ယောက်ျားတွေကသူ့မိန်းမမှာ ဒီလိုအကျင့်လေးတွေရှိနေရင် မကြိုက်ကြဘူး

ယောက်ျားတွေကသူ့မိန်းမမှာ ဒီလိုအကျင့်လေးတွေရှိနေရင် မကြိုက်ကြဘူး google.com

() ယောက်ျားရဲ့ အားနည်းချက်ကို သရော် လှောင်ပြောင်တာ။

 

(၂) ကိုယ့်ရဲ့ တကိုယ်ရေ သန့်ရှင်းမှုကို ဂရုမစိုက်တတ်တာ ။

 

() ယောက်ျားဘက်က ဆွေမျိုးသားချင်းတွေကို မလေးစားတာ။

 

() ယောက်ျား အိမ်ပြန်လာတာ တွေ့နေတာကို အိမ်နီးချင်းနဲ့ စကားအပြော မပျက်နေတတ်တာမျိုး ။

 

() ယောက်ျားရဲ့ ဆန္ဒကို မသိယောင်ဆောင် နေတတ်တာ။

 

() ကာမ ဆက်ဆံမှုကို စိတ်မပါဟန်ပြတာ ။

 

() ယောက်ျားကို အရာရာမှာ အပြစ်ပြော တတ်တာ။

 

 

() အိမ်ထောင်သည်ပဲ ဆိုပြီး၊ ကိုယ့်ရဲ့ တကိုယ်ရေ သေသပ် လှပမှုကို ဂရုမစိုက်တတ်တာ ။

 

() ယောက်ျားရဲ့ ဝင်ငွေ၊ လခ ကို အသေးစိတ် စာရင်း လိုက်မေးတာ။

 

(၁၀) အိမ်လည်ဖို့ကိုပဲ ဝါသနာ ကြီးတာ။

 

(၁၁) အိမ်တွင်း အလှအပ သန့်ရှင်းရေးကို လုံးဝ စိတ်မဝင်စားတာ။

 

 

(၁၂) ကိုယ့်သားသမီးရဲ့ ဝေယျာဝစ္စ ကိုလည်း စိတ်မဝင်စားတာ။

 

(၁၃) ကိုယ့်ရဲ့ ဆွမျိုးသားချင်းကို တွယ်တာ လွန်းတာ။

 

 

(၁၄) ယောက္ခမနဲ့ ယောက်မ အကြောင်း ကြံဖန် အပြစ်ပြောတာ။

 

 

(၁၅) ယောက်ျားရဲ့ ရုံး၊ လုပ်ငန်းက လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတွေနဲ့ ပတ်သတ်ပြီး သံသယထားတတ်တာ ။

 

(၁၆) ဘာမဟုတ်တဲ့ ကိစ္စလေးတွေ အတွက်တောင် စိတ်ကောက် တတ်တာ။

 

(၁၇) သူစိမ်းတွေ ရှေ့မှာ ကိုယ့်ယောက်ျားရဲ့ အားနည်းချက်တွေ ထုတ်ဖော်ပြောတတ်တာ။

 

 

(၁၈) ကိုယ့်ယောက်ျားရဲ့ ယောက်ျားလေး အပေါင်းအသင်းတွေ နဲ့ သူစိမ်း ယောက်ျားတွေ၊ အကြောင်းကို စိတ်ဝင်တစား ရှိတာ။

 

(၁၉) ယောက်ျားသည် ဝယ်လာတဲ့ ပစ္စည်းကို အပြစ်ရှာ ပြောတတ်တာ။

 

(၂၀) ယောက်ျားရဲ့ အဝတ်အစားနဲ့ အသုံးအဆောင်တွေ စနစ်တကျ မထားတာ။

 

(၂၁) ကိစ္စအသေး အမွှားလေး ကို ပုံကြီးချဲ့ စကားများ ချင်တာ ။

 

(၂၂) လင်မယားနှစ်ယောက် စိတ်ချင်း မတိုက်ဆိုင်တာကို အကြောင်းပြုပြီး မိဘတွေကို ဆွဲထည့်တတ်တာ။

 

(၂၃) ကိုယ့် မိဘဆွေမျိုးသားချင်းတွေ နဲ့ ဖုန်းအကြာကြီး ပြောဆိုနေ တတ်တာ။

 

 

(၂၄) ယောက်ျားရဲ့ မိဘ ဆွေမျိုး သားချင်း၊ အပေါင်းအသင်းတွေကို ကိစ္စတိုင်းမှာ စိတ်မပါ့ တပါ ဆက်ဆံတတ်တာ ၊ ဥပေက္ခာ ပြုတတ်တာ ။

 

(၂၅) အမြဲတမ်း လိုလို ရောဂါတခုခုကို အကြောင်းပြပြီး အိမ်အလုပ် မလုပ်ဘဲ ပစ်ထားတတ်တာ။

 

(၂၆) ကိုယ့်အိမ်လာတဲ့ သူတိုင်းကို ယောက်ျားအကြောင်း၊ မဟုတ်က ဟုတ်က အတင်းဖန်တီး ပြောတတ်တာ။

 

 

(၂၇) အိပ်ရာထဲရောက်တာနဲ့ ယောက်ျားသည် တနေ့လုံး လုပ်ခဲ့တဲ့ အလုပ်တွေကို တန်းစီ ပြောခိုင်းတာ။

 

(၂၈) ရုံးက မောမောပန်းပန်း ပြန်လာတဲ့ ယောက်ျားကို အိမ်အလုပ် ကူလုပ်ပေးဖို့ မျှော်လင့်တာ။

 

(၂၉) ကိုယ့်မိဘအိမ်နဲ့ ယောက်ျားရဲ့အိမ်ကို နှိုင်းယှဉ်ပြီး နှိမ့်ချပြောတတ်တာမျိုးတွေပါပဲ။

 

တကယ်လို့ ဇနီးသည်မှာ အပေါ်က အကျင့်လေးတွေ ရှိခဲ့ရင် သတိလက်လွတ် မနေဘဲ ပြုပြင်လိုက်ရင်တော့ ကိုယ့်အိမ်ထောင်ရေး ပိုပြီး အဆင်ပြေ သာယာ ပျော်ရွှင်လာမှာ အမှန်ပါပဲ။

ဒီအချက်တွေကို အိမ်ထောင်ပြုကြမဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးတွေ ကြိုတင်ညှိနိုင်းပြီး တိုင်ပင်ထားမယ် ၊ လျှော့သင့်တာလျှော့ ညှိသင့်တာညှိ စတဲ့ adjustment တွေ လုပ်ကြမယ်ဆိုရင် သာယာစိုပြည်တဲ့ အိမ်ထောင်ရေးကို ရရှိမှာ ဧကန်မုချပါပဲ။

 

Myanmar Wedding Guide

 

Credit;Original uploader

Read times Last modified on Wednesday, 19 September 2018 10:02
Rate this item
(1 Vote)