ပုရိသတွေအမြင်မှာ စွဲဆောင်မှု ရှိလွန်းနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အမူအကျင့်များ

ပုရိသတွေအမြင်မှာ စွဲဆောင်မှု ရှိလွန်းနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အမူအကျင့်များ

ယောကျာ်းလေး တစ်ယောက်နဲ့ တစ်ယောက်က အကြိုက်ချင်းလည်း မတူညီနိုင်သလို အမြင်ချင်းလည်း ကွဲပြားတတ်ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ မျက်လုံးထဲမှာ တူညီစွာ မြင်တတ်တဲ့အချက်တွေလည်း ရှိပါတယ်။ ယောကျာ်းလေးအများစုက ဒီလိုအမူအကျင့်တွေရှိနေတဲ့ မိန်းကလေးမျိုးတွေကို ပိုပြီးဆွဲဆောင်မှုရှိတဲ့ သူတွေအဖြစ် မြင်တတ်ကြပါတယ်။

 

သဘာဝဆန်ဆန် နေတတ်မှု


ယောကျာ်းလေးအများစုက သဘာဝဆန်ဆန်နေတတ်တဲ့ မိန်းကလေးတွေကို ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ မြင်တတ်ပြီး ပိုစိတ်ဝင်စားတတ်ကြပါတယ်။ ဟန်ဆောင်မှုတွေ မရှိပဲ ပွင့်လင်းတဲ့ကောင်မလေးမျိုး၊ ရယ်စရာရှိရင် ရယ်မောတတ်ပြီး သူတို့ရဲ့ ခံစားချက်တွေအတိုင်း ပြုမူတတ်တဲ့မိန်းကလေးတွေက ယောကျာ်းလေးတွေရဲ့ အမြင်မှာတော့ အရမ်းကို ဆွဲဆောင်မှု မြင့်မားတတ်ပါတယ်။

 

Forgiveness Definition | What Is Forgiveness

 

ကြင်နာတတ်တဲ့ သူ

ယောကျာ်းလေးတွေရဲ့ သဘောအကျဆုံးအချက်တွေထဲမှာ ကြင်နာမှုရှိတဲ့ မိန်းကလေးတွေပါပါတယ်။ တစ်ဘက်လူအပေါ် ကြင်နာတတ်တဲ့ မိန်းကလေးမျိုးက ယောကျာ်းလေးတွေရဲ့ မျက်လုံးထဲမှာ အရမ်းကို ဆွဲဆောင်မှုမြင့်မားတတ်ပါတယ်။ စိတ်ကောင်းရှိပြီး ကြင်နာတတ်တဲ့ မိန်းကလေးတွေကို ယောကျာ်းလေးတွေက သတိမထားမိပဲကို မနေနိုင်ပါဘူး။

 

5 Foreign Girls' Real Opinions of Japanese Guys: What Makes a ...

 

အမှီအခိုင်ကင်းကင်း နေထိုင်တတ်မှု


ယောကျာ်းလေးတွေက သူများကို တစ်ချိန်လုံး မှီခိုနေတတ်တဲ့ ကောင်မလေးတွေထက် ကိုယ့်အားကိုယ်ကိုးပြီး အမှီအခိုကင်းကင်းနဲ့ ရပ်တည်တတ်တဲ့ မိန်းကလေးတွေကို ပိုသဘောကျတတ်ကြပါတယ်။ သူများကိုပဲ တစ်ချိန်လုံး အားကိုးနေတတ်တဲ့ မိန်းကလေးတွေက ယုံကြည်မှုနည်းတဲ့ ပုံပေါ်စေပြီးတော့ အမှီအခိုကင်းကင်းနဲ့ ဘဝကိုဖြတ်သန်းတတ်တဲ့ မိန်းကလေးတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိပြီး သွက်လက်ထက်မြက်ကြပါတယ်။

 

4 techniques to make anyone fall in love with you

နားထောင်ကောင်းတတ်သူ


ယောကျာ်းလေးတွေက သူတို့ရဲ့ စကားတွေကို အာရုံစိုက် အလေးထား နားထောင်ပေးတတ်တဲ့ မိန်းကလေးတွေကို ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ မြင်တတ်ကြပါတယ်။ ကိုယ်ပြောချင်တာပဲ ပြောနေတတ်တဲ့ သူမျိုးမဟုတ်ပဲ သူတို့ပြောချင်တာတွေကိုလည်း အလေးအနက်ထားပြီး သေချာနားထောင်ပေးတတ်တဲ့ မိန်းကလေးတွေက သူတို့အပေါ် ပိုနားလည်နိုင်စွမ်းရှိတယ်လို့ မြင်တတ်ကြတဲ့ အတွက်ပါ။

 

 

ကဲ အပေါ်ကအချက်လေးတွေကို Wedding Guide ရဲ့ ညီမလေး နဲ့ မမတွေဖတ်ပြီးပြီ ကိုယ့်ရဲ့လိုအပ်ချက်လေးတွေကို လေ့လာပြီး ပြောင်းအလဲလေးလုပ်လိုက်မယ်ဆိုရင် ကိုယ့်ချစ်သူက ခုထပ်ပိုပြီးချစ်လာမှာ အသေအချာပဲနော်။

 

 

Source: Shwe Mon

Read times
Rate this item
(2 votes)