အိမ်ထောင်ရေးမှာ နေ့တိုင်း မမေ့ရမယ့်အချိန်ပေးမှု

အိမ်ထောင်ရေးမှာ နေ့တိုင်း မမေ့ရမယ့်အချိန်ပေးမှု google.com

စကားပြောဖော် ဆိုတာ အလုပ်အကြောင်း၊ တခြား အကြောင်းတွေ ဆိုတာထက် ခံစားရတဲ့ခံစားချက်လေးတွေကို အချင်းချင်းကြား

 

ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ပဲ ဖြစ်ပါတယ်။

 

အိမ်ထောင်ရေးလေး တစ်ခုမှာ လိုအပ်တဲ့အရာလေးတွေက များပါတယ်။ ဒါပေမယ့် အခြေခံ အချက်လေးတွေကို သိထားပေးဖို့က အရေးကြီးပါတယ်။

 

 

အခြေခံအချက်တွေကို သိပြီး လိုက်နာပေးမယ်ဆိုရင်တော့ အိမ်ထောင်ရေးရဲ့ နေ့ရက်လေးတွေတိုင်းက သာယာနေဖို့ အလွယ်လေးပါ။ ဒီအတွက်ပြောပြပေးချင်တာကတော့

 

အိမ်ထောင်ရေးမှာ နေ့တိုင်း မမေ့ရမယ့်အချိန်ပေးမှုဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ ခိုင်မြဲတည်တံတဲ့အိမ်ထောင်ရေးတစ်ခုဖြစ်ဖို့အတွက်လိုအပ်ချက်များကိုလည်း သိထားပေးပါနော်။

 

အိမ်ထောင်ဖက်တွေကြား အချိန်ပေးမှု ဆိုတာကတော့ အချင်းချင်းကြားမှာ ရှိတဲ့ ပင်ပန်းမှုတွေကို ပြေပျောက်ပေးစေနိုင်တဲ့အရာပဲ ဖြစ်ပါတယ်။ တစ်နေ့တာ ဖြတ်သန်းမှု ဆိုတာမှာ ကောင်းတာ

 

ရှိသလို ဆိုးတာလည်း ရှိပါတယ်။ ဒီလို အရာတွေတိုင်းကို ပြန်လည် မျှဝေ ခံစားတာကတော့ အိမ်ထောင်ရေးရဲ့ ကြည်နူးမှုလို့ ဆိုနိုင်မှာပါ။ ညပိုင်း မအိပ်ခင် အချိန်လေးမှာ စကားပြောချိန်ယူပြီး

 

 

ပြောပေးပါနော်။

စကားပြောတယ် ဆိုတာကတော့ ရင်ဘတ်ချင်း ဆုံတွေ့ခြင်းပါပဲ။ စကားပြောရင်းနဲ့ သူ့သဘော သူ့ မနောတွေကို ပိုပြီး လေ့လာခွင့်ရမှာ ဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် ချစ်တဲ့အချစ်တွေကို

 

ပိုတိုးစေလာသလို အချစ်ထက်ပိုတဲ့သံယောဇဉ်လေးတွေနဲ့ ထပ်တိုး နှောင်ဖွဲ့စေနိုင်ပါတယ်။ လူတိုင်း အတွက် လိုအပ်တဲ့အရာတွေထဲက တစ်ခုကတော့ စကားပြောဖော်ပါ။ စကားပြောဖော် ဆိုတာ

 

အလုပ်အကြောင်း၊ တခြား အကြောင်းတွေ ဆိုတာထက် ခံစားရတဲ့ခံစားချက်လေးတွေကို အချင်းချင်းကြား ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ပဲ ဖြစ်ပါတယ်။

 

အိမ်ထောင်ဖက်တို့လည်း အချင်းချင်းကြားမှာ အချိန်ပေးမှု ဆိုတာကို အမြဲတမ်းစာ ထိန်းသိမ်းထားပါနော်။ အလုပ်တွေ အရေးကြီးလို့ တခြားအကြောင်းတွေ ပိုလုပ်နေရလို့ ဆိုပြီး သိပ်ချစ်ရတဲ့သူကို

 

ဦးစားပေးဖို့ မမေ့ပါနဲ့လို့ သတိပေးရင်း ပြောပြလိုက်ပါတယ်နော်။အိမ်ထောင်ရေးမှာ ရှိရမယ့် ချစ်ခြင်းဆိုတာအတွက်ဆိုတာကိုလည်း လိုက်နာပေးပါ။

 

Credit;Marry

 

Readmore;ပျားရည်ဆမ်းခရီးလေးအတွက် အရေးကြီးတဲ့အချက်လေးတွေ

Read times Last modified on Wednesday, 19 September 2018 10:39
Rate this item
(1 Vote)