ယောက္ခမချစ်ဆေး....

ယောက္ခမချစ်ဆေး.... google

ချစ်သူရည်းစားဆက်ဆံရေးကနေ အဆင့်ထပ်တက်ဖို့စဉ်းစားကြတော့မယ်ဆိုရင် ယောက်ခမလောင်းနဲ့တွေ့ဖို့ကိုလည်းတစ်ခါတည်းစဉ်းစားကြရပါပြီနော်။

 

ဒီလိုအခြေအနေမျိုးမှာချွေးမလောင်လေးတွေပဲစိတ်လှုပ်ရှားတတ်ကြတာမဟုတ်ဘဲယောက်ခမလောင်းတွေအနေနဲ့လည်းစိတ်လှုပ်ရှားတတ်ကြပါတယ်။

 

ဒါကြောင့် ဒီနေ့မှာ ယောက်ခမလောင်းနဲ့တွေ့ဖို့ ဘယ်လိုစိတ်အေးအေးထားပြီးပြင်ဆင်ရမလဲဆိုတာကို Myanmar Wedding Guide ကဖော်ပြပေးချင်ပါတယ်။

 

(၁)ကိုယ့်ချစ်သူကိုကိုယ့်ယောက်ခမလောင်းအကြောင်းမေးပါ။

 

သူမနဲ့တွေ့တဲ့အခါအကောင်းဆုံးမွန်ဆုံးပြောဆိုဆက်ဆံနိုင်ဖို့ သူမရဲ့အကျင့်စရိုက်နဲ့ အကြိုက်တွေကို အကြမ်းဖျင်းသဘောလောက်သိထားမှအဆင်ပြေမှာပါ။

 

ဒီလိုသိထားဖို့ဆိုတာလည်း သူမနဲ့အရင်းနှီးဆုံးဖြစ်တဲ့ သူမရဲ့သား၊ကိုယ့်ရဲ့ချစ်သူဆီကနေအသေးစိပ်စပ်စုထားလို့ရပါတယ်နော်။

 

(၂) သူမအတွက်သင့်တော်သောလက်ဆောင်ကိုရွေးချယ်ပါ။

 

ယောက်ခမလောင်းရဲ့အိမ်သို့ပထမဆုံးအကြိမ်သွားရောက်မယ်ဆိုရင်လက်ဆောင်အနည်းငယ်ကိုပြင်ဆင်ယူဆောင်သွားပေးတာကရိုးရှင်းပြီးယဉ်ကျေးတဲ့အပြုအမူဖြစ်ပါတယ်။

 

အိမ်မှာမဟုတ်ဘဲတေစားသောက်ဆိုင်တစ်ခုခုမှာတွေ့ဆုံကြမယ်ဆိုရင်တောင်သူမအတွက်ကိုယ်ပေးတဲ့လက်ဆောင်လေးကသူမကိုတန်ဖိုးထားကြောင်းနဲ့ကိုယ်အဆင့်အတန်းရှိကြောင်းကိုလည်းပြသနိုင်ပါလိမ့်မယ်။

 

ဥပမာပန်းစည်း(သို့မဟုတ်)ရနံ့ဖယောင်းတိုင်လိုမျိုးလက်ဆောင်လေးတွေသူမအတွက်ပြင်ဆင်သွားပေးပါနော်။

 

(၃) သင့်တော်တဲ့အဝတ်အစားကိုရွေးချယ်ဝတ်ဆင်ပါ။

 

သူမနဲ့တွေ့တဲ့အခါမှာ ကောင်းကောင်းမွန်မွန်ဝတ်စားဆင်ယင်ခြင်းဖြင့် သူမဆီကအမှတ်ကိုရယူနိုင်ပါတယ်။

 

ကိုယ့်ရဲ့ရိုးရှင်းပြီးကျက်သရေရှိမယ့်ဝတ်စားဆင်ယင်မှုကသူမကိုအလေးထားကြောင်းဖော်ပြနိုင်တာကြောင့် ဝတ်စားဆင်ယင်မှုကိုဂရုစိုက်ပေးပါနော်။

 

(၄) သူမကိုဘယ်လိုကင်ပွန်းတပ်ခေါ်ရမလဲစဉ်းစားထားပါ။

 

ယောက်ခမဆိုတာလည်းမိဘပဲဖြစ်တာကြောင့် အခေါ်အဝေါ်လေးတွေကိုလည်းဂရုစိုက်ဖို့လိုအပ်လှပါတယ်နော်။

 

စစတွေ့ချင်းမှာခေါ်ဖို့မဝံ့မရဲဖြစ်နေရင်တောင် သူမကို “အမေ၊မေမေ’’စသဖြင့်ခေါ်ပြောဆက်ဆံဖို့အတွက်သူမဆီကခွင့်ပြုချက်တောင်းယူနိုင်ပါတယ်။

 

(၅)ပေါ့ပေါ့ပါးပါးဖြစ်စေမယ့်အကြောင်းအရာမျိုးကိုရွေးချယ်ပြောဆိုပါ။

 

သူမနဲ့စစတွေ့ချင်းမှာ ဘာသာရေး၊နိုင်ငံရေးစတဲ့အကြောင်းအရာများကို မပြောဆိုသင့်ဘဲ ရင်းနှီးသွားတဲ့အခါမှသာ ထိုအကြောင်းအရာတွေကိုပြောဆိုဆွေးနွေးသင့်ပါတယ်နော်။

 

အဲ့ဒါတွေအစား သူမ၏အိမ်မှုတာဝန်နိုင်နင်းတာကိုချီးမွမ်းတာမျိုးသို့မဟုတ်သူမ၏စိတ်ဝင်စားမှုနဲ့ဝါသနာတွေအကြောင်းပြောဆိုတာမျိုးက အကျိုးရှိတဲ့စကားဝိုင်းလေးဖြစ်စေမှာပါ။

 

(၆)မေးခွန်းများစွာဖြေဆိုရန်အဆင်သင့်ဖြစ်နေပါစေ။

 

ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးပေါ် မူတည်၍ ကိုယ်နဲ့ပက်သက်သမျှသူမသိချင်တဲ့မေးခွန်းတွေကို လိမ္မာပါးနပ်စွာနဲ့လေးလေးစားစားဖြေဆိုပါ။

 

(၇)သူမကိုကူညီပါ။

 

သူမနဲ့တွေ့ဆုံရင်းစားသောက်ဖို့ပြင်ဆင်တဲ့အခါ စားပွဲပြင်ဆင်ခြင်းဖြင့်ကူညီပေးနိုင်သလို

 

စားသောက်ပြီးသွားတဲ့အခါမှာလည်း ပန်းကန်ခွက်ယောက်တွေကိုကူညီသိမ်းဆည်းပေးခြင်းကလည်းကိုယ့်ရဲ့အိမ်မှုကိစ္စနိုင်နင်းမှုကိုပြသရာရောက်သလို သူမဆီကအမှတ်ပေးမှုတွေရရှိစေနိုင်ပါတယ်။

 

Reference:oureverydaylife.com

 

 

 

ခ်စ္သူရည္းစားဆက္ဆံေရးကေန အဆင့္ထပ္တက္ဖို႔စဥ္းစားၾကေတာ့မယ္ဆိုရင္ ေယာက္ခမေလာင္းနဲ႔ေတြ႔ဖို႔ကိုလည္းတစ္ခါတည္းစဥ္းစားၾကရပါၿပီေနာ္။

ဒီလိုအေျခအေနမ်ိဳးမွာေခၽြးမေလာင္ေလးေတြပဲစိတ္လႈပ္ရွားတတ္ၾကတာမဟုတ္ဘဲေယာက္ခမေလာင္းေတြအေနနဲ႔လည္းစိတ္လႈပ္ရွားတတ္ၾကပါတယ္။

ဒါေၾကာင့္ ဒီေန႔မွာ ေယာက္ခမေလာင္းနဲ႔ေတြ႕ဖို႔ ဘယ္လိုစိတ္ေအးေအးထားၿပီးျပင္ဆင္ရမလဲဆိုတာကို Myanmar Wedding Guide ကေဖာ္ျပေပးခ်င္ပါတယ္။

(၁)ကိုယ့္ခ်စ္သူကိုကိုယ့္ေယာက္ခမေလာင္းအေၾကာင္းေမးပါ။

သူမနဲ႔ေတြ႔တဲ့အခါအေကာင္းဆံုးမြန္ဆံုးေျပာဆိုဆက္ဆံႏိုင္ဖို႔ သူမရဲ႕အက်င့္စရိုက္နဲ႕ အႀကိဳက္ေတြကို အၾကမ္းဖ်င္းသေဘာေလာက္သိထားမွအဆင္ေျပမွာပါ။

ဒီလိုသိထားဖို႔ဆိုတာလည္း သူမနဲ႔အရင္းႏွီးဆံုးျဖစ္တဲ့ သူမရဲ႕သား၊ကိုယ့္ရဲ႕ခ်စ္သူဆီကေနအေသးစိပ္စပ္စုထားလို႔ရပါတယ္ေနာ္။

wwr1

(၂) သူမအတြက္သင့္ေတာ္ေသာလက္ေဆာင္ကိုေရြးခ်ယ္ပါ။

ေယာက္ခမေလာင္းရဲ႕အိမ္သို႔ပထမဆုံးအႀကိမ္သြားေရာက္မယ္ဆိုရင္လက္ေဆာင္အနည္းငယ္ကိုျပင္ဆင္ယူေဆာင္သြားေပးတာက႐ိုးရွင္းၿပီးယဥ္ေက်းတဲ့အျပဳအမူျဖစ္ပါတယ္။

အိမ္မွာမဟုတ္ဘဲေတစားေသာက္ဆိုင္တစ္ခုခုမွာေတြ႕ဆုံၾကမယ္ဆိုရင္ေတာင္သူမအတြက္ကိုယ္ေပးတဲ့လက္ေဆာင္ေလးကသူမကိုတန္ဖိုးထားေၾကာင္းနဲ႔ကိုယ္အဆင့္အတန္းရွိေၾကာင္းကိုလည္းျပသႏိုင္ပါလိမ့္မယ္။

ဥပမာပန္းစည္း(သို႔မဟုတ္)ရနံ႔ဖေယာင္းတိုင္လိုမ်ိဳးလက္ေဆာင္ေလးေတြသူမအတြက္ျပင္ဆင္သြားေပးပါေနာ္။

(၃) သင့္ေတာ္တဲ့အဝတ္အစားကိုေရြးခ်ယ္ဝတ္ဆင္ပါ။

သူမနဲ႔ေတြ႕တဲ့အခါမွာ ေကာင္းေကာင္းမြန္မြန္ဝတ္စားဆင္ယင္ျခင္းျဖင့္ သူမဆီကအမွတ္ကိုရယူႏိုင္ပါတယ္။

ကိုယ့္ရဲ႕ရိုးရွင္းၿပီးက်က္သေရရွိမယ့္ဝတ္စားဆင္ယင္မႈကသူမကိုအေလးထားေၾကာင္းေဖာ္ျပႏိုင္တာေၾကာင့္ ဝတ္စားဆင္ယင္မႈကိုဂရုစိုက္ေပးပါေနာ္။

wwr4

(၄) သူမကိုဘယ္လိုကင္ပြန္းတပ္ေခၚရမလဲစဥ္းစားထားပါ။

ေယာက္ခမဆိုတာလည္းမိဘပဲျဖစ္တာေၾကာင့္ အေခၚအေဝၚေလးေတြကိုလည္းဂရုစိုက္ဖို႔လိုအပ္လွပါတယ္ေနာ္။

စစေတြ႕ခ်င္းမွာေခၚဖို႕မဝံ့မရဲျဖစ္ေနရင္ေတာင္ သူမကို “အေမ၊ေမေမ’’စသျဖင့္ေခၚေျပာဆက္ဆံဖို႕အတြက္သူမဆီကခြင့္ျပဳခ်က္ေတာင္းယူႏိုင္ပါတယ္။

(၅)ေပါ့ေပါ့ပါးပါးျဖစ္ေစမယ့္အေၾကာင္းအရာမ်ိဳးကိုေရြးခ်ယ္ေျပာဆိုပါ။

သူမနဲ႔စစေတြ႕ခ်င္းမွာ ဘာသာေရး၊ႏိုင္ငံေရးစတဲ့အေၾကာင္းအရာမ်ားကို မေျပာဆိုသင့္ဘဲ ရင္းႏွွီးသြားတဲ့အခါမွသာ ထိုအေၾကာင္းအရာေတြကိုေျပာဆိုေဆြးေႏြးသင့္ပါတယ္ေနာ္။

အဲ့ဒါေတြအစား သူမ၏အိမ္မႈတာဝန္ႏိုင္နင္းတာကိုခ်ီးမြမ္းတာမ်ိဳးသို႔မဟုတ္သူမ၏စိတ္ဝင္စားမႈနဲ႔ဝါသနာေတြအေၾကာင္းေျပာဆိုတာမ်ိဳးက အက်ိဳးရွိတဲ့စကားဝိုင္းေလးျဖစ္ေစမွာပါ။

wwr3

(၆)ေမးခြန္းမ်ားစြာေျဖဆိုရန္အဆင္သင့္ျဖစ္ေနပါေစ။

ကိုယ့္ရဲ႕ကိုယ္ရည္ကိုယ္ေသြးေပၚ မူတည္၍ ကိုယ္နဲ႔ပက္သက္သမွ်သူမသိခ်င္တဲ့ေမးခြန္းေတြကို လိမၼာပါးနပ္စြာနဲ႔ေလးေလးစားစားေျဖဆိုပါ။

(၇)သူမကိုကူညီပါ။

သူမနဲ႔ေတြ႔ဆံုရင္းစားေသာက္ဖို႔ျပင္ဆင္တဲ့အခါ စားပြဲျပင္ဆင္ျခင္းျဖင့္ကူညီေပးႏိုင္သလို

စားေသာက္ၿပီးသြားတဲ့အခါမွာလည္း ပန္းကန္ခြက္ေယာက္ေတြကိုကူညီသိမ္းဆည္းေပးျခင္းကလည္းကိုယ့္ရဲ႕အိမ္မႈကိစၥႏိုင္နင္းမႈကိုျပသရာေရာက္သလို သူမဆီကအမွတ္ေပးမႈေတြရရွိေစႏိုင္ပါတယ္။

Reference:oureverydaylife.com

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Tuesday, 04 February 2020 16:02
Rate this item
(0 votes)
Tagged under