လက်ထပ်ခွင့်တောင်းဖို့အတွက် အကောင်းဆုံးပုံစံနှင့် နေရာများ

လက်ထပ်ခွင့်တောင်းဖို့အတွက် အကောင်းဆုံးပုံစံနှင့် နေရာများ google.com

ကိုယ့်မိန်းကလေးက ဘယ်လိုလူမျိုးလဲဆိုတာ ခန့်မှန်းပြီးအကောင်းဆုံးလက်ထပ်ခွင့်တောင်းတဲ့နေ့ရက်လေးတွေ

 

ပိုင်ဆိုင်နိုင်ကြပါစေနော်။

 

အလုပ်ကြိုးစားသူ

ကိုယ့်မိန်းကလေးဟာ ကိုယ့်ရုံးက လုပ်ဖော်ကိုင်ဖက်တစ်ယောက် ဖြစ်စေ ဒါမှမဟုတ် သူဟာ အလုပ်အရမ်းကြိုးစားသူဆိုရင် သူ့အလုပ်ဆင်းချိန် ဝန်ထမ်းတွေအများကြီးရှေ့မှာ

လက်ထပ်ခွင့်တောင်းလိုက်ပါ။

 

ခရီးထွက်ရတာ ကြိုက်နှစ်သက်သူ

ကိုယ့်ရဲ့ ပါတနာဟာ ခရီးသွားချစ်သူတစ်ယောက်ဆိုရင်တော့ ကမ်းခြေတစ်ခုကို အလည်သွားဖို့ ဖိတ်ခေါ်လိုက်ပါနော်။ ကမ်းခြေဟာ ချစ်သူမောင်နှံတွေအတွက် ရိုမန့်တစ်အဆန်ဆုံး

နေရာတစ်ခုဖြစ်ပါတယ်။

 

တိတ်ဆိတ်မှုကိုကြိုက်နှစ်သက်သူ

ကိုယ့်မိန်းကလေးဟာ အသံတွေဆူပူပြီး နားညီးတာကိုမကြိုက်တဲ့သူတစ်ယောက်ဆိုရင်တော့ ညစာစားအတူတူစားဖို့ ကမ်းလှမ်းပြီး လက်ထပ်ခွင့်တောင်းတာ အကောင်းဆုံးဖြစ်မှာပါနော်။

မြို့ပြတစ်ခုရဲ့ ညအလှကို ခံစားပြီး ဆီးမီးလေးတွေထွန်းကာ  နှစ်ယောက်အတူတူ ဝိုင်လေးသောက်ရင်း ညရဲ့လေပြေညှင်းလေးတွေနဲ့အတူ  ရင်တွင်းထဲကစကားတွေကို ဖွင့်ဟလိုက်ပါနော်။

 

ပျော်ရွှင်တက်ကြွမှုကို ကြိုက်သူ

ကိုယ့်ချစ်သူဟာ အမြဲတက်ကြွလန်းဆန်းနေတတ်တဲ့သူဆိုရင်တော့ သီချင်းလေးတွေအက လေးတွေနဲ့ အတူ ပန်းခြံ လေးတစ်ခုမှာ အရုပ်တွေ ပူဖောင်းတွေနဲ့ အတူ လက်ထပ်ခွင့်တောင်းတာ ပိုကောင်းပါတယ်နော်။

 

လူစည်းကားတာမကြိုက်သူ

Public ကိုမကြိုက်တဲ့ ပျိုမဒီတွေကို လက်ထပ်ခွင့်တောင်းမယ်ဆိုရင်တော့ သူ့အိမ်လိုမျိုးနေရာဘဲဖြစ်ဖြစ် ကိုယ့်အိမ်လိုနေရာဘဲဖြစ်ဖြစ် အခန်းလေးတစ်ခန်းမှာ အလှဆုံး ပြင်ဆင်ပြီး လက်ထပ်ခွင့်တောင်းပါနော်။

အထူးသတိထားရမယ့်အချက်ကတော့ လက်ထပ်ခွင့်တောင်းမယ့် သူတွေအတွက် အစားအသောက်ထဲ လက်စွပ်ထည့်ပြီး လက်ထပ်ခွင့်တောင်းတာတော့ အခန့်မသင့်ရင် ဗိုက်ထဲဝင်တတ်လို့ ဒီအချက်ကိုတော့

သတိထားကြပါနော်။

 

Credit;Marry

 

Read times Last modified on Wednesday, 19 September 2018 10:41
Rate this item
(1 Vote)