relationship တွေကို အမြဲပျက်စီးစေပါတယ် ။ ဘာမဟုတ်သောကိစ္စတွေကအစ လိမ်ညာတတ်တဲ့အကျင့်ကနေ တဖြေးဖြေးဆိုးလာပြီးနောက်ဆုံးမှာ ကိုယ့်ရဲ့အချစ်ရေးကပြိုကွဲသွားပါလိမ့်မယ် ။ လင်မယားတွေ အဆင်မပြေဖြစ်ကြခြင်းရဲ့အဓိကအချက်တွေထဲ ငွေရေးကြေးရေး အရှုပ်အရှင်းတွေဟာအမြဲထိပ်ဆုံးကပါဝင်နေပါတယ် ။ များသောအားဖြင့် ချစ်သူရည်းစားဘဝမှာ ငွေရေးကြေးရေး ကိစ္စတွေကို ပွင့်ပွင့်လင်းလင်းမရှိကြတာကို မြင်တွေ့ရပါတယ် ။

တစ်ယောက်အပေါ်တစ်ယောက် မယူခင်ကပင်ဝင်စွက်ဖက်သည် ၊ အထင်သေးသွားမလားဟူသော ထင်မြင်ချက်တွေကြောဖြစ်ပါတယ် ။ အမှန်တကယ်အားဖြင့် ထိုသူနှင့်အဆုံးတိုင်လက်တွဲသွားမည်ဟု ရည်ရွယ်ထားလျှင်ဒီလိုကိစ္စတွေကအစ ပွင့်ပွင်းလင်းလင်း မှန်မှန်ကန်ကန်ဖွင့်ပြောထားသင့်ပါတယ် ။ ဒါမှသာ အိမ်ထောင်ပြုပြီးတဲ့အချိန်မှာ မလိုလားအပ်တဲ့ ပြဿနာတွေမှကင်းဝေးစေမှာဖြစ်ပါတယ်။

ချစ်သူ၊လင်မယားကြားမှာ စီးပွားရေး ၊ ငွေရေးကြေးရေးနှင့် ပတ်သက်ပြီးလိမ်ညာမှုတွေရှိတဲ့ဆက်ဆံရေးဟာ အဆင်မပြေဘဲရေရှည်မှာပျက်စီးစေနိုင်ပါတယ် ။ ကိုယ့်ရဲ့ သုံးငွေ ၊ ဝင်ငွေတွေကို နှစ်ယောက်ကြားမှာ အပွင့်လင်းဆုံး ပြောပြနိုင်ရပါမယ် ။ ဥပမာ .အမျိုးသားက အမျိုးသမီးကို ဝင်ငွေဘယ်လောက်ရပြီး ဘယ်လောက်အပ်တယ်ဆိုတဲ့အကြောင်း အမျိုးသမီးဘက်မှလည်း အသုံးစရိတ်တွေနဲ့ပတ်သက်ပြီးစာရင်းတိတိကျကျဖြင့် ပြောပြတတ်ရပါမယ် ။

၄၂ရာခိုင်နှုန်းသောချစ်သူလင်မယားတွေရဲ့ပြဿနာဟာ ငွေရေးကြေးရေးကြောင့်ပါ ။ အနောက်နိုင်ငံတွေမှာ အကြွေးဝယ်ကတ်ကြောင့်ပြဿနာတက်ကြတဲ့ စုံတွဲတွေများပါတယ် ။ အသုံးအစွဲတွေကို လိမ်ညာထားခြင်း ၊ ဖုံးကွယ်ထားခြင်းတွေက ပြဿနာသေးသေးမှစကာတဖြေးဖြေးကြီးထွားလာတတ်ပါတယ် ။

ငွေရေးကြေးရေး လိမ်ညာထားခြင်းဟာပျော်ရွှင်နေတဲ့ အတွဲတွေကိုတောင်ရန်ဖြစ်စေပါတယ်တဲ့ ။ ဒ့ါကြောင့် ပိုက်ဆံကိစ္စနှင့် ပတ်သက်ပြီးရန်ဖြစ်စကားများတာမျိုး မဖြစ်အောင်တစ်ယောက်နှင့်တစ်ယောက် အတတ်နိုင်ဆုံး ပွင့်လင်းပါ ၊ ညှိနိုင်းပါ ၊ဆွေးနွေးပါ ။ အစပိုင်းမှာအခက်တွေ့နိုင်သော်လည်း တဖြေးဖြေးနှင့်ကောင်းမွန်သော ဆက်ဆံရေးကိုရရှိလာပါလိမ့်မယ် ။ကဲ…ချစ်သူနဲ့ ရေရှည်အဆင်ပြေနိုင်ဖို့.ဘတ်တာတွေ ၊ စာရင်းပျောက်တာတွေ ၊ လိမ်တာတွေ မလုပ်ကြနဲ့တော့.......…

 

Myanmar Wedding Guide

 

Credit;shweinnlay

Read times Last modified on Wednesday, 19 September 2018 10:01
Rate this item
(2 votes)