လောင်ကျွမ်းနေသည့် ကယ်လီဖိုးနီးယားတောမီးနောက်ခံမြင်ကွင်းနှင့် မင်္ဂလာဓာတ်ပုံရိုက်ကူး

လောင်ကျွမ်းနေသည့် ကယ်လီဖိုးနီးယားတောမီးနောက်ခံမြင်ကွင်းနှင့် မင်္ဂလာဓာတ်ပုံရိုက်ကူး facebook

အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့က စုံတွဲတစ်တွဲက တစ်သက်တာလုံး အမှတ်တရဖြစ်နေစေဖို့ သူတို့ရဲ့မင်္ဂလာပွဲကို လှပသာယာတဲ့

 

ကယ်လီဖိုးနီးယားပြည်နယ်၊ ဝိုင်ကမ်းထရီးဒေသမှာ မင်္ဂလာပွဲကျင်းပဖို့ ရောက်ရှိလာခဲ့ပေမယ့် မမျှော်လင့်ထားတဲ့

 

သဘာဝတောမီးအခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့လိုက်ရပါတယ်။ ကာတစ်နဲ့ ကေတီဖာလန်တို့ စုံတွဲက ကင်ကိတ်တောမီးလောင်ကျွမ်းရာနေရာနဲ့

 

အတန်ငယ်လှမ်းဝေးတဲ့ စပျစ်ခင်းနေရာမှာ မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပြီး တောမီးက ထွက်လာတဲ့ မီးခိုးတွေကြောင့်

 

မင်္ဂလာပွဲတက်ရောက်ဖို့တကူးတကလာကြတဲ့ဧည့်သည်တွေလည်း အိမ်ပြန်ခဲ့ကြရပေမယ့်

 

ပွဲကိုမဖျက်သိမ်းဘဲ လူအနည်းအကျဉ်းနဲ့ပဲ ကျင်းပသွားခဲ့တယ်လို့ ဆိုပါတယ်။ထိမ်းမြားမှုအပြီးမှာ မင်္ဂလာသတို့သားနဲ့ သတို့သမီးတို့က မီးခိုးတွေပိတ်နေပြီး

 

တောမီးကြောင့် ရဲရဲနီနေတဲ့ ပတ်ဝန်းကျင်နောက်ခံနဲ့ပဲ မင်္ဂလာပွဲအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ရတာဖြစ်ပါတယ်။

 

မီးခိုးတွေကြောင့် မင်္ဂလာစုံတွဲက နှာခေါင်းစည်းမျက်နှာဖုံးတွေ တပ်ဆင်ထားလျက်နဲ့ပဲ မင်္ဂလာဓာတ်ပုံရိုက်ကူးခဲ့ရတာဖြစ်ပါတယ်။

 

မျှော်လင့်ထားတဲ့အတိုင်းမဟုတ်ပေမယ့်လည်း တောမီးကြောင့် သူတို့ရဲ့မင်္ဂလာပွဲက တစ်သက်လုံးအမှတ်ရနေတော့မှာဖြစ်ပါတယ်။

 

တောမီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေပေါင်း ၁၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီဖြစ်ပြီး

 

လူပေါင်း ၁၈၀၀၀၀ခန့်ကို ဘေးကင်းရာဆီရွှေ့ပြောင်းဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

 

(Today, 30.10.19)သံသာ

 

 Zawgyi

 

အေမရိကန္ႏိုင္ငံ၊ ခ်ီကာဂိုၿမိဳ႕က စုံတြဲတစ္တြဲက တစ္သက္တာလုံး အမွတ္တရျဖစ္ေနေစဖို႔ သူတို႔ရဲ႕မဂၤလာပြဲကို လွပသာယာတဲ့

 

ကယ္လီဖိုးနီးယားျပည္နယ္၊ ဝိုင္ကမ္းထရီးေဒသမွာ မဂၤလာပြဲက်င္းပဖို႔ ေရာက္ရွိလာခဲ့ေပမယ့္

 

မေမွ်ာ္လင့္ထားတဲ့ သဘာဝေတာမီးအေျခအေနနဲ႔ ရင္ဆိုင္ႀကဳံေတြ႕လိုက္ရပါတယ္။

 

ကာတစ္နဲ႔ ေကတီဖာလန္တို႔ စုံတြဲက ကင္ကိတ္ေတာမီးေလာင္ကြၽမ္းရာေနရာနဲ႔ အတန္ငယ္လွမ္းေဝးတဲ့ စပ်စ္ခင္းေနရာမွာ မဂၤလာပြဲက်င္းပခဲ့တာျဖစ္ၿပီး

 

 ေတာမီးက ထြက္လာတဲ့ မီးခိုးေတြေၾကာင့္ မဂၤလာပြဲတက္ေရာက္ဖို႔တကူးတကလာၾကတဲ့ဧည့္သည္ေတြလည္း အိမ္ျပန္ခဲ့ၾကရေပမယ့္ ပြဲကိုမဖ်က္သိမ္းဘဲ

 

လူအနည္းအက်ဥ္းနဲ႔ပဲ က်င္းပသြားခဲ့တယ္လို႔ ဆိုပါတယ္။ထိမ္းျမားမႈအၿပီးမွာ မဂၤလာသတို႔သားနဲ႔ သတို႔သမီးတို႔က

 

မီးခိုးေတြပိတ္ေနၿပီး ေတာမီးေၾကာင့္ ရဲရဲနီေနတဲ့ ပတ္ဝန္းက်င္ေနာက္ခံနဲ႔ပဲ မဂၤလာပြဲအမွတ္တရဓာတ္ပုံ႐ိုက္ကူးခဲ့ရတာျဖစ္ပါတယ္။

 

မီးခိုးေတြေၾကာင့္ မဂၤလာစုံတြဲက ႏွာေခါင္းစည္းမ်က္ႏွာဖုံးေတြ တပ္ဆင္ထားလ်က္နဲ႔ပဲ မဂၤလာဓာတ္ပုံ႐ိုက္ကူးခဲ့ရတာျဖစ္ပါတယ္။

 

ေမွ်ာ္လင့္ထားတဲ့အတိုင္းမဟုတ္ေပမယ့္လည္း ေတာမီးေၾကာင့္ သူတို႔ရဲ႕မဂၤလာပြဲက တစ္သက္လုံးအမွတ္ရေနေတာ့မွာျဖစ္ပါတယ္။

 

ေတာမီးေလာင္ကြၽမ္းမႈေၾကာင့္ အိမ္ေျခေပါင္း ၁၀၀ေက်ာ္ ပ်က္စီးဆုံးရႈံးခဲ့ရၿပီျဖစ္ၿပီး

 

လူေပါင္း ၁၈၀၀၀၀ခန႔္ကို ေဘးကင္းရာဆီေ႐ႊ႕ေျပာင္းဖို႔ ၫႊန္ၾကားထားတယ္လို႔ သိရပါတယ္။

 

(Today, 30.10.19)သံသာ

Myanmar Wedding Guide

jjjj

Read times Last modified on Wednesday, 26 February 2020 16:21
Rate this item
(0 votes)
Tagged under