ချစ်သူများ လမ်းခွဲစေနိုင်တဲ့ အချက်

ချစ်သူများ လမ်းခွဲစေနိုင်တဲ့ အချက် google.com

လူငယ်သဘာဝအရ တစ်ယောက်နှင့် တစ်ယောက်မြင်မြင်ချင်းဖြစ်စေ၊ ဖူးစာပါလို့ဖြစ်စေ အချစ်တွေမွေးဖွားလာခြင်းဖြင့်

ချစ်သူတွေဖြစ်တတ်ကြပါတယ်။ အဲဒီလို ချစ်သူတွေဖြစ်တဲ့အခိုက်မှာလည်း တစ်ယောက်နှင့် တစ်ယောက် စိတ်ကောက်လိုက်၊ ပြန်ချော့လိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။

 

အဲဒီလိုဖြစ်ခြင်းဖြင့် တစ်ယောက်ကိုတစ်ယောက်က ပြန်မချော့ဘဲ နေရင်တော့ အမှိုက်ကစ ပြဿဒ်မီးလောင်ဆိုသလို ဖြစ်သွားပြီး လမ်းခွဲစေနိုင်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

 

စိတ်ကောက်ခြင်း

 

စိတ်ကောက်တာဟာ ချစ်သူဘဝရဲ့ပျော်ရွှင်စရာဂိမ်းလေးဖြစ်ပါတယ်။ သို့ပေမယ့် ဂိမ်းကို မလွန်သွားဖို့တော့ လိုအပ်ပါတယ်။

 

ချော့တတ်တဲ့သူတွေအတွက် ပြဿနာမရှိပေမယ့် မချော့တတ်တဲ့ သူတွေအတွက် အဆိုးရွားဆုံးပြဿနာဖြစ်ပါတယ်။ စိတ်တော့ကောက်ပါ။ သို့ပေမယ့် ချော့ရင်တော့ စိတ်ကောက်ပြေသင့်ပါတယ်။

 

သ၀န်တိုခြင်း

 

မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ သဝန်တိုတတ်ကြပါတယ်။ သဝန်တိုတာဟာ အချစ်ဆိုတာ မှန်သင့်သလောက်မှန်ပေမယ့် သဝန်တိုလွန်းတာဟာ မာနကို ထိပါးလာတတ်ပါတယ်။

 

ကိုယ်ကျင့်သိက္ခာကို စော်ကားသလိုဖြစ်လာတက်ပါတယ်။ ဆိုးတာ၊ နွဲ့တာ အပြစ်မဟုတ်ပေမယ့် စွပ်စွဲတာဟာ မယုံကြည်ခြင်းသဘောဖြစ်ပါတယ်။

 

ပွင့်လင်းမှုမရှိခြင်း

 

လူငယ်သဘာဝ ချစ်သူတွေအဖြစ်က ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်မယ်ဆို ပွင့်လင်းဖို့လိုပါလိမ့်မယ်။ မပွင့်လင်းတာဟာ မရိုးသားခြင်း၊ မရိုးသားတာဟာ လိမ်ညာခြင်း ဖြစ်ပါတယ်။

 

ဘဝခရီးက အရှည်ကြီးပါ ကိုယ့်စိတ်ဓာတ်အမှန်၊ ဘဝအမှန် စရိုက်အမှန်ကို သူလက်ခံမှ ကိုယ်ကောလက်ခံမှ သက်ဆုံးတိုင်ဆိုတဲ့ စကားလုံးဖြစ်လာမှာပါ။

 

 

 

 

Read times Last modified on Wednesday, 19 September 2018 15:09
Rate this item
(0 votes)