မတ်လအတွင်း ပြောင်းလဲလာမည့် သောကြာသားသမီးတို့ရဲ့ ကံကြမ္မာ
မတ်လအတွင်း ပြောင်းလဲလာမည့် သောကြာသားသမီးတို့ရဲ့ ကံကြမ္မာ googlr
သောကြာသားသမီးများ မိသားစုပျော်ပျော်ရွှင်ရွှင် ဘုရားဖူးသွားရလိမ့်မည်။ မိမိအိမ်မှာ ဆွေမျိုးအသိုင်းဝိုင်းများ လာတတ်သည်။
လူအဝင်အထွက်များမည်။ ရွှေ ငွေဝင်မယ်။မိမိအိမ်၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဝင်လာမယ်။
ကံကောင်းပါလိမ့်မည်။အထည်လုပ်ငန်း ၊ ဖက်ရှင်၊ အလှကုန်၊ အလှပြင်ဆိုင် စတဲ့အလုပ်တွေအကျိုးဖြစ်ထွန်းနေပါလိမ့်မယ်။
အလုပ်ထဲမှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ထောက်ခံမှုကြောင့် လူကြီးမြှောက်စားခြင်းခံရမည်။
လုပ်ငန်းရှင်ဆို အခွင့်အလမ်းသစ်တွေ ရလာမယ်၊ အကြီးအကဲ၊ အုပ်ချုပ်သူတွေက အကူအညီ ပေးပါလိမ့်မယ်။
လုပ်ငန်းသစ်တွေ ချဲ့နိုင်မယ်။မိမိအတွေ့အကြုံမှတစ်ပါး တစ်ခြားလူဆီက အကြံဉာဏ်မတောင်းပါနှင့်။
ကူညီမယ့်သူထက် ဒုက္ခပေးမယ့်သူသာ အနားမှာ ဝန်းရံနေတတ်လို့ပါ။အင်္ဂါ၊ တနင်္ဂနွေသားသမီးထဲမှာတာ့ မိမိကိုအကူညီပေးမယ့်သူတွေပါလိမ့်မယ်။
တစ်ဦးနဲ့တစ်ဦး မမြင်ဖူးဘဲ အွန်လိုင်းမှတွေ့ဆုံနှလုံးသားချင်းမေတ္တာများနေသူ အွန်းလိုင်ချစ်သူများ အပြင်
မှာ တွေ့ဆုံရမည်။ အချစ်ဟောင်းငယ်ဟောင်းများတွေ့ဆုံမယ်။
အထူးသဖြင့် ဤလတွင် ၅.၁၄.၂၃.၆.၁၅.၂၄ ရက် မွေးဖွားသူများ ကတော့ ရွှေ၊ ငွေ၊ ရတနာမတည်မြဲ အပျောက်အရှ
အထွက်ခက်မည်၊ ခြေနှစ်ချောင်းကယ်မကောင်း ၊ ခြေနှစ်ချောင်းသတိပြုပါ။ အဆိုးဖြစ်တတ်သည်။
ပညာရေးကံဇာတာ အညံထဲမှာရှိပြီး မိမိထက် အထက်လူကြီးက မိမိပေါ်အထင်လွဲတတ်ပါတယ်။ ဆရာသမားလို ပုဂ္ဂိုလ်မျိုး အိမ်ကို ရောက်လာပြီး ဒုက္ခပေးတတ်သည်။
လုပ်ငန်းသစ် စတင်လုပ်ကိုင်မည်ဆိုပါက မလုပ်ပါနှင့်။ရင်းနှီးမြှပ်နှံမှုတွေမလုပ်သင့်။အားလုံး ရေစုန်မျောကုန်သွားပါလိမ့်မည်။
အလွန်ရင်းနှီးသော မိတ်ဆွေတစ်ဦးက အထင်လွဲပြီး မုန်းသွားတတ်တယ်။
အထူး ငွေစာရင်းဇယား ငွေယူလိမ်လည်ထားမှု အထူးသတိထား၍ အလုပ်တွင် ရန်သူရှိ အတိုက်အခိုက်ပေါ်မည်။
စိတ်မတည်ငြိမ်၊စိတ်လေလွင့်မှုကို မိမိကစိတ်ကိုသေချာထိန်းပြီး အလုပ်လုပ်လျှင် အဆင်ပြေသွားပါလိမ့်မည်။ အချစ်ရေး
ကိစ္စမှာ မိဘဆွေမျိုးများကြောင့် သောကရောက်ရတတ်ပါတယ်။
အချစ်ရေး စိတ်ညစ်စရာ အရှုပ်အရှင်းပြဿနာများကြုံရတွေ့တတ် မိမိချစ်သူ၏ အထင်မြင်လွဲမှားခြင်းကိုခံရတတ်သည်။
မိမိချစ်သူနဲ့ လက်ထက်ဖို့ရည်ရွယ် ထားသူများ အကြောင်းအမျိုးမျိုးကြောင့် လက်လျှော့ရတတ်သည်။
အိမ်ထောင်ရေး စကားများရတတ်သည်။ဘယ်အကြောင်းကြောင့်ဖြစ်ဖြစ် တစိမ်းမိန်းကလေးတွေနဲ့မပက်သက်ပါစေနှင့်။
ပညာရေး ကံတရားက သင့်ဘက်မှာပါ ကြိုးစားအားထုတ်ပါ။ကြိုးစားဖို့တော့လိုပါတယ်။
ပညာသင်ကျောင်းသားများအဖို့ ဆရာကောင်းများ၏သင်ကြားမှုဖြင့် အောင်မြင်မှုရရှိမည်။အင်တာဗျူး၊ အလုပ်သစ်လျှောက် အဆင်ပြေ အလုပ်ရမည်။
ကောင်းသောနေရာရလိမ့်မယ်။ ဝန်ထမ်းလောကသားများရာထူးတိုး၊ နေရာပေးခံရတာ၊ အသိအမှတ် ပြုခံရတာတွေ
ဖြစ်လာမယ်။ကျန်းမာရေးတော့ ဦးခေါင်းကိုက်ခဲခြင်း အထူးဂရုစိုက်ပါ။
မိန်းကလေးတွေ အထူးသတိထားပါ။ သွေးသားဓမ္မတာနဲ့ပက်သက်သော ရောဂါများ ဖြစ်လွယ်ပါတယ်။
၁၃၈၁ခု တပေါင်းလဆန်း ၁၃ရက် သောကြာနေ့ ယနေ့နံနက်(၈း၁၅)နာရီလွန် ရှင်ပြု၊ လက်ထက်၊ နာမည်မှည့်၊
ရေတွင်းတူး၊ တိုင်ထူ၊ ငွေချေးပေခြင်းတို့ ကောင်း၏။
၁၃၈၁ခု တပေါင်းလဆုတ် ၅ရက် သောကြာနေ့ ညစက်(၈း၃၄)အတွင်း ဝိဝါဟမင်္ဂလာ ၊ ကင်းပွန်တပ်၊ လေကြောင်း
ခရီးသွားခြင်း၊ ဘာသာရေးနှင့်လှုမှုရေးစကားပြောဆိုခြင်းတို့ကောင်း၏။
ခရီးသွားရကိန်းရှိလျှင် အထူး ရက်တွေကတော့
(၄) ရက်နေ့ နံနက် ၈နာရီ မတိုင်မီ
(၅) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း
(၆) ရက်နေ့ တနေ့လုံး ကောင်း၏။
(၇) ရက်နေ့ နံနက် ၆း ၁၅ မတိုင်မီ
(၁၄) ရက်နေ့ ည ရး၂၅ နောက်ပိုင်း
(၁၉) ရက်နေ့ ညနေ၆း၅၆ နောက်ပိုင်း
(၂၁) ရက်နေ့ ည ၁ဝး၁၅ နောက်ပိုင်း
ထိုအချိန်ပိုင်းတွေခရီးသွား အထူးကောင်း၏။
(၁) ရက်နေ့ နံနက် ၈း၅၀ မတိုင်မီ
(၂) ရက်နေ့ နံနက် ၉း၄၅ နောက်ပိုင်း
(၃) ရက်နေ့ နံနက် ရး၂၆နာရီ မတိုင်မီ
(၄) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း
(၈) ရက်နေ့ နံနက် ၅း၄၂ နောက်ပိုင်း
(၁၁) ရက်နေ့ နံနက် ၁း၇ နောက်ပိုင်း
(၁၃) ရက်နေ့ ည ၈း၃၄နာရီ မတိုင်မီ
(၁၅) ရက်နေ့ ညနေ၆း၁၇ မတိုင်မီ
(၁၉) ရက်နေ့ ညနေ၆း၅၆ မတိုင်မီ
(၂၁) ရက်နေ့ ည ၁ဝး၁၅ မတိုင်မီ
ထိုရက်တွေထိုအချိန်ပိုင်းတွေခရီးသွားရှောင်သင့်၏။
ဆောင်ရွက်စရာကိစ္စ ယခုလတွင်ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် အိတ်ထဲဆန်(၁)
ဆုပ်ဆောင်ခြင်းနှင့် အဖြူရောင်၊ လိမ္မော်ရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြု နိုင်သည်။
အကျိုးပေးဂဏန်း - (၁.၇.၃.၄)
အကျိုးပေးအရပ် - အရှေ့
အကျိုးမပေးရှောင်ရန်အရပ် - အနောက်
ယတြာ - သောကြာဂြိလ်ဘုရားမှာ အရှေ့တောင်အရပ်မျက်နှာမှုကာ စံပယ်ပန်း (၈)ကုံး ဖက်ထုပ်ကြော် ဆွမ်းကပ်၍ လိုရာဆုတောင်းပါ။
ဆရာမင်းသူရ ဗေဒင်ယတြာ 09751089826
Hairdressers ဆံပင်ညှပ်ဆိုင်များကိုရှာရန် နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်....