ချစ်သူကို ဘယ်လို ခရစ်စမတ်လက်ဆောင်ပေးမလဲ

ချစ်သူကို ဘယ်လို ခရစ်စမတ်လက်ဆောင်ပေးမလဲ google

မကြာခင် ခရစ်စမတ်နေ့ရောက်တော့မှာ ဖြစ်တဲ့အတွက်ကြောင့် စာဖတ်သူတွေအနေနဲ့ ကိုယ့်ချစ်သူကို ဘာလက်ဆောင်ပေးရမလဲ ဆိုတာကို စဉ်းစားနေကြပြီထင်ပါတယ် ။ ဒါကြောင့် ချစ်သူကို ခရစ်စမတ်လက်ဆောင်အဖြစ် ပေးသင့်တဲ့ အရာ() မျိုးကို မျှဝေပြီး အကြံပေးလိုက်ပါတယ် ။

 

 

() ဝိုင်

 

ချမ်းအေးပြီး သာယာတဲ့ ခရစ်စမတ်ညကို ဝိုင်နဲ့ မဖြတ်သန်းချင်ကြတဲ့ သူတွေ မရှိလောက်ဘူးထင်ပါတယ် ။ ဒါ့အပြင် ကိုယ့်ချစ်သူနဲ့အတူ ဝိုင်သောက်ပြီး ခရစ်စမတ်ညကို ဖြတ်သန်းရတဲ့ အရသာဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး ။ ဒါကြောင့် သင့်ချစ်သူအတွက် ခရစ်စမတ်လက်ဆောင် အဖြစ် ဝိုင်ကောင်းကောင်းလေး တစ်ပုလင်းကို ရွေးချယ်သင့်ပါတယ် ။

 

 

() ချောကလက်

 

ဝိုင်ဝယ်ပြီးတဲ့အခါမှာ ချောကလက်ကိုလည်း မမေ့သင့်ပါဘူး ။ ချောကလက်နဲ့ ခရစ်စမတ်ဟာလည်း ခွဲခြားလို့ မရအောင်ကို ပနံသင့်လှပါတယ် ။ သင့်ချစ်သူဟာလည်း ချောကလက်နဲ့ ဝိုင်ကို ကြိုက်နှစ်သက်မှာ သေချာပါတယ် ။ ဒါကြောင့် သူ့ကို ဝိုင်လက်ဆောင် ပေးတဲ့အခါမှာ ချောကလက်ကိုပါ တစ်ပါတည်း ထည့်ပေးလိုက်ပါ ။

 

 

() ပိုက်ဆံအိတ်

 

ပိုက်ဆံအိတ်ဟာ လူတိုင်းသွားလေရာ ယူသွားရပြီး အသုံးဝင်တဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ် ။ သင်သာ Brand တစ်ခုခု (ဒါမှမဟုတ်) အရည်အသွေးကောင်းပြီး လှပတဲ့ ပိုက်ဆံအိတ်တစ်လုံးကို သေချာရွေးချယ်ပြီး ဝယ်ပေးမယ်ဆိုရင် သင့်ချစ်သူလည်း သဘောကျမှာ သေချာပါတယ် ။

 

 

() Year Planner Book

 

မကြာခင် နှစ်သစ်ရောက်တော့မှာ ဖြစ်တဲ့အတွက် အချိန်ကိုလေးစားပြီး ရည်မှန်းချက်ကြီးတဲ့ သူတွေအတွက် Year Planner Book လေးတွေဟာ မရှိမဖြစ် လိုအပ်လာပါပြီ ။ သင်လည်း သင့်ချစ်သူကို Year Planner Book လေးတစ်အုပ်လောက်ကို ခရစ်စမတ်လက်ဆောင် အဖြစ် ဝယ်ပေးသင့်ပါတယ် ။ သူသဘောကျတဲ့ အနုပညာရှင်တွေ ထုတ်တဲ့ Year Planner Book ကို ဦးစားပေးပြီး ရွေးချယ်ဝယ်ယူသင့်တယ်လို့ အကြံပေးချင်ပါတယ်

 

 

() လက်ပတ်နာရီ

 

လက်ပတ်နာရီဟာလည်း သင့်ချစ်သူကိုခရစ်စမတ်လက်ဆောင်အဖြစ် ပေးသင့်တဲ့ အထဲမှာ ပါပါတယ် ။ ၎င်းကို ပေးတဲ့အခါမှာ "အချိန်တိုင်း.... မိနစ်တိုင်း...စက္ကန့်တိုင်း မင်းကို တန်ဖိုးထားပြီး ချစ်နေမှာပါ" လို့ပြောပြီး ပေးလိုက်ပါ ။

 

 

Credit;Lungemedia

Read times
Rate this item
(1 Vote)