ချစ်​သက်​တမ်းနှစ်​​တွေကြာလာတာနဲ့အမျှ ဘဝခရီးလမ်းသာယာ​စေဖို့အတွက်​လိုအပ်​တဲ့အချက်​များ

ချစ်​သက်​တမ်းနှစ်​​တွေကြာလာတာနဲ့အမျှ ဘဝခရီးလမ်းသာယာ​စေဖို့အတွက်​လိုအပ်​တဲ့အချက်​များ google

လေးစားမှု

ချစ်​သူ​တွေဖြစ်​လာတဲ့အထိ သက်​တမ်းကြာခဲ့​ပေမဲ့ ​ဆက်​လက်​ထိန်းသိမ်းပြီး အပြန်အ​လှန်​​လေးစားမှုရှိဖို့ကထင်​သ​လောက်​မလွယ်​ပါဘူး။

ဒါကြောင့်​ကိုယ်​ပိုင်​အရည်​အချင်း အလုပ်​အကိုင်​နဲ့ အ​တွေးအ​ခေါ်​ကောင်း​တွေရှိဖို့ကအ​ရေးကြီးပါတယ်​။ အချိန်​ကြာသွားလို့အရမ်းရင်းနှီးသွားလည်း အများနဲ့ပတ်​ဝန်းကျင်​မှာ​သွားလာပြီဆိုရင်​​တော့အပြန်​အလှန်​​လေး​လေးစားစားနဲ့ပြုမူ​ ပြောဆိုသင့်​ပါတယ်​။

 

နားလည်​မှု

နားလည်​မှုရှိဖို့ကအရမ်းအ​ရေးကြီးပါတယ်​။ လူတစ်​​ယောက်​နဲ့တစ်​​ယောက်ရဲ့ စိတ်​ဓာတ်​၊ခံယူချက်​၊ခံစားချက်​ အ​တွေးအ​ခေါ်​တွေဟာအချိန်​ပြည့်​မတူညီနိုင်​ပါဘူး။ ဒါ​ပေမယ့်​တတ်​နိုင်​သမျှ​ ကိစ္စတစ်ခုကြောင့် စကားမများခင်​ကတည်းက တစ်​​ယောက်​စိတ်​နဲ့ခံစားချက်​အ​ခြေအ​နေကို အပြန်​အလှန်​ကြိုတင်​စာနာနိုင်​ဖို့လိုအပ်​ပါတယ်​။ နှစ်​​တွေဘယ်​​လောက်​ကြာကြာ နားလည်​မှုမထားနိုင်​ရင်​ ရေရှည်​အဆင်​မ​ပြေနိုင်​ပါဘူး။

 

ယုံကြည်​မှု

ဘဝတစ်​ခုကိုအတူတူ​လျှောက်​လှမ်းဖို့အတွက်​ဆိုရင်​မိမိကိုယ်​ကို​ရော မိမိချစ်​သူအ​ပေါ်မှာ​ရော အတူတူထားတဲ့ရည်​မှန်းချက်​​ပေါ်မှာပါ ခိုင်​မာတဲ့ယုံကြည်​ချက်​ရှိဖို့လိုပါတယ်​။ ကြားပ​ယောဂ​တွေမလာခင်​ကတည်းက တတ်​နိုင်​သမျှ ​ကောင်းမွန်​တဲ့ယုံကြည်​မှုတစ်​ခုကို ကြိုတင်​တည်​​ဆောက်​ထားသင့်​ပါတယ်​။ ဘယ်​​လောက်​ပဲချစ်​ချစ်​ သံသယ​တွေနဲ့ပြည့်​​နေမယ်​ဆိုရင်​​ ကြာလာရင်​ ​ရှေ့ဆက်​ဖို့ခက်​​နေမှာပါ။

 

သစ္စာ​စောင့်​ထိန်းခြင်း

မိမိတို့ကြားမှာဘယ်​​လောက်ပဲ​ပြဿနာဖြစ်​ဖြစ်​(သို့)ကိစ္စရှိလို့အ​နေ​ဝေး​နေရလဲ တစ်​​ယောက်​တည်းကိုပဲချစ်​​ပီး သစ္စာရှိဖို့ကအ​ရေးကြီးဆုံးပါ။ ဘယ်​သူပဲ​သစ္စာဖောက်​​ဖောက်​ နှစ်​ဦးလုံးထိခိုက်​ခံစားရမှာပါ။ ဒီအချက်​က​တော့ အထက်​က ​လေးစားမှု၊ နားလည်​မှုနဲ့ ယုံကြည်​မှုတို့ရဲ့ ​နောက်​ကွယ်​ကအ​ရေးပါတဲ့ဝှက်​ဖဲတစ်​ခုပါ။

 

ပွင့်​ပွင့်​လင်းလင်းတိုင်​ပင်​ခြင်း

အစကတည်းက မိမိရဲ့​နေထိုင်​မှုပုံစံ၊ခံယူချက်​​တွေကို ပွင့်​ပွင့်​လင်းလင်းညှိနှိုင်းပြီးမှ လက်​တွဲသင့်​ပါတယ်​။ ​တစ်​ခါတစ်​​လေမှာ​ပြောပြဖို့ခက်​တဲ့(သို့) ​ပြောဖို့မလိုအပ်​တဲ့မိသားစုကိစ္စ၊ အလုပ်​နဲ့ Privacy ဆိုတာရှိ​ပေမဲ့ ဘဝလက်​တွဲ​ဖော်​အဖြစ်​ခံယူထားရင်​​တော့ တတ်​နိုင်​သမျှ မိမိရဲ့ခံစားချက်​​တွေ၊ ဖြစ်​ချင်​တဲ့ စီစဉ်​ထားတဲ့အရာ​တွေကိုပြောပြပြီးတိုင်​ပင်​သင့်​ပါတယ်​။ သူ​ပြောပြရင်​လဲနား​ထောင်​ ​ဝေဖန်​အကြံ​ပေးသင့်​ပါတယ်​။

 

အနာဂတ်​တွက်​ကြိုတင်​ပြင်​ဆင်​မှု

ဘယ်​လိုအ​ခြေအ​နေပဲရှိရှိ ရည်​ရွယ်​ချက်​မရှိပဲ ဒီအတိုင်းနှစ်​ရှည်​တွဲ​နေတာက နှစ်​ဘက်​လုံး အချိန်​နဲ့​ငွေကြေးအရ အထူးသဖြင့်​ မိန်းက​လေး​တွေဘက်​က ​ရေရှည်​မှာ နစ်​နာနိုင်​ပါတယ်​။ ဘဝလက်​တွဲ​ဖော်​လို့ခံယူပြီးရင်​​တော့ ရေရှည်​မှာအတူတူ​နေနိုင်​ဖို့နဲ့ ​ငွေ​ကြေးစု​ဆောင်းဖို့အတွက်​ ကြိုတင်​တိုင်​ပင်​အစီအစဉ်​​တွေဆွဲပြီးပြင်​ဆင်​သင့်​ပါတယ်​။

 

Author : Shinn Khant

Read times Last modified on Monday, 11 February 2019 17:41
Rate this item
(0 votes)