ကိုယ့်ထက်အသက်ကြီးတဲ့သူကို ဘာကြောင့်ရွေးချယ်သင့်လဲ။

ကိုယ့်ထက်အသက်ကြီးတဲ့သူကို ဘာကြောင့်ရွေးချယ်သင့်လဲ။ google

ကြီးရင်မှီ၊ ငယ်ရင်ချီတဲ့။ ဒီစကားပုံထဲကလိုမျိုး ကိုယ့်ထက်ကြီးတဲ့သူအပေါ်မှာ မှီခိုလို့ရပေမယ့်၊ ငယ်တဲ့သူဆို ကိုယ်ကချီနေရမှာနော်။

 

ကိုယ်တွေကတော့ မချီနိုင်ပါဘူး။ ဘယ်နှယ့် အားကိုးဖော်ရှာပါတယ်ဆိုမှ ကိုယ့်ကိုပြန်အားကိုးနေရင် အခက်သားနော်။

 

အသက်ကြီးတဲ့ ကိုကြီးတွေကတော့ ဒီလိုမျိုး ကောင်းခြင်းတွေနဲ့ ပြည့်စုံနေပါတယ်တဲ့။

 

လွယ်လွယ် သဝန်မတိုတတ်ဘူး

 

ကိုကြီးတွေက ထစ်ခနဲရှိ သဝန်တိုတတ်တဲ့ လူစားမျိုးတွေ မဟုတ်ကြပါဘူး။ အကျိုးအကြောင်းကို လွယ်လွယ်နားလည်တတ်ပြီး၊

 

နားလည်မှု အပေးနိုင်ဆုံး လူသားတွေပါနော်။

 

ကိုယ်လိုရာ ဆွဲမတွေးတတ်သလို ကိုယ်ချစ်သူကို အရာရာ ခွင့်လွတ်အလျော့ပေးတတ်ကြတဲ့ သူတွေဖြစ်ကြပါတယ်။

 

အလိုလိုက်ခံရတယ်

 

ဒါကတော့ ပြောနေစရာတောင် မလိုပါဘူး။ ကိုယ့်ထက် ငယ်ငယ်လေးကို ပိုင်ဆိုင်ထားတဲ့

 

ကွီးတွေရဲ့ အားနည်းချက်က နည်းနည်းလေးချွဲလိုက်တာနဲ့ အရာရာကို ဖြည့်ဆည်းပေးဖို့ အဆင်သင့်ဖြစ်နေတတ်ကြပါတယ်။

 

လိုချင်တာမှန်သမျှ မငြီးမငြူ ဝယ်ပေးတတ်တဲ့ ကိုကြီးတွေက အရမ်းကို ချစ်တတ်သူတွေလည်း ဖြစ်ကြပါတယ်နော်။

 

စိတ်မကစားတတ်ဘူး

 

ကိုကြီးတွေအရွယ်က စိတ်ကစားတတ်တဲ့ အရွယ်လည်းမဟုတ်တော့ဘူးဆိုတော့ အပျော်ကြံမှာ ပူစရာမလိုပါဘူး။

 

သူတို့ရဲ့ ဘဝလက်တွဲဖော်ကောင်းကို ရှာဖွေနေတဲ့ အချိန်ဖြစ်လို့ အချစ်ကို ကစားမယ့်သူတွေ မဟုတ်ကြပါဘူး။

 

တစ်ယောက်ဆို တစ်ယောက်အတည်တကျတွဲတတ်ကြတဲ့ အရွယ်ဖြစ်လို့ ကိုကြီးတွေကသာ အကောင်းဆုံးပါနော်။

 

လူကြီးလူကောင်းဆန်တယ်

 

ဘယ်နေရာမှာမဆို ကိုယ့်ကို အလိုက်တသိနဲ့ ဂရုစိုက်တတ်တဲ့ ကိုကြီးတွေက ကိုယ့်ထက်အရာရာမှာ သိတတ်နားလည်တတ်သူတွေပါ။

 

အကောင်း၊ အဆိုးကို နားလည်လာအောင် အမြဲသေရှာရှင်းပြတတ်ပြီး ကိုယ့်ကိုအောင်မြင်လာအောင် အမြဲပံ့ပိုးပေးတတ်သူတွေ ဖြစ်ကြပါတယ်။

 

ဘယ်လိုနေရာ၊ ဘယ်လိုပွဲမျိုးမဆို ကိုကြီးတွေနဲ့ တွဲသွားဖို့ အဆင်ပြေပါတယ်။

 

အရာရာ ပြည့်စုံတယ်

 

ကိုကြီးတွေက သူတို့ရဲ့ စီးပွါးရေးမှာလည်း အခြေအနေတစ်ခုတစ်ခုနဲ့ အတည်တကျဖြစ်နေတဲ့ သူတွေဖြစ်ကြပါတယ်။

 

လူမှုရေးရော၊ စီးပွါးရေးဖက်မှာလည်း အောင်မြင်နေကြတဲ့ ကိုကြီးတွေက အရမ်းကို perfect ပါနော်။

 

 

Zawgyi ျဖင့္ဖတ္ရန္...

 

ႀကီးရင္မွီ၊ ငယ္ရင္ခ်ီတဲ့။ ဒီစကားပံုထဲကလိုမ်ိဳး ကိုယ့္ထက္ႀကီးတဲ့သူအေပၚမွာ မွီခိုလို႔ရေပမယ့္၊ ငယ္တဲ့သူဆို ကိုယ္ကခ်ီေနရမွာေနာ္။

ကိုယ္ေတြကေတာ့ မခ်ီႏိုင္ပါဘူး။ ဘယ္ႏွယ့္ အားကိုးေဖာ္႐ွာပါတယ္ဆိုမွ ကိုယ့္ကိုျပန္အားကိုးေနရင္ အခက္သားေနာ္။

အသက္ႀကီးတဲ့ ကိုၾကီးေတြကေတာ့ ဒီလိုမ်ိဳး ေကာင္းျခင္းေတြနဲ႔ ျပည့္စံုေနပါတယ္တဲ့။

လြယ္လြယ္ သဝန္မတိုတတ္ဘူး

ကိုႀကီးေတြက ထစ္ခနဲ႐ွိ သဝန္တိုတတ္တဲ့ လူစားမ်ိဳးေတြ မဟုတ္ၾကပါဘူး။ အက်ိဳးအေၾကာင္းကို လြယ္လြယ္နားလည္တတ္ၿပီး၊

နားလည္မႈ အေပးႏိုင္ဆံုး လူသားေတြပါေနာ္။

ကိုယ္လိုရာ ဆြဲမေတြးတတ္သလို ကိုယ္ခ်စ္သူကို အရာရာ ခြင့္လြတ္အေလ်ာ့ေပးတတ္ၾကတဲ့ သူေတြျဖစ္ၾကပါတယ္။

old

 

အလိုလိုက္ခံရတယ္

ဒါကေတာ့ ေျပာေနစရာေတာင္ မလိုပါဘူး။ ကိုယ့္ထက္ ငယ္ငယ္ေလးကို ပိုင္ဆုိင္ထားတဲ့

ကီြးေတြရဲ႕ အားနည္းခ်က္က နည္းနည္းေလးခၽြဲလုိက္တာနဲ႔ အရာရာကို ျဖည့္ဆည္းေပးဖို႔ အဆင္သင့္ျဖစ္ေနတတ္ၾကပါတယ္။

လိုခ်င္တာမွန္သမွ် မျငီးမျငဴ ဝယ္ေပးတတ္တဲ့ ကိုၾကီးေတြက အရမ္းကို ခ်စ္တတ္သူေတြလည္း ျဖစ္ၾကပါတယ္ေနာ္။

စိတ္မကစားတတ္ဘူး

ကိုႀကီးေတြအ႐ြယ္က စိတ္ကစားတတ္တဲ့ အ႐ြယ္လည္းမဟုတ္ေတာ့ဘူးဆိုေတာ့ အေပ်ာ္ၾကံမွာ ပူစရာမလုိပါဘူး။

သူတို႔ရဲ႕ ဘဝလက္တြဲေဖာ္ေကာင္းကို ႐ွာေဖြေနတဲ့ အခ်ိန္ျဖစ္လို႔ အခ်စ္ကို ကစားမယ့္သူေတြ မဟုတ္ၾကပါဘူး။

တစ္ေယာက္ဆို တစ္ေယာက္အတည္တက်တြဲတတ္ၾကတဲ့ အ႐ြယ္ျဖစ္လို႔ ကိုႀကီးေတြကသာ အေကာင္းဆံုးပါေနာ္။

 

old1

 

လူႀကီးလူေကာင္းဆန္တယ္

ဘယ္ေနရာမွာမဆို ကိုယ့္ကို အလိုက္တသိနဲ႔ ဂ႐ုစိုက္တတ္တဲ့ ကိုၾကီးေတြက ကိုယ့္ထက္အရာရာမွာ သိတတ္နားလည္တတ္သူေတြပါ။

အေကာင္း၊ အဆိုးကို နားလည္လာေအာင္ အျမဲေသ႐ွာ႐ွင္းျပတတ္ၿပီး ကိုယ့္ကိုေအာင္ျမင္လာေအာင္ အျမဲပံ႔ပိုးေပးတတ္သူေတြ ျဖစ္ၾကပါတယ္။

ဘယ္လိုေနရာ၊ ဘယ္လိုပြဲမ်ိဳးမဆို ကိုႀကီးေတြနဲ႔ တြဲသြားဖို႔ အဆင္ေျပပါတယ္။

အရာရာ ျပည့္စံုတယ္

ကိုႀကီးေတြက သူတို႔ရဲ႕ စီးပြါးေရးမွာလည္း အေျခအေနတစ္ခုတစ္ခုနဲ႔ အတည္တက်ျဖစ္ေနတဲ့ သူေတြျဖစ္ၾကပါတယ္။

လူမႈေရးေရာ၊ စီးပြါးေရးဖက္မွာလည္း ေအာင္ျမင္ေနၾကတဲ့ ကိုၾကီးေတြက အရမ္းကို perfect ပါေနာ္။

Myanmar Wedding Guide

 

jjjj

Read times Last modified on Wednesday, 26 February 2020 16:59
Rate this item
(2 votes)
Tagged under