အရပ်မြင့်မြင့်ကောင်လေးတွေကို ချစ်သူတော်သင့်တဲ့ အကြောင်းအရင်း..

အရပ်မြင့်မြင့်ကောင်လေးတွေကို ချစ်သူတော်သင့်တဲ့ အကြောင်းအရင်း.. google.com

ဘာကြောင့်မှန်းတော့ မသိပေမယ့် အရပ်ရှည် တဲ့ ကောင်လေးနဲ့ အရပ်ပုတဲ့ ကောင်မလေး စုံတွဲကို မြင်လိုက်ရင် အသွင်တော့ မတူပေမယ့်

ထူးခြားပြီး တစ် မျိုးလေးချစ်စရာ ကောင်းနေတတ်ပါတယ်။မိန်းကလေးတော်တော်များများဟာ အရပ်မြင့်မြင့် ကောင်လေးတွေကိုပဲ ချစ်သူတော်ချင်ကြပါတယ်။စမတ်ကျကျ အရပ်မြင့်မြင့် ကောင်လေးတွေကို

ချစ်သူတော်ခွင့်ရရင် ရလာနိုင်တဲ့ အကျိုးကျေးဇူးလေးတွေကို ဖော်ပြေ ပးချင်ပါတယ်။အဲ့ဒါတွေကတော့…..

 

၁။selfie stick မလို

ဓါတ်ပုံရိုက်ရတဲ့ ကြိုက်တဲ့ မိန်းကလေးတွေ အတွက်တော့ အဓိက ထည့် စဉ်း စားရမယ့် အချက်ပါ။အရပ်ရှည်တဲ့ ကောင်လေးကို ချစ်သူတော်ထားမယ် ဆိုရင်တော့ သင့်အတွက် selfie stick မလိုတော့ပါဘူး။

သူ့ရဲ့ လက်တံရှည် ရှည်နဲ့မြင့်မားတဲ့ အရပ်က သင့်အတွက် အကောင်းဆုံး selfie stick ပါ။

 

၂။ဒေါက်ဖိနပ်၊ဖိနပ်အမြင့် စီးဖို့ အားနာစရာမလို

ကိုယ့်ထက်ပုတဲ့သူ၊ဒါမှမဟုတ် ကိုယ့်အရပ်နဲ့ အတူတူ ကောင်လေးကို ချစ် သူတော်ထားမိရင်တော့ သေချာပေါက် ဖိနပ်အမြင့်တွေကို ရှောင်ရတော့မှာ ပါ။ကိုယ်က အမြင့်စီးလိုက်တာနဲ့ ပု သွားမယ့် သူ့ကို အားနာပြီးတော့

သင်သိပ် ကြိုက်တဲ့ ဒေါက်ဖိနပ်၊ဖိနပ်အမြင့်တွေကို စွန့်လွှတ်ရတော့မှာပါ။ ဒါပေမယ့် အရပ်မြင့်မြင့် ချစ်သူကို ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ အဲ့ဒါတွေ မလိုပါ ဘူး။ ဘယ်လောက်မြင့်မလဲ မြင့်ချင်သလောက်မြင့်တဲ့ ဖိနပ်ကို သင့်စိတ်ကြိုက် စီးခွင့်ရမှာပါ။

 

၃။အစားပုတ်မလေး ဖြစ်နေမှာ ပူစရာမလို

ဆိုင်ထိုင်လို့ စားကြပြီဆိုရင် သင်က အစားပုတ်မလေး ဖြစ်ပြီး တစ်ယောက် တည်းဆွဲနေတယ်ဆိုတဲ့ အဖြစ်မျိုး လုံးဝ ဖြစ်မှာ မဟုတ်ပါဘူး။အရပ်ရှည်တဲ့ ကောင်လေးအများစုဟာ အရပ်ရှည်သလောက် အစားကိုလည်း

အရမ်းစားနိုင်ကြပါတယ်။အစားပုတ်တဲ့ ကောင်မလေးဆိုရင်တော့ ကိုယ်နဲ့ အတူ တက်ညီ လက်ညီစားနိုင်သောက်နိုင်တဲ့ ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ရမှာပါ။

 


၎။လူပျောက်မှာ ပူစရာမလို

လမ်းမှာ အတူသွားလာရင်း လူစုကွဲပြီး ပျောက်သွားမလား ပူစရာ မလိုပါ ဘူး။သူ့ရဲ့ အရပ်က လူအုပ်ကြားထဲမှာ သိသာနေတော့ သင့်အတွက် ရှာရလွ ယ်ပါတယ်။သူ့အနေနဲ့လည်း ဒီအရပ်နဲ့ လူအုပ်ကြားထဲကို အပေါ်စီးကနေ

လှမ်းကြည့်လိုက်ရင် သင့်ကို အလွယ်တကူရှာတွေ့နိုင်ပါတယ်။

 

၅။နဖူးအနမ်းကို ရိုမန်တစ်ဆန်ဆန်ခံစားရနိုင်

အရပ်ရှည်ရှည်ကောင်လေးကို ချစ်သူတော်ထားမယ်ဆိုရင်တော့ အနမ်းတွေ ထဲမှာ Sweet အဖြစ်ဆုံးနဲ့ရိုမန်တစ်အဆန်ဆုံးလို့ ပြောလို့ရတဲ့ နဖူးကို နမ်းတဲ့ အနမ်းကို သင်မကြာခဏ ရမှာပါ။အရပ်မြင့်မြင့်ချစ်သူက အပေါ်စီးကနေ အုပ်မိုး ကြည့်တာကို ခံရတဲ့ ခံစားချက်က ဘာနဲ့မှ မတူဘူးဆိုတာကို အရပ်မြင့်မြင့် ကောင်လေးတွေကို ချစ်သူတော်ထားသူတွေသာ နားလည်နိုင်ပါတယ်။

 

၆။အရပ်ကို အားကိုးစရာအဖြစ် အသုံးချနိုင်

ကိုယ့်လက်နဲ့ မမီမကမ်းဖြစ်နေတဲ့ အမြင့်မှာရှိတဲ့ ပစ္စည်းတွေကို ယူဖို့ အတွက် အရပ်မြင့်မြင့်ချစ်သူတစ်ယောက်အနားမှာရှိနေရင် သင့်အတွက် ခုံမလိုပါဘူး။ မမီ မကမ်းဖြစ်နေတဲ့ ပစ္စည်းတွေကို သင့်ချစ်သူက အလွယ်လေး လှမ်း ယူပေး လို က်နိုင်ပါတယ်။လက်တံကလည်း ရှည်နေတော့ စားပွဲဝိုင်းမှာ ဟင်းကို လက်လှမ်း မမီဘူးဆိုရင်လည်း ဘေးကချစ်သူကို လှမ်းယူခိုင်းလို့ ရပါတယ်။ကုန်းကုန်းကွ ကွနဲ့ ရုပ်ပျက်အောင် ယူစရာမလိုပဲ သူ့ရဲ့ ရှည်လျားတဲ့ လက်တံနဲ့ အလွယ် လေး ယူပေးမှာပါ။

 

၇။လုံခြုံမှုရှိတယ်လို့ ခံစားရ

ဒီခံစားချက်ကလည်း ဘာကြောင့်ရယ်လို့တော့ အကြောင်းအရင်းနဲ့ ရှင်းပြ လို့တော့ မရပေမယ့် အရပ်မြင့်မြင့် စမတ်ကျကျ ချစ်သူကောင်လေး အနားမှာ ရှိနေရင် Safe ဖြစ်တယ်လို့ ခံစားရတာပါ။ဘေးမှာပဲ ရပ်နေနေ၊ဘေးချင်း က ပ်လျက်ပဲ ထိုင်နေနေ၊ကိုယ့်ရဲ့ အရပ်ကို အုပ်မိုးထားတဲ့ သူ့ မျက်နှာကို မော့ကြည့်ရတဲ့ ခံစားချက်မျိုးကို အနီးစပ်ဆုံးပြောရရင်တော့ Safe ဖြစ်တဲ့ ခံစားချက်မျိုးလို့ ပြောရမှာပါ။

 

Ref;metro

 

Readmore;အိမ်ထောင်ရေးမှာ နေ့တိုင်း မမေ့ရမယ့်အချိန်ပေးမှု

Read times Last modified on Wednesday, 19 September 2018 10:39
Rate this item
(1 Vote)